Connect with us

ဒေလီယာပန်းကို အိမ်တွင်းစိုက်ပျိုးနိုင်သော နည်းလမ်း

AGRICULTURE

ဒေလီယာပန်းကို အိမ်တွင်းစိုက်ပျိုးနိုင်သော နည်းလမ်း

ဂျပန်မှာ စက်တင်ဘာလမွေးဖွားသူတွေရဲ့ မွေးလကိုကိုယ်စားပြုတဲ့ပန်းဟာ ဒေလီယာ(Dahila)ပန်းဖြစ်ပါတယ်။ဒေလီယာပန်းဟာအနံ့မရှိသော်လည်း ပွင့်ချပ်များစွာရှိပြီး အရောင်သွေးလည်း စုံလင်လှတယ်။ကျက်သရေရှိခြင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။

စက်တင်ဘာလမွေးဖွားသူများ မိမိမွေးလကို ကိုယ်စားပြုတဲ့ ဒေလီယာပန်းအားအိမ်တွင်းစိုက်ပျိုးချင်ပါက အောက်ပါနည်းလမ်းများကို လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။

ဒေလီယာပန်းကောင်းစွာကြီးထွားနိုင်တဲ့အခြေအနေဖြစ်ဖို့ ဖော်ပြပါအချက်တွေကို ပြင်ဆင်ရပါမယ်။

(၁) သင့်နေရာနှင့်ကိုက်ညီမည့်ဒေလီယာပန်းမျိုးစိတ်တစ်ခုကိုရွေးချယ်ရပါမယ်။

အပင်ပုပြီး အပင်ကြီးထွားနှုန်းနှေးတဲ့ မျိုးစိတ်မျိုးက အိုးနဲ့စိုက်ပျိုးမည့်သူများအတွက် ပိုသင့်တော့ပါတယ်။အချို့သောအပင်မျိုးဟာ ၅ ပေ (၁.၅ မီတာ) အထိကြီးထွားနိုင်ပါတယ်။ထို့ကြောင့်သင်ဟာအပင်ရှည်မျိုးစိတ်တစ်ခုကိုရွေးချယ်ပါက ပို၍ ကြီးမားသောအိုးတစ်လုံးလိုအပ်ပါလိမ့်မယ်

(၂) အနည်းဆုံး ၁၂ လက်မ×၁၂ လက်မ (၃၀ စင်တီမီတာ×၃၀ စင်တီမီတာ) ရှိသည့်အိုးတစ်လုံးကိုရွေးချယ်ပါ။

အနည်းဆုံးအချင်း ၁၂ လက်မ (၃၀ စင်တီမီတာ) ရှိပြီးအနက်အနည်းဆုံး ၁၂ လက်မ (၃၀ စင်တီမီတာ) ရှိသည့်လေးလံသောအိုးကိုရှာဖွေရပါမယ် ။ဤအရွယ်အစားရှိသည့်အိုးများသည်များသောအားဖြင့် ၅ မှ ၇ ဂါလံ (၁၉ မှ ၂၆ လီ) ရှိသော မြေဆီလွှာကို ကောင်းစွာ၀င်ဆံ့ပါတယ်။အပင်ကြီးမျိုးကွဲများအနေဖြင့် ၂၄ မှ ၂၄ လက်မ (၆၁ မှ ၆၁ စင်တီမီတာ) အိုးကိုသုံးသင့်ပြီးများသောအားဖြင့်မြေဆီလွှာ၏ ၂၅ ဂါလံ (၉၅ လီတာ) ခန့်ရှိသည်။

(၃)အပင်ရှည်မျိုးကိုရွေးချယ်ထားပါကလေးလံသောအိုးကိုရွေးချယ်ပါ။

အပင်ရှည်မျိုးအတွက် ပလတ်စတစ်အိုးအစား ပိုမိုလေးလံသောကြွေအိုးတို့ မြေနီအိုးတို့ကိုအသုံးပြုသင့်ပါတယ်။ သတိပြုရမည့်အချက်မှာ မြေနီအိုးနဲ့ ကြွေထည်မြေထည်အိုးများဟာ ရေကိုစုပ်ယူနိုင်သောကြောင့် ဆောင်းရာသီမှာ အေးခဲပြီးတော့ အက်ကွဲနိုင်ပါတယ်။

(၄) လိုအပ်လျှင် ရေဆင်းဖို့ အိုးကို အပေါက်ဖောက်ပေးဖို့လိုပါတယ်။

ကွန်တိန်နာနဲ့စိုက်ပျိုးသူများအဖို့ကတော့ ဒိီအဆင့်ကလုပ်စရာမလိုပါဘူး။ သူ့နဂိုအပေါက်ပါပြီးသားမလို့ပါ။အကယ်လို့သင့်စိုက်မည့်အိုးဟူ အပေါက်သေးလေး သို့မဟုတ် အလယ်တွင်အပေါက်တစ်ပေါက်ပဲပါပါက ရေကောင်းစွာဆင်းနိုင်ဖို့ နောက်ထပ်အပေါက်အနည်းငယ် ထပ်ဖောက်ပေးဖို့လိုပါတယ်။

(၅) အိုးကို ဆပ်ပြာအပျော့စားနှင့် ရေနွေးနွေးလေးနဲ့ သန့်ရှင်းပေးပါ။

ဆပ်ပြာအကြွင်းအကျန်များကိုနှိုက်နှိုက်ချွတ်ချွတ်ဆေးကြောရပါမယ်။ယခင်ကအခြားအပင်များအတွက်အသုံးပြုဖူးသောအိုးဖြစ်လျှင် အကြွင်းကျန်တွေမကျန်စေဖို့ ဆေးကြောရန်အထူးအရေးကြီးပါတယ်။

