Connect with us

သမိုင်း ဆိုတာ ‘အတိတ်ကို လေ့လာတဲ့ပညာ’ လို့ ပြောရင် မလုံလောက်ဘူး။ သမိုင်းဆိုတာ ‘ခေတ်အလိုက် အပြောင်းအလဲ‌’တွေကို လေ့လာတဲ့ ပညာပဲ။

history-is-study-of-change.jpg

LIFE

သမိုင်း ဆိုတာ ‘အတိတ်ကို လေ့လာတဲ့ပညာ’ လို့ ပြောရင် မလုံလောက်ဘူး။ သမိုင်းဆိုတာ ‘ခေတ်အလိုက် အပြောင်းအလဲ‌’တွေကို လေ့လာတဲ့ ပညာပဲ။

ဆရာကြီး ဒေါက်တာသန်းထွန်းက ရေးခဲ့တယ်။ သမိုင်းကို သင်တာ မအ အောင်သင်တာတဲ့ဗျ။ ကျွန် တော်က ထောက်ခံရေးချင်တယ်။ ဆရာကြီးရဲ့ ဖော်မြူလာအတိုင်း၊ သမိုင်းကို သေချာမသင်ရင် “လူအ” ဖြစ်မယ်။ သမိုင်းကို သေချာသင်ရင် “လူလည်” တောင် ဖြစ်လာလိမ့်မယ်။ ကိုယ့်သမိုင်း မြန်မာ့ သမိုင်းလောက်တင် လေ့လာလို့ကတော့ လူလည် မဖြစ်နိုင်ဘူးပေါ့ ခင်ဗျာ။ လူလည် ဖြစ်ချင်ရင် တစ်ကမ္ဘာလုံး သမိုင်းကို လေ့လာဘို့‌တော့ လိုမှာပေါ့။?? ဒါမှ မြန်မာနဲ့ ကမ္ဘာနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး တွေးခေါ်တတ်မှာပါ။
.
အမှန်တော့ ကျွန်တော်က IT သမားပါ။ သမိုင်းကို တူးဆွတာ တကယ်တော့ ကျွန်တော့် အလုပ်မဟုတ်ပါဘူး။ ကျွန်တော် အလုပ်အားရက်မှာ အပျော်လုပ်တဲ့ ဝါသနာပါ။ (တကယ်လုပ်ရမှာက မြန်မာ သမိုင်းကော်မရှင်က လုပ်ရမှာတွေပါ။) ★ ကျွန်တော်က ငယ်ငယ်လေး ကတည်းက စူးစမ်းချင်တဲ့ စိတ်ပြင်းပြခဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ life-long traveler လည်း ဖြစ်ပါတယ်။ မရောက်ဖူးတဲ့ ဒေသ၊ မစားဖူးတဲ့ အစားအစာ၊ မသိသေးတဲ့ သမိုင်း ကြောင်းတွေကို စူးစမ်း explore လုပ်ရတာတွေဟာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားဘို့ အကောင်းဆုံး adventure တွေပါပဲ။ ★ ဒီလို ရေးဖြစ်တာ နောက်တစ်ချက်က ကျွန်တော်တို့ အားလုံးကို ပိတ်လှောင်ထားတဲ့ Covid19 ပါ။ နံရံတွေ ဥပဒေတွေက လူကို ထောင်ချထားတဲ့အချိန်မှာ အင်တာနက်ကို သုံးပြီး ကမ္ဘာပတ်ရတာ ဘယ်လောက် ကောင်းသလဲဗျာ။ ★ အရေးအကြီးဆုံး နောက်တစ်ချက်က- စူးစမ်းလေ့လာထားတဲ့ ဒီရှာဖွေတွေ့ရှိမှုတွေကို အများအတွက် မမျှနိုင်ခင်မှာ၊ ကျွန်တော် ကိုဗစ်လှိုင်းထဲ ပါပြီးများ လျှောသွားရင် 🙂 အများမသိလိုက်ပဲ ပြန်ပျောက်သွားမှာ စိုးတဲ့ စေတနာပါ။ ဒါကြောင့် retire လုပ်မှ ရေးမယ်လို့ စိတ်ကူးထားတာတွေကို အခု ချရေးနေတာပါ။ (ပျင်းစရာ ကောင်းတာတွေလို့ ထင်ရင် ခွင့်လွှတ်ပါ။)
