Connect with us

ဘူး၊ဖရုံအုပ်စုတွင် ကျရောက်တတ်သောပိုးမွှားများနှင့် နှိမ်နင်းနည်း

AGRICULTURE

ဘူး၊ဖရုံအုပ်စုတွင် ကျရောက်တတ်သောပိုးမွှားများနှင့် နှိမ်နင်းနည်း

ဘူး၊ ဖရုံအုပ်စု(cucurbitaceae)တွင် ဘူး၊ ဖရုံ၊ သခွားမွှေး၊ ဖရဲ တို့ပါ၀င်ပါတယ်။

ကျရောက်တတ်သော ပိုးမွှားများမှာ

(၁)ပျပိုး(aphids)

ပျများဟာ ဟင်းသီးဟင်းရွက်၏ အပင်ရည်ကို စုပ်ယူခြင်းဖြင့် အညွှန့် အမြိတ်များကိုခြောက်စေပါတယ်။ ၎င်းအုပ်စုတွင် ဖြုတ်ပိုး(hopper)၊ ဒက်ပိုး(mealy bug)များ ပါ၀င်ပါတယ်။ ဒိီပိုးကောင်တွေရဲ့ ဖင်မှအချိုရည်ထွက်တဲ့အတွက် ပုရွတ်ဆိတ်တက်စေပြီး အပင်ကိုလည်းညစ်ပတ်စေပါတယ်။

နှိမ်းနင်းနည်း

ဆေးဆပ်ပြာဖြင့် ဖျန်းနိုင်ပါတယ်။

(၂)လှေးပိုး(Thrips)

လှေးပိုးများကို ၁၀ဆ ချဲ့နိုင်သော လက်ကိုင်မှန်ဘီလူးဖြင့်ကြည့်လျှင် သေချာစွာမြင်နိုင်ပါတယ်။ ပျိုးခင်းမှစ၍ ခူးဆွတ်ချိန်အထိ အပင်ရည်စုပ်စားသဖြင့် အရောင်မွဲခြောက်သွားစေပါတယ်။

နှိမ်နင်းနည်း

ဆေးဆပ်ပြာဖျော်ရည်ဖြင့် ဖျန်းနိုင်ပါတယ်။

(၃)မွှားပင့်ကူနီ(spider mites)

အရွက်အညွှန့်များကိုစုပ်စားသဖြင့် နီခြောက်သွားစေနိုင်ပါတယ်။

နှိမ်နင်းနည်း

ဆေးဆပ်ပြာဖျော်ရည်ဖြင့် ဖျန်းနိုင်ပါတယ်။

(၄) ရွက်ထွင်းပိုး

သီးကင်းငယ်စဥ် ယင်မ၏ ဥမှပေါက်လာသော လောက်ကောင်များသည် အသီးတွင်း လှိုက်၀င်စားသောက် ဖျက်ဆီးသဖြင့် အသီးပုပ်သွားစေပါတယ်။

နှိမ်နင်းနည်း

သီးကင်းစမှာ ပင်လုံးပြန့်ဓာတုပိုးသတ်ဆေးသုံးရပါမယ်။ သခွားမွှေးသီးကင်းများကို အိတ်စွပ်ပေးထားရပါမယ်။

(၅)အစက်ပျောက်လိပ်ခုံးကျိုင်း

စက်၀ိုင်းပုံသဏ္ဍာန်ကိုက်ဖြတ်ခြင်းဖြင့် အရွက်ပေါက်များဖြစ်စေပါတယ်။ ဖျက်ဆီးမှုများလျှင် အရွက်များဝါလာတတ်ပါတယ်။ အသီးငယ်များကိုလည်းကိုက်ဖြတ်တတ်သောကြောင့်  သီးကင်းမတင်ဘဲ ပုပ်သွားစေပါတယ်။

နှိမ်နင်းနည်း

ဓာတုပိုးသတ်ဆေးသာနှိမ်နင်းနိုင်ပါတယ်။ အကောင်ရေနည်းစဥ် လက်ဖြင့် ဖျစ်ညှစ်ဖယ်ရှားနိုင်ပါတယ်။

(၆)လိပ်ပြာဖလံအုပ်စုထဲတွင်ပါ၀င်သော ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ ဖောက်စားပိုး (lepidoptera)

ဤအုပ်စုရှိ လောက်ကောင်အဆင့်တိုင်းသည် ကြက်သွန်ပင်ကို ကိုက်ဖြတ် ဖျက်ဆီးပစ်နိုင်ပါတယ်။

နှိမ်နင်းနည်း

ဆေးရွက်ကြီး၊ တမာ ပိုးသတ်ဆေးများ ပတ်ဖြန်းနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.