Connect with us

ကြက်သွန်မြိတ်ကိုအထပ်မြင့်၀ရံတာများတွင်လည်းစိုက်ပျိုးနိုင်သောနည်းလမ်း

AGRICULTURE

ကြက်သွန်မြိတ်ကိုအထပ်မြင့်၀ရံတာများတွင်လည်းစိုက်ပျိုးနိုင်သောနည်းလမ်း

ကြက်သွန်မြိတ်ကို အထပ်မြင့်၀ရံတာတွင် စိုက်ပျိုးရာ၌ စျေးထဲတွင်ရောင်းချသော ဥမွှားသေးသေးလေးများအား ရွေးချယ်၀ယ်ယူနိုင်ပါတယ်။ ဥတစ်လုံးထဲမဟုတ်ဘဲ အမွှာအတက်များစွာပွားနေသည့် ကြက်သွန်မျိုးကိုသာ ကြက်သွန်မြိတ်အဖြစ်စိုက်ပျိုးသင့်ပါတယ်။

ပလတ်စတစ်ပန်းအိုးလှလှတွင် အောက်ခံ ၁လက်မကို စက်ဖွဲပြာဖြင့် အပေါက်နေရာပိတ်ပြီး သဲကြမ်း ၂ဆ၊ စက်ဖွဲပြာ ၁ဆ၊ နွားချေးဆွေး ၁ဆ၊ စပ်မြေကို အိုးနှုတ်ခမ်း ၃လက်မကျော် ချန်ဖြည့်ပါ။ ကြက်သွန်ဥကို ပတ်လည်စီစိုက်ပြီး၊ စပ်မြေကို အိုးနှုတ်ခမ်း တစ်လက်မမျှချန် ထပ်ဖြည့်ကာ ရေလောင်းပေးပါ။

ရေတစ်လီတာ ၁ပုလင်းတွင် ပဲဖတ်၊ နှမ်းဖတ် မြေသြဇာရည် ဟင်းခတ်ဇွန်း၁ဇွန်း ထည့်၍ အပတ်စဥ် ရေလောင်းပေးပါ။ အပင်များ ခဲတစ်လုံးစာမျှ တုတ်ချိန်တွင် စတင်ခူးဆွတ်နိုင်ပါပြီ။ ကြက်သွန်အုပ်စုနှင့်အမျိုးအစားတူသော ကုဆိုင်ပင် (chive)၊ တရုတ်ကြက်သွန်မြိတ်(leek)များကိုလည်း စိုက်ပျိုးပြီး အိမ်တွင်းဟင်းခတ်အမွှေးအကြိုင်အတွက်အသုံးပြုနိုင်ပါတယ်။

သတိပြုရမည့်အချက်များ

အထပ်မြင့်၀ရံတာတွင်စိုက်ပျိုးရာ၌ လုပ်ဆောင်ချက်အားလုံးသည် သန့်သန်ပျံ့ပျံ့ ဖြစ်နေစေဖို့ လိုအပ်ပါတယ်။ အသုံးပြုသည့်ပစ္စည်းများမှာလည်း ညစ်ပတ်ရန် မသင့်တော်သောကြောင့် မြေကြီးကိုအသုံးမပြုဘဲ စိုက်ပျိုးခြင်းဖြစ်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.