.
★★★ အမှန်တော့ #သမိုင်း ဆိုတာ ‘အတိတ်ကို လေ့လာတဲ့ပညာ’ မဟုတ်ဘူး။ သမိုင်းဆိုတာ ‘ခေတ်အလိုက် အပြောင်းအလဲ‌’တွေကို လေ့လာတဲ့ ပညာပဲ။ သတင်း ဆိုတာတွေ အားလုံးက ဟောင်းသွားရင် သမိုင်း ဖြစ်လာတာပါပဲ။
.
အဲဒီ ‘အပြောင်းအလဲ‌တွေကို လေ့လာတဲ့ ပညာ’ ဟာ ‘အပြောင်းအလဲကို စီမံခန့်ခွဲတဲ့ ပညာ’ (change management) နဲ့လည်း အများကြီး ဆက်စပ်နေတယ်။ အပြောင်းအလဲဆိုတာ ဖြစ်စေချင်တဲ့ လူတွေဟာ #ChangeManagement ဆိုတဲ့ ဘာသာကို မေ့ထားလို့ လုံးဝမရဘူး။ ‌ဒီဘာသာက MBA တန်းတွေမှာ ထည့်သင်တဲ့ ဘာသာရပ် အသစ်တစ်ခုပါ။ အခြေခံကျပြီး အတော့်ကို ကျယ်ဝန်းတဲ့ ဘာသာရပ်၊ ဘဝမှာ အတော့်ကို တန်ဘိုးရှိတဲ့ ဘာသာရပ် ဖြစ်ပါတယ်။
.
★ ဒေါသထွက်တဲ့လူကို ငြိမ်အောင်နားချမလား?
★ ဝမ်းနည်းပူဆွေးနေတဲ့ လူတစ်ယောက်ကို စိတ်သက်သာရာ ရအောင် ဖြေသိမ့်မလား?
★ ကိုယ့်ကို မချစ်သေးတဲ့လူကို ❤ ချစ်လာအောင် လုပ်ယူမလား? 😀
★ စျေးဝယ်ဘို့ စိတ်ကူးမရှိတဲ့ လူတစ်ယောက်ကို ကိုယ်ရောင်းနေတာလေး ဝယ်ဖြစ်သွားအောင် ‌ဈေးရောင်းမလား? 😉
★ တစ်ကမ္ဘာလုံးက မြန်မာတွေကို ယူနီကုဒ် upgrade လုပ်ဖြစ်အောင် တွန်းတင်မလား?
★ အမိနိုင်ငံကြီးကို ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးဆိုတဲ့ တိုးတက်မှုကြီး ရသွားအောင် ရွှေ့ကြမလား?
.
★★★ ဒါတွေအားလုံးက change management ကျွမ်းကျင်ရင်၊ အခြားလူတွေရဲ့ lessons learned ကို များများ သိထားရင် လုပ်လို့ ဖြစ်နိုင်တယ်။
.
ဗဟုသုတမြူမှုန်
.
A little knowledge is a dangerous thing. So is a lot. လို့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Einstein က ပြောခဲ့ဖူးတယ်။
.
SCENERIO-1
ပညာမတတ်ရင် ဘယ်လောက် တုံးသလဲ၊ အယူအဆ အမြင်တွေ ဘယ်လောက် လွဲသလဲဆိုတာ ကျွန်တော့် ကိုယ်တွေ့ အဖြစ်တစ်ခုနဲ့ တင်ပြချင်တယ်။ ကျွန်တော် ငယ်ငယ်က ဗဟုသုတဆိုတာ မြူမှုန်လောက်ပဲ ရှိတုန်းကပေါ့။ ကျွန်တော် တက်ခဲ့တဲ့ အ-မ-က(၅)ဒဂုံ (အခု ပြည်လမ်း စိန်ဂေးဟာ နောက်တည့်တည့်က) မူလတန်းကျောင်းကို လူကြီးတွေက ‘ဘစ်‌ရှော့ဟုမ်း” လို့ ခေါ်ကြတယ်။ ဟုတ်ပြီနော်။

