Connect with us

ကျန်းမာရေးအတွက်ကောင်းမွန်သော ဆလပ်ရွက်ကိုဘယ်လိုစိုက်ပျိုးကြမလည်း?

HEALTH

ကျန်းမာရေးအတွက်ကောင်းမွန်သော ဆလပ်ရွက်ကိုဘယ်လိုစိုက်ပျိုးကြမလည်း?

အာရှမိုင်းနား၊ အီရန်နှင့် တူရကီတို့ဟာ ဆလပ်ရွက်စတင်စိုက်ပျိုးတဲ့မူရင်းဒေသတွေဖြစ်ပါတယ်။

အမေရိကန်နှင့် ဥရောပနိုင်ငံတွေသာမက ကမ္ဘာအနှံ့ပြားတွင် ဆလပ်ရွက်ကို စိုက်ပျိုးစားသောက်ကြပါတယ်။

စီးပွားဖြစ်အများဆုံးစိုက်ပျိုးကြတဲ့ ဆလပ်မျိုး၅မျိုးရှိပါတယ်။ the crisphead, the butterhead, the cos or romaine, the leaf or bunching,နှင့် the stemတို့ဖြစ်ပါတယ်။ အရွက်အရောင်အားဖြင့် အစိမ်းရောင်နှင့် အနီရောင်ဆိုပြီး ၂မျိုးရှိပါတယ်။

ဆလပ်ရွက်ရဲ့အားသာချက်တခုက ​မြေအမျိုးမျိုုးမှာစိုက်ပျိုးနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ သတိထာရမယ့်အရာတွေလည်းရှိပါတယ်။အကောင်းဆုံးမြေတွေကတော့ သဲနုန်း သို့မဟုတ် နွားချေးမြေဆွေး ကောင်းကောင်းပေးထားသောနုန်းမြေတို့ဖြစ်ပါတယ်။ ရေမ၀ပ်တဲ့  ခဲမြေမှာလည်းစိုက်ပျိုးလို့ရပါတယ်။ အချဥ်ဓာတ်များတဲ့မြေတွေမှာတော့ ကောင်းစွာမဖြစ်ထွန်းပါဘူး။ ဆလပ်စိုက်ပျိုးမည့် မြေဟာ အစိုဓာတ်ကောင်းစွာ ထိန်းနိုင်ရန်အရေးကြီးသော်လည်း ရေမ၀ပ်စေရပါဘူး။

တစ်လတွင် ပျမ်းမျှ (၁၂-၁၅) ဒီဂရီစင်တီဂရိတ်အတွင်းရှိသောရာသီချိန်မှာစိုက်ပျိုးဖို့အကောင်းဆုံးဖြစ်ပါတယ်။ ပူအိုက်သောရာသီမှာစိုက်ပျိုးရင် အပင်ကိုငယ်စေပါတယ်။အရွက်ရဲ့အရသာလည်းခါးသက်သက်ဖြစ်စေပြီး  ရွက်ဖျားခြောက်တာ၊ ပုပ်တာတို့ဖြစ်တတ်ပါတယ်။မြေအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် အထက်ရှိပါက ဆလပ်စေ့ဟာကောင်းစွာ မပေါက်နိုင်တော့ပါဘူး။

ဆလပ်ရွက်ကိုအချို့ကလည်း ပျိုးထောင်ပြီးမှ စိုက်ပျိုးသလို အချို့ကလည် တိုက်ရိုက်စိုက်ပျိုးကြပါတယ်။ သြဂုတ်နဲ့စက်တင်ဘာလတွေမှာ တိုက်ရိုက်စိုက်နိုင်ပြီး အောက်တိုဘာ၊ နို၀င်ဘာကဲ့သို့သောအခုလိုချိန်တွေမှာ ပျိုးထောင်ပြီးစိုက်ပျိုးနိုင်ပါတယ်။ပျိုးပင်များ ၆ပတ်မှ ၈ပတ်သားလောင်းအရွယ်မှ စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်နိုင်ပါတယ်။

