Connect with us

ဒေစီပန်းစိုက်ပျိုးနည်း

AGRICULTURE

ဒေစီပန်းစိုက်ပျိုးနည်း

“ဂျပန်တွင် ဒေစီပန်း Gerbera(African Daisy)ဟာ အောက်တိုဘာလမွေးဖွားသူတွေရဲ့ မွေးလကိုကိုယ်စားပြုတဲ့ပန်းလေးဖြစ်ပါတယ်။ ဒေစီပန်းဟာ (မျှော်လင့်ခြင်း၊ချီတက်ခြင်း၊ တိုးတက်ခြင်း၊လျှောက်ခြင်းလို့ အဓိပ္ပာယ်ဖော်ဆောင်တဲ့အတွက် သူ့ကို welcome party(ကြိုဆိုပွဲ)တွေမှာ ပန်းစည်းအဖြစ် ပေးတတ်ကြပါတယ်။”

ဒေစီပန်းပင်ဟာ Asterမျိုးရင်းဝင် အပင်ဖြစ်ပြီး မျိုးကွဲပေါင်း များစွာရှိကြပါတယ်။
ရေစိမ့်စီးမှုကောင်းမွန်ပြီး အသင့်အတင့် မြေဆီဩဇာ ထက်သန်မယ်ဆို ဒေစီပန်းကို စိုက်ပျိုးလို့ရပါ တယ်။ ဒေစီပန်းပင်ဟာ မြေဩဇာ သိပ်ထက်သန်လွန်းတဲ့မြေမှာ စိုက်မယ်ဆိုရင်တော့ အပွင့် ပွင့်မယ့်အစား အပင်ကြီးထွားမှုဘက် ရောက်သွားမှာ ဖြစ်ပါတယ်။ ဒေစီဟာ နှစ်ရှည်ခံ ပန်းပင်အမျိုးအစားဖြစ်ပြီး နေရောင်ခြည်ကိုလည်း ကြိုက်နှစ်သက်ပါတယ်။ နုန်းမြေ၊လယ်မြေတို့တွင်စိုက်ရန် အသင့်တော်ဆုံးဖြစ်ပါတယ်။သမပိုင်းရာသီဥတုရှိသောနေရာမျိုးတွင်ကောင်းစွာဖြစ်ထွန်းပါတယ်။

အပူချိန်၊ရာသီဥတု

ပင်လယ်ပြင်အမြင့် ပေ ၂၅၀၀ မှ ၅၀၀၀အတွင်းဖြစ်ထွန်းပြီး မိုးရေချိန် လက်မ ၄၀-၅၀၊ အပူချိန် ၃၀ဒီဂရီဖာရင်ဟိုက်မှ ၃၅ ဒီဂရီဖာရင်ဟိုက်အတွင်း ကောင်းစွာဖြစ်ထွန်းပါတယ်။

မြေပြုပြင် ချိန်တွင် ၃ပေအကျယ်၊ ၃၀ပေအရှည်ရှိ စိုက်ဘောင်အတွင်း နွားချေးတစ်တင်းနှုန်းနှင့် ၁၅ပတ် လည် ကွန်ပေါင်းမြေဩဇာ နို့စီတစ်ဘူးနှုန်း ထည့်သွင်းပြီး သမအောင် မွှေပေးပါ။

မူလအပင်ဟောင်းမှ အသစ်ထွက်နေသည့် အတက်သစ်များကိုဖဲ့၍ စိုက်ပျိုးနိုင်ပါတယ်။စိုက်ကျင်းတစ်ကျင်းမှာ တစ်တက်မှ သုံးတက်အထိစိုက်ပျိုးနိုင်ပါတယ်။

းပေအကျယ် မြေပေါင် များတွင် ပင်ကြား တန်းကြား (၁x ၂) ပေ (၂x၂) ပေထား၍ စိုက်ပျိုးနိုင်ပါတယ်။ ဒေစီပန်းပင် ဟာ မြေလျှောက်မြစ် အမျိုးအစားဖြစ်လို့ အပင်များပြန့်ကား ၍ ပြန့်ပွားရန် လွယ်ကူပါတယ်။

မြေတွင်းရှိ အစိုဓာတ်ပမာဏကိုလိုက်၍ စိုက်ပြီး တစ်ပတ် နှစ်ပတ်အတွင်း အမြစ်ဖြာထွက်ခြင်း၊ အတက်သစ်ထွက်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

စိုက်ပျိုးပြီးအမြစ်များမစွဲခင် မြေအစိုဓါတ်မပြတ်စေရန်ဂရုစိုက် ပေးရပါမယ်။ သို့မှသာ အတက် များ ခြောက်သေခြင်းမှ ကာကွယ်နိုင်ပါမယ်။

စိုက်ပျိုးပြီး ၂လအကြာမှာ ပန်းစတင် ပွင့်မှာ ဖြစ်ပါတယ်။ ရေလောင်းရာတွင် လိုအပ်သည်ထက် မများစေရန် ဂရုစိုက်ပေးရပါမယ်။ လိုသည်ထက်ပိုလျှံပါက အပင်ရှည်ပြီး အထိန်းလိုလာပါလိမ့်မယ်။ ထိုအခါအပင်ရှည် သည့် အတွက်လည်း အရိပ်ကျရောက်မှု များပြားပြီး အပင်ယိုင်လဲမှုဖြစ်နိုင်ပါတယ်။

တစ်နှစ်တစ်ခါ အပင်အိုများကိုဖယ်ရှား ဖြတ်တောက်ပစ်ပြီး အတက်သစ်များထွက်စေရုံဖြင့် စဥ်ဆင်မပြတ်စိုက်ပျိုးနိုင်ပါတယ်။

ပိုးမွှားရောဂါအန္တရာယ်

ရောဂါအနေနဲ့ ရွက်ပျောက်ရောဂါ ကျရောက်တတ်ပြီး ပင်လုံးပြန့်အာနိသင်ရှိ မှိုသတ်ဆေးများ ကြိုတင်ပက်ဖြန်းခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.