1) ပထမအဆင့်- အင်္ဂလိပ်စာ တစ်လုံးမှ မတတ်တဲ့ အချိန်က ဘစ်ရှော့ဟုမ်း ဆိုလား “နားကန်းတစ်လုံးမှမသိ” ပေါ့။
2) ဒုတိယအဆင့်- အင်္ဂလိပ်စာ တစ်လုံးစ နှစ်လုံးစ တတ်လာတော့ ဒီကျောင်းနာမည်ကို “big shop home” (ဆိုင်အကြီးကြီး ဖွင့်ထားတဲ့အိမ်)” လို့ အလွဲလွဲအမှားမှားနဲ့ နားလည်တတ်လာတယ်။
3) တတိယအဆင့်- အင်္ဂလိပ်စာ ဒီထက်ပိုတတ်လာတော့မှ အဓိပ္ပါယ်အမှန်နဲ့ “bishop home (ဘုန်းကြီးအိမ်)” ကို ခေါ်မှန်း နားလည်လာရတယ်။
4) စတုတ္ထအဆင့်- သမိုင်းဆိုတာကို သင်ဖူးလာပြီး၊ ဆက်စပ် တွေးခေါ် တတ်လာတော့မှ ဘာတွေမြင်လာသလဲဆိုတော့… အရင်က ခရစ်ယာန် သာသနာပြုဘုန်းကြီးတွေ ဘယ်လောက် ကြီးကြီးကျယ်ကျယ် အလုပ်လုပ်ခဲ့တယ်။ ဒီကျောင်းကို ဆိုရှယ်လစ် အစိုးရက သိမ်းလိုက်တယ်။ နိုင်ငံပိုင် အစိုးရကျောင်း ဖြစ်သွားပြီး ကျွန်တော်တို့ အခမဲ့ကျောင်းတက်ခဲ့ရတယ်။ အင်္ဂလိပ် အစိုးရခေတ်မှာ ခရိုနီစနစ်ကြောင့် ခရစ်ယာန် သာသနာပြုလုပ်ငန်းတွေဟာ ဒီလိုနေရာကောင်းကောင်းတွေကို လွယ်လွယ် ရခဲ့ပုံရတယ်။ အခုခေတ် ‘ဘုန်းကြီးလမ်း’ လို့ ခေါ်တဲ့လမ်းဟာ တော်ဝင်စင်တာရှေ့တည့်တည့်က အမက-၅ ဒဂုံ (ပြည်လမ်း)နဲ့ တလမ်းတည်းပါ။ ဒီတော့ ဘုန်းကြီးလမ်းလို့ ဒီလမ်းကို ခေါ်ခဲ့တာက ခရစ်ယာန်ဘုန်းကြီးအိမ် (bishop home) ကို အစွဲပြု ခေါ်တာလား? သရက်တော ကျောင်းတိုက်ကို အစွဲပြုပြီးခေါ်တာလား? ပိုရှေးကျတာက အမှန်ဖြစ်မှာပဲ။ ၂ခုလုံးကို ပေါင်းခေါ်ခဲ့တာ ဖြစ်မှာပါ။ 🙂 လူဆိုတာ ဗဟုသုတ ပိုပိုရှိလာတာနဲ့အမျှ အသိအမြင် အဆင့်ဆင့် ပြောင်းလဲသွားတာ စာဖတ်မိတ်ဆွေတွေ မြင်မယ်ထင်ပါတယ်။
.
SCENERIO-2
.
1) ဗဟုသုတ အသင့်အတင့် ရှိသူတွေက ပြောကြတယ်… မြန်မာနိုင်ငံက အခြားနိုင်ငံတွေနဲ့ မတူဘူး။ လူမျိုး ၁၃၅ မျိုးတောင် ရှိတယ်။ ဂျပန်တို့၊ အီတလီ၊ ပြင်သစ်တို့ သွားကြည့် တစ်မျိုးထဲပဲ ရှိတယ်ပေါ့။
2) ဒီထက် စာပိုဖတ်လာရင် သိလာပါလိမ့်မယ်။ ဂျပန်မှာလည်း ဂျပန်လူမျိုး တိုင်းရင်းသား ၄-၅ မျိုးကွဲတယ်။ အီတလီမှာ အီတာလျံလူမျိုးကွဲ ၂၂ မျိုး ရှိခဲ့တယ်။ အင်္ဂလိပ်လူမျိုး ဆိုတာလည်း အများထင်သလို တစ်မျိုးတည်း မဟုတ်ဘူး။ English, Irish, Scottish, Welsh စသဖြင့် ၄ မျိုးလား ကွဲတယ်။
၃) ပြင်သစ်မှာဆို လူမျိုးလဲတူ၊ ဘာသာလဲတူ၊ ဘုရားချင်းလည်း တူနေတာတောင် Catholic versus Protestant ဆိုပြီး ဂိုဏ်းကွဲတာလေးနဲ့တောင် AD 1550 လောက်က ဘယ်လောက်ထိ တိုက်ခိုက်ကြ သတ်ဖြတ်ခဲ့ကြတယ်ဆိုတာကို ရိုက်ထားတဲ့ ဖြစ်ရပ်မှန် documentary ကြည့်ကြည့်ဘို့ အကြံပေးချင်ပါတယ်။ ရုပ်ရှင်နာမည်က Queen Margot (2014) ဖြစ်ပါတယ်။ trailer:

.
TAKE AWAY MESSAGE:
ခုလောက်ဆို မြန်မာ မျက်ကန်း မျိုးချစ် စာရေးဆရာပေါင်း များစွာက ရေးတာတွေ အကုန်မယုံရဘူးဆိုတာ မှတ်မိသွားရင် ကျေနပ်ပါပြီ။ လူမျိုးရေး မုန်းတီးနေတာ၊ တိုက်ခိုက်နေကြတာတွေလဲ အတူတူပါပဲ။ အမြင်မှန်ရအောင် ကမ္ဘာ+မြန်မာ သမိုင်းဗဟုသုတ များများရှိလာဘို့ပဲ လိုနေတာပါ။ ပညာရေးကသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသောလမ်းပဲ။#zshtut
.
Change Management ကို အနှစ်ချုပ်လေ့လာလို့ ရမယ့် ebook လေး လက်ဆောင်ပေးလိုက်ချင်ပါတယ်။ download here:
https://www.strategyand.pwc.com/gx/en/insights/2002-2013/ten-guiding-principles/strategyand-ten-guiding-principles-of-change-management.pdf

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in LIFE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.