Connect with us

1885 – “မြန်မာနိုင်ငံကို အင်္ဂလိပ် အုပ်ချုပ်ဘို့ ၅ နှစ်ပေးမယ်။ ပြီးရင် ပြန်လာမယ်” လို့ TIME သတင်းထောက်ကို ပြောခဲ့တဲ့ အထောက်အထား

thipaw-to-return-after-5-years

LIFE

1885 – “မြန်မာနိုင်ငံကို အင်္ဂလိပ် အုပ်ချုပ်ဘို့ ၅ နှစ်ပေးမယ်။ ပြီးရင် ပြန်လာမယ်” လို့ TIME သတင်းထောက်ကို ပြောခဲ့တဲ့ အထောက်အထား

ပါတော်မူနေ့မတိုင်ခင် ၁ ရက်က သီပေါမင်းနဲ့ အင်တာဗျူးမှာ- “မြန်မာနိုင်ငံကို အင်္ဂလိပ် အုပ်ချုပ်ဘို့ ၅ နှစ်ပေးမယ်။ ပြီးရင် ပြန်လာမယ်” လို့ TIME သတင်းထောက်ကို ပြောခဲ့တာကို အမေရိကန် သတင်းစာထဲတော့ ပါသွားတယ်။ အင်္ဂလိပ် သတင်းစာထဲကျတော့ ဖျက်ချခံရတယ်။ :O (ဒါလဲ အခြား ဘယ်ကျောင်းသမိုင်းစာအုပ်ထဲမှာမှ မတွေ့ဘူးခဲ့တဲ့ နောက်တစ်ချက်ပဲ။) သီပေါမင်း ကောင်းကောင်း အလိမ်ခံခဲ့ရတာပဲ။
.
အလုပ်တစ်ခု ရေဆုံးရေခန်း လုပ်တတ်တဲ့ အကျင့်ကြောင့်၊ ဟိုနေ့က တူးဖော်ထွက်လာတဲ့ သမိုင်းကို မနေနိုင်ဘဲ ဆက်တူးကြည့်မိ ပါတယ်။ ဘယ်သမိုင်းစာအုပ်မှာမှ မတွေ့ဖူးတဲ့နောက်တစ်ချက် ထွက်လာပါတယ်။ အောက်မှာ ပါတဲ့သတင်းက အဲဒီ TIME သတင်းထောက်ကပဲ ဒီသတင်းကိုပဲ အမေရိကန် နိုင်ငံ၊ ၇-၁၂-၁၈၈၅ နေ့ထုတ် The Indianapolis Journal (မျက်နှာဖုံး စာမျက်နှာ၊ ကော်လံ ၂) မှာ “မျက်နှာဖုံး ခေါင်းကြီး သတင်း” အဖြစ်နဲ့ အခုလို ရေးသားခဲ့ပါတယ်။
.
ဗိုလ်မှူးကြီးစလေဒင်ကို သီပေါမင်းက သူကလေးဘဝ ကတည်းက သိခဲ့တာဖြစ်လို့ စလေဒင်ကို ကောင်းကောင်း ယုံကြည်တဲ့ အကြောင်း၊ မန္တလေးနန်းတော်ကို ဆောက်တဲ့ တိုင်တားမင်းကြီးက အင်္ဂလိပ်ကို စစ်တိုက်ဘို့ အားပေးခဲ့ပြီးမှ၊ စစ်လဲတိုက်ရော သူအရင်ဆုံး ထွက်ပြေးသွားတဲ့ အကြောင်း၊ အင်္ဂလန်ဘုရင်မကို စစ်တိုက်ဘို့ မနိုင်နိုင်တဲ့အတွက် စလေဒင် ရန်ကုန်ရောက်ပြီလို့ သိရတာနဲ့ အပစ်အခပ်ရပ်စဲဘို့ သီပေါမင်းက သူအမိန့် ပေးခဲ့တာဖြစ်တဲ့အကြောင်း၊
.
အခြားမင်းသားတွေကို ဖမ်းဘို့သာ အမိန့်ပေးခဲ့ပြီး၊ မသတ်ဘို့ အမိန့်ပေးခဲ့တဲ့ အကြောင်း၊ မင်းသားတွေကို သတ်တဲ့ ရနောင်မင်းကြီး (ရနောင်မောင်မောင်တုတ်) က နောက်ပိုင်း သူ့ကိုပါ သတ်ဘို့ ကြိုးစားလာခဲ့တဲ့ အကြောင်း၊ တွေကို ရေးထားပါတယ်။ အသေးစိတ်တော့ ကိုယ်တိုင် ဖတ်ကြည့်ပါလားဗျာ။ လင့်က- https://newspapers.library.in.gov/?a=d&d=IJ18851207.1.1&e=——-en-20–1–txt-txIN——-
.
(ဒါတွေကို ဖတ်ကြည့်ချင်ရင်တော့ ဝါးလုံးခေါင်းထဲက ထွက်ပြီး ဖေ့ဘုတ် အပြင်မှာ သွားကြည့်မှ ရမှာပါ။ #zshtut 🙂

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in LIFE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.