AGRICULTURE
ကြက်သွန်အုပ်စုတွင် ကျရောက်နိုင်သော ပိုးမွှားများနှင့် နှိမ်နင်းနည်း
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဥမွှားကြက်သွန်၊ မြိတ်စားကြက်သွန်တို့ပါ၀င်သော ကြက်သွန်အုပ်စုတွင်ကျရောက်တတ်သောပိုးမွှားများနှင့် နှိမ်နင်းနည်းများကိုဖော်ပြပေးလိုက်ပါတယ်။
(၁) ပုရွတ်ဆိတ်
မျိုးစေ့အပင်ဖောက်ရာတွင် အထူးဖျက်ဆီးလေ့ရှိပါတယ်။
နှိမ်နင်းနည်း
ပျိုးထောင်စဥ်တွင် မျိုးစေ့ကို မစားနိုင်ရန် ပျိုးဗန်းပေါ် သို့မဟုတ် ပျိုးဘောင်ပေါ်သို့ ဓာတုပိုးသတ်ဆေးကို ရေဖျန်းကရားဖြင့် လောင်းပေးနိုင်ပါတယ်။
(၂) ပျပိုး(aphids)
ပျများဟာ ဟင်းသီးဟင်းရွက်၏ အပင်ရည်ကို စုပ်ယူခြင်းဖြင့် အညွှန့် အမြိတ်များကိုခြောက်စေပါတယ်။ ၎င်းအုပ်စုတွင် ဖြုတ်ပိုး(hopper)၊ ဒက်ပိုး(mealy bug)များ ပါ၀င်ပါတယ်။ ဒိီပိုးကောင်တွေရဲ့ ဖင်မှအချိုရည်ထွက်တဲ့အတွက် ပုရွတ်ဆိတ်တက်စေပြီး အပင်ကိုလည်းညစ်ပတ်စေပါတယ်။
နှိမ်းနင်းနည်း
ဆေးဆပ်ပြာဖြင့် ဖျန်းနိုင်ပါတယ်။
(၃) လှေးပိုး (Thrips)
လှေးပိုးများကို ၁၀ဆ ချဲ့နိုင်သော လက်ကိုင်မှန်ဘီလူးဖြင့်ကြည့်လျှင် သေချာစွာမြင်နိုင်ပါတယ်။ ပျိုးခင်းမှစ၍ ခူးဆွတ်ချိန်အထိ အပင်ရည်စုပ်စားသဖြင့် အရောင်မွဲခြောက်သွားစေပါတယ်။
နှိမ်နင်းနည်း
ဆေးဆပ်ပြာဖျော်ရည်ဖြင့် ဖျန်းနိုင်ပါတယ်။
(၄)မွှားပင့်ကူနီ(spider mites)
အရွက်အညွှန့်များကိုစုပ်စားသဖြင့် နီခြောက်သွားစေနိုင်ပါတယ်။
နှိမ်နင်းနည်း
ဆေးဆပ်ပြာဖျော်ရည်ဖြင့် ဖျန်းနိုင်ပါတယ်။
(၅) လိပ်ပြာဖလံအုပ်စုထဲတွင်ပါ၀င်သော ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ ဖောက်စားပိုး (lepidoptera)
ဤအုပ်စုရှိ လောက်ကောင်အဆင့်တိုင်းသည် ကြက်သွန်ပင်ကို ကိုက်ဖြတ် ဖျက်ဆီးပစ်နိုင်ပါတယ်။
နှိမ်နင်းနည်း
ဆေးရွက်ကြီး၊ တမာ ပိုးသတ်ဆေးများ ပတ်ဖြန်းနိုင်ပါတယ်။