Connect with us

ကျူးလစ်ပန်း(Tulip)ကို အိုးဖြင့်စိုက်ပျိုးနည်း

AGRICULTURE

ကျူးလစ်ပန်း(Tulip)ကို အိုးဖြင့်စိုက်ပျိုးနည်း

ကျူးလစ်ပန်း(Tulip)ဟာ ဂျပန်နိုင်ငံမှာတော့ မတ်လမွေးဖွားသူတို့ရဲ့ မွေးလကို ကိုယ်စားပြုတဲ့ပန်းဖြစ်ပါတယ်။ ကျူးလစ်ပန်းအမျိုးအစားပေါင်း ၃၀၀၀ခန့်ရှိပါတယ်။”စာနာထောက်ထားခြင်း”လို့လည်းအဓိပ္ပါယ်ရပါတယ်။ ဆာမူရိုင်း၃ဦးထံမှ လက်ထပ်ခွင့်တောင်းခံရတဲ့ကောင်မလေးဟာ သူ့အဖြေကြောင့် အားလုံးစိတ်၀မ်းကွဲမှာ စိုးရ်ိမ်တဲ့အတွက် သူ့ကိုယ်သူ ကျူးလစ်ပန်းလေးအဖြစ် အသွင်ပြောင်းခဲ့တယ်ဆိုတဲ့ ဂျပန်ဒဏ္ဍာရီလေးတစ်ခုကနေ ဆင်းသက်လာတာဖြစ်ပါတယ်။

ကျူးလစ်ပန်းစိုက်ပျိုးနည်း

(၁)အိုးအလယ်တွင်ရေဆင်းရန်အပေါက်ပါပြီးအချင်းအနည်းဆုံး ၈.၅ လက်မ (၂၂ စင်တီမီတာ) ရှိသောအိုးကိုသုံးရပါမယ်။ ဒိီအရွယ်အစားကကျူးလစ်ပန်း ၂ပင်မှ၉ပင်ထိစိုက်ပျိုးနိုင်ပါတယ်။ကျူးလစ်ပန်းများများကိုစိုက်ပျိုးချင်ရင်တော့ အိုးကြီးကြီးသုံးဖ်ို့လိုပါမယ်။ အချင်း၂၂လက်မရှိသော အိုးတစ်လုံးလျှင် ကျူးလစ်ပန်း ၂၅ပင်ထိ စိုက်ပျိုးနိုင်ပါတယ်။မိမိကြိုက်နှစ်သက်တဲ့ ကြွေအိုး၊ မြေနီအိုး၊ ပလတ်စတစ်အိုး ကြိုက်ရာအိုးကိုသုံးနိုင်ပါတယ်။

(၂)အိုးတစ်ဝက်ကို perlite နှင့် vermiculite ရောနှော၍ဖြည့်ပါ။

(၃)ကျူးလစ်ပန်းဥများကို မြေကြီးထဲသို့ထည့်ပါ။ ၁လက်မခြားပြီးထည့်ပါ။

(၄)ကျူးလစ်ပန်းဥများပေါ် မြေဆီလွှာ  ၅-၈ လက်မ (၁၃-၂၀ စင်တီမီတာ) ဖြင့်ဖုံးအုပ်ပါ။

(၅)ထိုမျိုးဥများစိုက်ပျိုးပြီးနောက်မြေဆီလွှာကိုရေလောင်းပေးပါ။ အိမ်ထဲမှာပဲစိုက်ပျိုးတာဆိုရင် တစ်ပတ်ကို ရေ ၂ကြိမ်သို့မဟုတ် ၃ကြိမ်လောင်းပေးရပါမယ်။ အိမ်ပြင်ဥယျာဥ်မှာစိုက်ပျိုးတာဆိုလျှင် မိုးပုံမှန်ရရှိတဲ့ဒေသဖြစ်ပါက ရေလောင်းဖို့မလိုပါဘူး။မိုးမရဘူးဆိုရင်တော့ တစ်ပတ်ကို ၂ကြိမ်ကနေ၃ကြိမ်အတွင်းရေလောင်းနိုင်ပါတယ်။

(၆) ​အေးမြသောနေရာတွင် စိုက်ပျိုးထားသောအိုးကို ၁၂ပတ်မှ ၁၆ပတ်ထိထားပါ။၄၅-၅၅ ဒီဂရီဖာရင်ဟိုက် (၇-၁၃ ဒီဂရီစင်တီဂရိတ်) ရှိသည့်နေရာတွင်ထားပါ။

