Connect with us

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် (၁/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

BREAKING NEWS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် (၁/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

၁။ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒိီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမာစွာ ကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။

၂။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဖြစ်သော်လည်း ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒ်ီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ဆိုး၀ါးစွာလွဲမှား နေသည့် မဲစာရင်းများဖြစ်ခဲ့သဖြင့် ဒိီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ပြည်သူ့ထံမှ အချုပ်အခြာအာဏာ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်နေပါသည်။

၃။ မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေး များကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့်အပြင် ပြည်သူ့လွှတ်တော်အစည်းအဝေးအစီအစဥ်များ ထုတ်ပြန်ကာ အစီအစဥ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ဆောင်ရွက်မှု များကြောင့် မြန်မာနိုင်ငံ၏ မြို့/ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံပွဲအလံ လွှင့်ထူခြင်းများ အပါအ၀င် လှုံ့ဆော်မှု မျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို များစွာထိခိုက်စေလျက်ရှိသည်။

၄။ အဆိုပါပြဿနာကို မှန်ကန်စွာ ဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒိီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၄၁၇အရ နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာလိုက်သည်။

၅။ မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအ၀င် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လွှဲအပ်တာ၀န်ပေးလိုက်သည်။

၆။ အရေးပေါ်အ​ခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်၀ှမ်း ဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇အရ ဤအမိန့်ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်လိုက်သည်။

ပုံ (မြင့်ဆွေ)

ယာယီသမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

Source: https://m.facebook.com/story.php?story_fbid=3600537806660596&id=813476528700085

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in BREAKING NEWS

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.