တစ်ဧကအတွက်မျိုးစေ့ ၁၀၀မှ၁၅၀ ဂရမ်လိုအပ်ပါတယ်။ ​တစ်ဧကအတွက် မြေသြဇာအနေနဲ့ နွားချေး၁၀မှ ၁၅တန်၊ယူရီးယား၂၂၄ပေါင်၊တီစူပါ၁၁၂ပေါင်၊ ပိုတက်ရှ်၅၆ပေါင်တို့ကိုအသုံးပြုနိုင်ပါတယ်။

​ဆလပ်မျိုးစေ့လေးများမှာသေးငယ်လွန်းတာကြောင့် မြေကိုထွန်ရေညက်အောင်ထွန်ပြီးစိုက်ပျိုးရပါမယ်။ဒါမှ အစိုဓာတ်ကောင်းမွန်စွာ ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ရေသွင်းစိုက်ပျိုးမည့်သူများအတွက်က ဘောင်နိမ့်များ အရှည်လိုက်ပြုလုပ်ပြီး တစ်ခုနှင့်တစ်ခုကြားမှာရေသွင်းမြောင်းပြုလုပ်ရပါမယ်။ ဘောင်အကျယ်မှာ ၁၈မှ၂၀လက်မခန့် ရှိရမည်ဖြစ်ပြီး ဘောင်၁ခုမှာ ၂တန်းစိုက်ပျိုးနိုင်ပါတယ်။ မိုးတွင်းစိုက်မယ်ဆိုရင်တော့ ရေမ၀ပ်ဖို့အတွက် ၎င်းထက်မြင့်သောဘောင်ကို ပြုလုပ်ပေးရပါမယ်။

စိုက်ပျိုးနည်း

ဘောင်၁ခုလျှင် ၁၆မှ ၁၈လက်မခြားပြီးစိုက်တန်းကိုလက်ချောင်းဖြင့် အလျားလိုက် ခပ်တိမ်တိမ်ဆွဲရပါမယ်။စိုက်ကြောင်းထဲသို့ မျိုးစေ့ကို ပါးပါးချပြီး မြေဖို့၍လက်ဖြင့်အသာယာဖိပေးရပါမယ်။

အပင်လေးတွေပေါက်လာပြီဆိုရင် တစ်ပင်နှင့် တစ်ပင် ၁လက်မခန့်ခွာပြီး ညှပ်နေသောအပင်လေးများကိုနှုတ်ပေးရပါမယ်။ ၁၀ရက်ခန့်ကြာတဲ့အခါမှာတော့ ၁ပင်ခြား ၁ပင်ခြားနှုတ်ပစ်ရပါမယ်။ဆက်လက်ပြီးအပင်များကြပ်လာတဲ့အခါတိုင်း တစ်ပင်ခြားစီနှုတ်ပေးခြင်းဖြင့်ရရှိလာသောအပင်များကိုရောင်းချနိုင်ပါတယ်။

အပင်ပြုစုတဲ့အခါသိထားသင့်သည့်အချက်များ

ဆလပ်စိုက်ပျိုးတဲ့အခါပေါင်းချနိုင်ဖို့အရေးကြီးပါတယ်။ အမြစ်ဟာ မြေအပေါ်ယံမှာသာရှိတာကြောင့် ပေါင်းလိုက်တဲ့ခါမှာလည်းအမြစ်များ  မထိခိုက်မိဖို့အရေးကြီးပါတယ်။စိုက်ပျိုးပြီ ၁လအကြာမှာ ဒုတိယအကြိမ် နိုက်တြိုဂျင် ဓာတ်မြေသြဇာထည့်ပေးရပါမယ်။

ရေသွင်းစိုက်ပျိုးတဲ့ခါမှာလည်း ရေ၀ပ်ပြီးအစိုဓာတ်များတဲ့အခါအမြစ်ပုပ်တတ်တာကိုသတိထားရပါမယ်။

ဘယ်လိိုရိတ်သိမ်းမလည်း?