(၇)မျိုးဥများစိုက်ပျိုးထားသောအိုးကို အပူချိန်တသတ်မတ်တည်းပုံမှန်ရရှိသောနေရာတွင်သာထားပါ။သို့မှသာ အေးခဲခြင်း၊အရည်ပျော်ခြင်းဒဏ်မှကာကွယ်နိုင်ပါလိမ့်မယ်။အကယ်၍ သင်အိုးများကိုအပြင်ဘက်ထားရှိပါကပြင်ပအပူချိန် ၄၅ မှ ၅၅ ဒီဂရီဖာရင်ဟိုက် (၇ မှ ၁၃ ဒီဂရီစင်တီဂရိတ်)ဟာအကောင်းဆုံးဖြစ်ပါတယ်။

(၈)အပင်ပေါက်ဖြစ်လာချိန်တွင် tulips များကိုအနည်းဆုံး ၆၀-၇၀ ဒီဂရီဖာရင်ဟိုက် (၁၆ မှ ၂၁ ဒီဂရီစင်တီဂရိတ်) ရှိသည့်နေရာတစ်ခုသို့ရွှေ့သင့်ပါတယ်။အိမ်ထဲတွင်စိုက်ပျိုးပါက နေရောင်ခြည်ကျရောက်နိုင်သောနေရာသို့မဟုတ် ပြတင်းပေါက်သို့ပြောင်းရွှေ့နိုင်ပါတယ်။အကယ်၍ အိမ်ပြင်ဥယျာဥ်တွငိစိုက်ပျိုးနေပါက အပူချိန်သည်အနည်းဆုံး ၆၀ မှ ၇၀ ဒီဂရီဖာရင်ဟိုက် (၁၆ မှ ၂၁ ဒီဂရီစင်တီဂရိတ်) ရှိကြောင်းသေချာရပါမယ်။

(၉) tulips ပင်မှပန်းစတင်ပွင့်ရန် အချိန် ၁ပတ်မှ ၃ပတ်လောက်စောင့်ပါ။ ကျူးလစ်ပန်းမျိုးဥ အမျိုးအစားပေါ်မူတည်ပြီး တစ်နှစ်အတွင်းပွင့်တဲ့အချိန်မတူညီတာဖြစ်တဲ့အတွက်ကြောင့် မျိုးဥစတင်၀ယ်ယူထဲက သူ့ရာသီနှင့်အချိန်သိရပါမယ်။ သို့မှသာစိုက်ပျိုးတဲ့အခါ မိမိနှင့်အဆင်ပြေရာကိုရွေးချယ်နိုင်မှာပါ။

ပန်းပွင့်တဲ့အခါ ဂရုစိုက်သင့်တဲ့အချက်တွေကတော့

-မြေဆီလွှာရဲ့ထိပ် ၁ လက်မ (၂.၅ စင်တီမီတာ) ခြောက်သွေ့သောအခါမှာ ကျူးလစ်ပန်း များကိုရေလောင်းပေးဖို့လိုပါတယ်။

-တစ်နေ့လျှင်အနည်းဆုံး ၆ နာရီခန့်နေရောင်ခြည်ရရှိသည့်နေရာတွင် ထားရှိရပါမယ်။

-ရောဂါများဖြစ်ပေါ်စေသည့်ပိုးမွှားများနှင့်ကပ်နေသောမည်သည့် tulips များကိုမဆိုဖယ်ရှားရပါမယ်။ရောဂါပျံ့နှံ့ခြင်းကိုကာကွယ်ဖို့အတွက် ရောဂါဖြစ်ပွားနေသည့် လက္ခဏာပြသော ကျူးလစ်ပန်းမျိုးဥများကို တူး၍ ဖယ်ထုတ်ပစ်ရပါမယ်။

-အပူချိန်အေးခဲနေသောအောက်တွင်ရှိပါက tulips များကိုအတွင်းသို့ယူထားရပါမယ်။tulips များကိုကားဂိုဒေါင်သို့မဟုတ်မြေအောက်ခန်းကဲ့သို့သောအပူချိန် ၄၅ မှ ၅၅ ဒီဂရီဖာရင်ဟိုက် (၇ မှ ၁၃ ဒီဂရီစင်တီဂရိတ်) ရှိသည့်အခန်းသို့သယ်ဆောင်သင့်ပါတယ်။

-တစ်နှစ်တစ်ခါ အိုးထဲရှိမြေဆီလွှာအရောအနှောကိုအသစ်လဲပေးရပါမယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.