(၆)အာဟာရဓာတ်ကြွယ်၀ပြီး အိုးဖြင့်စိုက်ပျိုးဖို့အတွက်သီးသန့်ထုတ်ထားသောမြေဆီလွှာကိုရွေးချယ်ပါ

ဥယျာဉ်မြေဆီလွှာဟာ ကွန်တိန်နာအပင်များနှင့်မသင့်တော်ကြောင်းသတိပြုရပါမယ်။ သင့် အိုးဖြင့်စိုက်ပျိုးမည့်အပင်များအတွက်တံဆိပ်ကပ်ထားပြီးသား အိုးဖြင့်စိုက်ပျိုးမည့်သူများအတွက်သီးသန့်ထုတ်ထားသောမြေဆီလွှာကိုသာ ၀ယ်ယူပါ။

ဒေလီယာပန်းစိုက်ပျိုးခြင်း

(၁) သင့်ဒေလီယာပန်းကို နေရောင်ခြည်ကောင်းစွာရတဲ့ အလယ်တည့်တည့်မှာ ရွေးချယ်စိုက်ပျိုးပါ

ဒေလီယာပန်းဟာ အလင်းရောင်ကြိုက်ပြီးလောင်းရိပ်ကျသောနေရာများတွင်ကောင်းစွာမကြီးထွားနိုင်ပါ။အထူးသဖြင့် နံနက်နေကောင်းစွာရရှိဖို့ဂရုစိုက်ရပါမယ်။

(၂) အိုး၏အောက်ခြေကိုကျောက်စရစ်ခဲအနည်းငယ်ဖြင့်စီပါ

သင်၏အိုးအောက်ခြေရှိကျောက်စရစ်ခဲများကိုနေရာချခြင်းသည်အလျား ၁.၂ လက်မ (၁.၃ စင်တီမီတာ) အောက်သာရှိရပါမယ်။

(၃)ကွန်တိန်နာ နှုတ်ခမ်းပတ်လည် 5 မှ 7 လက်မ (13 မှ 18 စင်တီမီတာ) အတွင်းမြေဆီလွှာထည့်ပါ

နောက်ဆုံးတွင်သင်သည်သင်၏ Dahlia ဥကို အနက် ၄ မှ ၆ လက်မ (၁၀ မှ ၁၅ စင်တီမီတာ) ထားစိုက်ရပါမယ်။ မြေဆီလွှာမျက်နှာပြင်နှင့်အိုးနှုတ်ခမ်းပတ်လည်အဆုံးတွင် ၁ လက်မ (၂.၅ စင်တီမီတာ) ချန်၍စိုက်ပြီးပါက ဤအဆင့်ပြီးဆုံးပါပြီ

(၄)ဒေလီယာပန်းကို ရေ၀ပ်မခံပါနဲ့

ရေကိုဖြေးဖြေးနဲ့နည်းနည်းသာလောင်းပေးသင့်ပါတယ်။ မြေဆီလွှာအနည်းငယ်စိုနေဖို့လိုသော်လည်း ရေအိုင်တာမျိုးမဖြစ်သင့်ပါဘူး။ ဒိီအတွက်ရေပိုက်နဲ့ရေလောင်းမယ့်အစား ရေဖြန်းကရားကို သုံးသင့်ပါတယ်။

(၅)မြေဆီလွှာ၏အပေါ်ဆုံးအလွှာနှင့်ဓာတ်မြေသြဇာရောမွှေပါ။

ဓာတ်မြေသြဇာအတွက် နိုက်ထရိုဂျင်၊ ဖော့စဖိတ်နဲ့ ပိုတက်ဆီယမ်တို့ကိုအသုံးပြုနိုင်ပါတယ်။ဒေလိယာအတွက်ကောင်းမွန်သောရွေးချယ်မှုအချိုးအဆများမှာ ၅-၁၀-၁၅၊ ၅-၁၀-၁၀ နှင့် ၁၀-၂၀-၂၀တို့ဖြစ်ပါတယ်။

(၆)အပင်ကြီးဒေလီယာမျိုးကွဲများကိုထောက်ပံ့ရန်အိုးတလုံးတွင် တစ်ဖက်ချွန်တိုင် မြှုပ်နှံပါ

(၇) မျိုးဥကိုမြေဆီလွှာထဲသို့ထည့်စိုက်ပါ

(၈)ဥကို ၁ လက်မ (၂.၅ စင်တီမီတာ) ခန့်ရှိတဲ့မြေဆီလွှာဖြင့်ဖုံးအုပ်ထားပါ

(၉)အပင်ပေါက်သေးလေးများထွက်ပေါ်လာပါက ရေသေချာစွာ ဖြေးဖြေးလောင်းပေးပါ။ ရေမ၀ပ်စေရပါဘူး

(၁၀)အပင်ကြီးထွားလာသည်နှင့်အမျှမြေဆီလွှာအနည်းငယ်ထပ်ဖြည့်ပါ။ ထပ်ဖြည့်တဲ့အခါမှာလည်း နေရာလွတ်နဲ့ မြေကြီးထိပ်ဆုံးမျက်နှာပြင်ကြား ၁လက်ခန့်ဖြည့်ပါ

(၁၁)မှိုရောဂါနဲ့ ဗိုင်းရပ်စ်များကိုကာကွယ်သည့် ပိုးသတ်ဆေး စပရေးဘူးနဲ့ ဖြန်းပေးပါ

ပိုးမွှားကူးစက်ခြင်းကိုကာကွယ်ရန်အပင် ၆ လက်မ (၁၅ စင်တီမီတာ) အထိကြီးထွားလာသည်နှင့်တပြိုင်နက် ၇ ရက်မှ ၁၀ ရက်တိုင်းတွင်ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေးကိုအသုံးပြုပါ။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.