ဆလပ်အထုပ်မျိုးကို ရောင်းချဖို့စိုက်ပျိုးလျှင် အထုပ်အရွယ်ရောက်ပြီးတင်းလာတဲ့အခါမှာ စတင်ခူးနိုင်ပါတယ်။ အကယ်၍ အိမ်သုံးစားဖို့အတွက်စိုက်ပျိုးတာဆိုရင်တော့ စတင်ထုပ်သည့်အချိန် သို့မဟုတ် မထုပ်မီ အရွက်များကို ခူးစားနိုင်ပါတယ်။  ရွက်ပြန့်မျိုးကိုရိတ်သိမ်းတဲ့အခါမှာ အပင်မှုန်းချိန်မှာစတင်ခူးနိုင်ပါတယ်။ အပင်သက်တမ်းတ၀က်ရောက်လျှင် စတင်ရောင်းချနိုင်ပြီဖြစ်၍ အပင်မှုန်းရာတွင်အကြီးဆုံး အပင်များကိုသာရွေးချယ်ပြီး ရောင်းချရပါမယ်။

သတိထားရမည့်အချက်များ

ဆလပ်ပေါ်တွင် မိုးရေများ နှင်းများရှိနေလျှင် ဆွတ်ခူးဖို့မသင့်တော်ပါဘူး။

ဆလပ်ရွက်များရေစိုနေပါက ကြွတ်ဆတ်နိုင်တာကြောင့်ကိုင်တွယ်ရာမှာကျိုးပဲ့တတ်ပါတယ်။

ဆလပ်ပင်ရဲ့ အရွက်များရောဂါကျနေပါကဖယ်ရှားပစ်ဖို့လိုပါတယ်။ အခြားပင်တွေပါရောဂါပျံ့ပွားတတ်တာကြောင့်ဖြစ်ပါတယ်။

သိုလှောင်မှု

ဆလပ်ဟာသိုလှောင်ရတဲ့အရွက်မဟုတ်သော်လည်းအချို့သောနိုင်ငံတွေမှာ ဆလပ်လှိုင်လှိုင်ပေါပြီးနောက်  ရုတ်တရက်ရှားသွားတတ်သဖြင့် စျေးကောင်းကို ချိန်ပြီးသိုလှောင်တတ်ကြပါတယ်။ ဆလပ်ကို ရေခဲမှတ်အပူချိန် ၃၂ဒီဂရီဖာရင်ဟိုက် တွင် ၃ပတ်မှ ၄ပတ်ကြားသိုလှောင်နိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in HEALTH

  • HEALTH

    ဆရာဝန်ကရိုင်းစိုင်းသောတဲများနှင့်အတူရိုင်းစိုင်းသော Tiktoks ကိုတုံ့ပြန်သည်

    By

    https://www.youtube.com/watch?v=_K5cpvgbu38 [/ embed] Tiktok သည်သန်းပေါင်းများစွာသောကျန်းမာရေးအခြေအနေများနှင့် ပတ်သက်. ပညာရှိအကြံဥာဏ်များမပါဘဲ Tiktok မဟုတ်ပါ။ ဒါပေမယ့်ပိုပြီးရယ်စရာကောင်းတဲ့နဲ့ overlandish တောင်းဆိုမှုတွေကမိုင်တစ်မိုင်ကိုတွေ့နိုင်မှာပါ။ မကြာသေးမီက GUT ကျန်းမာရေး Tiktoks...

