Connect with us

သင်၏မြေဆီလွှာကျန်းမာရေးနှင့်ပက်သက်သောအမေးအဖြေများ

HEALTH

သင်၏မြေဆီလွှာကျန်းမာရေးနှင့်ပက်သက်သောအမေးအဖြေများ

မြေဆီလွှာကျန်းမာရေးဆိုင်ရာအလေ့အကျင့်များ၊အခြေခံမူများနှင့်ပတ်သက်၍ မေးခွန်းများစွာရှိပါတယ်။အဲ့ထဲကမှအရေးကြီးသောအချက်များကို​ဖော်ပြလိုက်ပါတယ်။

ထွန်ယက်လုပ်ကိုင်ခြင်းကိုလျှော့ချပြီးနောက်ဘာပြောင်းလဲချက်တွေမျှော်လင့်လို့ရနိုင်လည်း?

အာဂျင်တီးနားသိပ္ပံပညာရှင်လယ်သမားတစ်ဦးဖြစ်သူ Roberto Peiretti ကယခုလိုပြောကြားခဲ့ပါတယ်။”လွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင်က ထွန်ယက်လယ်လုပ်ခြင်းကြောင့်မြေယာပျက်စီးခြင်းကို ယခုချ်ိန်မှာ ကျွန်တော်တို့ပြန်ပေးနိုင်တဲ့အရာမရှိပါဘူး၊ ထွန်ယက်စိုက်ပျိုးမှုကိုလျှော့ချခြင်းနှင့်သီးနှံအတွက်လိုအပ်သော အကာကွယ်ပေးခြင်းက မြေသြဇာကောင်းသောမြေဆီလွှာကိုထိန်းသိမ်းရန်မရှိမဖြစ်လိုအပ်ပါတယ်။ သတင်းကောင်း၁ခုကတော့ မထွန်ရက်ထားသောမြေဟာ ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပေးရုံသာမကတောင်သူများအား ပိုမို၍ ရေရှည်တည်တံ့ခိုင်မြဲစေရန်ကူညီနိုင်သကဲ့သို့အတိတ်ကအမှားများကိုလည်းပြန်လည်ပြုပြင်ပေးနိုင်ပါတယ်”။

Peiretti ရဲ့အာဂျင်တီးနားရှိလယ်ယာမြေများတွင် နှစ်စဉ်ကောက်ပဲသီးနှံများထုတ်လုပ်ခြင်းကြောင့်ပျက်စီးတာထက်တိုက်စားခြင်းကြောင့်မြေဆီလွှာတန်ချိန်များစွာဆုံးရှုံးခြင်းကို​ပြောကြားခဲ့ပါတယ်။ “ဒါကလူသားမျိုးနွယ်တ်ိုင်းမတတ်နိုင်တဲ့အရာပဲ”လို့သူကဆိုပါတယ်။

မြေဆီလွှာရဲ့ကျန်းမာရေးကိုတည်ဆောက်ရန်အတွက်ဘယ်လိုကောက်ပဲသီးနှံတွေမရှိမဖြစ်လိုအပ်လည်း?

ဒီမေးခွန်းနဲ့ပက်သက်လို့ North Dakota State University မှမြေဆီလွှာသိပ္ပံပညာရှင် Caley Gasch ကသီးနှံမဟုတ်ဘဲမျိုးစိတ်တစ်ခုလိုတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နှံစားသီးနှံကဲ့သို့သော အုတ်ဂျုံ၊ ရိုင်းစပါး၊ဂျုံပင်တို့ဟာ သေပြီးသောအခါအသစ်ပြန်ဖြစ်လာသည့်ကြီးမားသောရေသောက်မြစ်တစ်ခုထက်ကောင်းသော အမြစ်စနစ်များပါရှိကြပါတယ်။ ဒိီအပင်တွေရဲ့အမြစ်စနစ်များဟာဇီဝလောင်စာကိုမြေအောက်တွင် ပို၍ ချထားကြတာဖြစ်ပါတယ်။အမြစ်များဟာအမှန်တကယ်မြေဆီလွှာအမှုန်များကိုပြောင်းလဲစေပြီးမြေဆီလွှာအတွက်လိုအပ်တဲ့ရေကိုပိုမိုထိရောက်စွာကိုင်တွယ်နိုင်ရန်အတွက်နေရာဖန်တီးပေးကြတာလည်းဖြစ်တယ်။
သင်မြေဆီလွှာကျန်းမာရေးကိုပိုမိုမြန်ဆန်စွာတိုးတက်ချင်တယ်ဆိုရင်တော့ ဂျုံ၊စပါးသီးနှံနည်းငယ်ကိုတလှည့်စီစိုက်ပျိုးပေးသင့်ပါတယ်။

မြေဆီလွှာဆိုင်ရာဇီဝဗေဒနဲ့ပက်သက်လို့ ဘယ်လိုစတင်နိုင်လည်း?

အပေါ်ကပြောသွားတဲ့လုပ်ငန်းစဥ်တွေနဲ့အဆင်ပြေပြိီဆိုရင် မြေဆိီလွှာကျန်းမာရေးမြှင့်တင်ဖို့တို့အတွက် အတန်းလိုက်စိုက်ပျိုပေးခြင်း (intercropping)နှင့် ထွန်ယက်ထားသောမြေထက်နွေးသောမြေမျက်နှာပြင်ပေါ်မှာစိုက်ပျိုးနည်းဖြစ်တဲ့(bio strip till)တို့ကိုပြုလုပ်သင့်ပါတယ်။ intercroppingနည်းဖြင့် စုပေါင်းညှိနှိုင်းလုပ်ဆောင်တဲ့အကျိုးသက်ရောက်မှုဟာတစ်ဧကရဲ့၀င်ငွေစုစုပေါင်းကို ပိုမိုရရှိစေပါတယ်လို့ပြောကြားခဲ့ပါတယ်။

Continue Reading
Advertisement
You may also like...

More in HEALTH

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.