Connect with us

ကိုရိုနာ ဆက်ဖြစ်သော်လည်း နိုင်ငံတကာ စိုက်ပျိုးရေးကုန်သွယ်မှုကဏ္ဍ တိုးတက်

HEALTH

ကိုရိုနာ ဆက်ဖြစ်သော်လည်း နိုင်ငံတကာ စိုက်ပျိုးရေးကုန်သွယ်မှုကဏ္ဍ တိုးတက်

“အစားအစာသည်မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်း၁ခုဖြစ်တာကြောင့်စိုက်ပျိုးရေးကုန်သွယ်မှုကဏ္ဍသည် ကူးစက်ပျံ့နှံ့မှုများကြားမှစျေးကွက်အပြောင်းအလဲကိုသိသိသာသာခံနိုင်ရည်ရှိခဲ့ပါတယ်”လို့ တက္ကသိုလ်ရဲ့နှစ်ပတ်လည်စိုက်ပျိုးရေးညီလာခံတွင်အိုဟိုင်းယိုးပြည်နယ်ပါမောက္ခ Ian Sheldon ကဆိုပါတယ်။ထို့ကြောင့်ကျန်းမာရေးအကျပ်အတည်းဖြစ်ခြင်းက ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာကိုအကျပ်အတည်းဖြစ်ပေါ်စေနိုင်သည့်အကြောင်းပြချက်မရှိပါဘူး။ကိုရိုနာရောဂါနှင့်အတူစီးပွားရေးကျဆင်းမှုကြောင့်ပြီးခဲ့သည့်ဆောင်းရာသီနှင့်နွေဦး ပေါက်ရာသီတို့တွင် ကုန်စည်အများစုအတွက်အဓ်ိကကျသောစျေးကွက်ပေါက်စျေးများကျဆင်းခဲ့ရပါတယ်။
မေလကုန်တွင်ကမ္ဘာအ ၀ှန်းတင်ပို့မှုဟာယခင်နှစ်ထက် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ဒေသကိုလိုက်ပြီးကွဲပြားမှုတွေလည်းရှိခဲ့ပါတယ်။အထင်ရှားဆုံးမှာတောင်အမေရိကဟာဘရာဇီးရဲ့ပဲပုပ်စိုက်ပျိုးရေးမှအကျိုးအမြတ်ရရှိခဲ့ပေမယ့်လို့ ဥရောပနှင့်မြောက်အမေရိကတို့တွင်မူ ၄ ရာခိုင်နှုန်းနှင့်အထက်ကျဆင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း WTOကယခုနှစ်တွင်ကမ္ဘာကုန်သွယ်မှုရဲ့၉.၂ ရာခိုင်နှုန်းထိကျဆင်းမယ်လို့ခန့်မှန်းထားပါတယ်။

Sheldon ကလယ်ယာကုန်သွယ်မှုကဏ္ဍသည်ကုန်သွယ်ရေးအခြေအနေမည်သို့ပင်ရှိစေကာမူအစားအစာဟာ မရှိမဖြစ်လိုအပ်သောကြောင့်အခက်အခဲများကိုအေးဆေးကျော်လွှားနိုင်မှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ထို့အပြင်ကုန်ကြမ်းများ [အစေ့များနှင့်ဆီထွက်သီးနှံများ]အမြောက်အများအားသယ်ယူပို့ဆောင်ရေးဟာဆိုရင် အသားနှင့်နို့ထွက်ပစ္စည်းများလောက်စင်စစ်အားဖြင့်အကြီးအကျယ်အခက်အခဲမဖြစ်ပါဘူး။

စက်တင်ဘာ ၃၀ ရက်တွင်ကုန်ဆုံးသည့်ဘဏ္ဍာရေးနှစ်အရလယ်ယာထွက်ကုန်တင်ပို့မှုမှာအမေရိကန်ဒေါ်လာ ၁၃၅.၉ ဘီလီယံရှိခဲ့ပြီး ၂၀၁၁ခုနှစ် ဘဏ္ဍရေးနှစ်တွင်ရသောဒေါ်လာ ၁၃၅.၅ ဘီလီယံထက်အနည်းငယ်ပိုများခဲ့ကြောင်း USDA ရဲ့အချက်အလက်များအရသိရပါတယ်။ကပ်ရောဂါမတိုင်မီနှစ်ကုန်ခါနီးတွင်USDA ခန့်မှန်းထားသည့် စုစုပေါင်းထက် ၃ ရာခိုင်နှုန်းနည်းပါတယ်။

ကူးစက်ရောဂါဟာအမေရိကန်ရဲ့စိုက်ပျိုးရေးကုန်သွယ်ရေး၊ တင်ပို့မှုနှင့်တင်သွင်းမှုတို့တွင်မည်သည့်နေရာမှအဓိကပြောင်းလဲမှုများကိုဖြစ်စေမှာမဟုတ်ဘူးလို့ Sheldon မှပြောကြားခဲ့ပါတယ်။နွေ ဦး ရာသီတွင် စျေးကွက်ကျဆင်းမှုများဖြစ်ပေါ်ပြီးနောက် မကြာမှီမှာပဲ ပြန်လည်တိုးတက်လာမှုများဖြစ်ပွားခဲ့ပါတယ်။(ပို့ကုန်)တင်ပို့မှုက“ လွန်ခဲ့သောသုံးလမှလေးလအတွင်းအများအပြားတိုးလာခြင်းကြောင့် (သွင်းကုန်)တင်သွင်းမှုသည် ၂၀၁၉ ခုနှစ်နှင့်အတူတူနီးပါးဖြစ်နေပြီဖြစ်သည်။

ပို့ကုန်ပမာဏကိုတော့ ၂၀၂၁ခုနှစ် ဘဏ္ဍရေးနှစ်တွင်အမေရိကန်ဒေါ်လာ ၁၄၀.၅ ဘီလီယံအထိပုံမှန်တိုးတက်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ ဒါဟာအပြုသဘောဆောင်တဲ့အမြင်ဖြစ်ပါတယ်။

အဆိုပါ “အဆင့်တစ်” ကုန်သွယ်ရေးသဘောတူညီချက်အရ ယခုနှစ်တွင်အမေရိကန်ပြည်ထောင်စုအစားအစာ, စိုက်ပျိုးရေးနှင့်ပင်လယ်ထွက်ကုန်ပစ္စည်းများ၏ $ 36.6 ဘီလီယံကိုတင်သွင်းဖို့ကိုတရုတ်ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒါဟာ ဤဆယ်စုနှစ်အစောပိုင်းကတည်းကရောင်းအားတဖြည်းဖြည်းကျဆင်းသွားသည်ကို သိသောSheldonရဲ့ အမြင်မှာတော့ အလွန်အကောင်းမွန်သောတိုးတက်မှု ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုသည်စိုက်ပျိုးရေးတင်ပို့မှုနှင့် ပတ်သက်၍ တရုတ်ထက်အခြားစျေးကွက်များကိုစဉ်းစားဖို့လည်းလိုကောင်းလိုလိမ့်မယ်။ ”လို့ပြောကြားခဲ့ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.