  • HEALTH

    အဝလွန်ခြင်းနှင့်စိတ်ဖောက်ပြန်မှုအကြားထိတ်လန့်

    By

    https://www.youtube.com/watch?v=7Gudkeboxus [/ embed] ကျန်းမာရေး Chronicle သည်အပတ်စဉ်ကျန်းမာရေးပညာရေးဆိုင်ရာဗွီဒီယိုများကိုတစ်ပတ်ကြာထုတ်ပြန်ခဲ့သည်။ Subscribe ဒီနေရာမှာ – goo.gl/acbmww ကျေးဇူးပြု. Health Chronicle ကိုစာရင်းသွင်းပါ။ ဒီဗီဒီယိုနဲ့ပတ်သက်ပြီးမှတ်ချက်ပေးပါ။ ဤဗီဒီယိုကိုသင်၏မိသားစုနှင့်သူငယ်ချင်းများနှင့်မျှဝေပါ။...

  • HEALTH

    အာလူးပြုတ်နှင့်ဟင်းသီးဟင်းရွက်များပြုတ်

    By

    https://www.youtube.com/watch?v=QCPBBSBSBSBSB8G [/ embed] ကျန်းမာရေး Chronicle သည်အပတ်စဉ်ကျန်းမာရေးပညာရေးဆိုင်ရာဗွီဒီယိုများကိုတစ်ပတ်ကြာထုတ်ပြန်ခဲ့သည်။ Subscribe ဒီနေရာမှာ – goo.gl/acbmww ကျေးဇူးပြု. Health Chronicle ကိုစာရင်းသွင်းပါ။ ဒီဗီဒီယိုနဲ့ပတ်သက်ပြီးမှတ်ချက်ပေးပါ။ ဤဗီဒီယိုကိုသင်၏မိသားစုနှင့်သူငယ်ချင်းများနှင့်မျှဝေပါ။...

  • HEALTH

    တုပ်ကွေးဗိုင်းရပ်စ်ကာကွယ်ဆေးများဖွဲ့စည်းမှုအပေါ်ကွန်ဖရင့်ကိုနှိပ်ပါ

    By

    https://www.youtube.com/watch?v=ocqbyb4noxoo [/ embed] တုပ်ကွေးဗိုင်းရပ်စ်များသည်အဆက်မပြတ်တဖြည်းဖြည်းတိုးတက်လာပြီးထိရောက်မှုကိုထိန်းသိမ်းရန်ပုံမှန်ကာကွယ်ဆေးအသစ်များလိုအပ်သည်။ တစ်နှစ်လျှင်နှစ်ကြိမ်ကျွမ်းကျင်သူများကိုကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်ရေးအချက်အလက်များကိုဆန်းစစ်ရန်နှင့်လာမည့်တုပ်ကွေးရောဂါအတွက်ကာကွယ်ဆေးရေးရာဖွဲ့စည်းမှုကိုထောက်ခံသူများကိုအတူတကွစုစည်းရန်ကြိုးစားသည်။ လာမည့်မြောက်ဘက်ခြမ်းတုပ်ကွေးရောဂါရာသီအတွက်အကြံပြုထားသောကာကွယ်ဆေးဖွဲ့စည်းမှုကိုကြေငြာခြင်းနှင့် ပတ်သက်. ကျွန်ုပ်တို့၏သတင်းစာရှင်းလင်းပွဲတွင်ဆက်သွယ်ပါ။

  • HEALTH

    Live: မြောက်ပိုင်း hemisphere တုပ်ကွေးကာကွယ်ဆေးဖွဲ့စည်းမှုကို 2025-26 တွင်မည်သူတွေ့ဆုံမည်နည်း

    By

    https://www.youtube.com/watch?v=kgtmlmlmible [/ embed] 2025-2026 မြောက်ပိုင်း hemisphere တုပ်ကွေးရာသီတွင်အသုံးပြုမှုအတွက်တုပ်ကွေးဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခြင်းဆိုင်ရာသတင်းအချက်အလက်များကိုမည်သူမှတ်ပုံတင်ခြင်းဆိုင်ရာတွေ့ဆုံဆွေးနွေးရေး

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.