Connect with us

နေကြာပန်းစိုက်ပျိုးနည်း

AGRICULTURE

နေကြာပန်းစိုက်ပျိုးနည်း

“သြဂုတ်လမွေးဖွားသူလေးတွေရဲ့ မွေးလကိုကိုယ်စားပြုတဲ့ပန်းလေးကတော့ နေကြာပန်းလေးပဲဖြစ်ပါတယ်။ နေရှိရာအရပ်ကိုပဲ မျက်နှာမူထားပြီး ဂရိနတ်ဘုရား ဒဏ္ဍာရီတွေအရ နေနတ်ဘုရား apollo ရဲ့ ပန်းဖြစ်တယ်လို့ဆိုကြတဲ့အတွက် “မင်းတစ်ယောက်ပဲအတွက်”လို့ အဓိပ္ပါယ်ရပါတယ်။ အချစ်၊ လေးစားချစ်ခင်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေပါရှိတဲ့အတွက် ချစ်ရေးဆိုတဲ့အခါမျိုး၊ လက်ထပ်ခွင့်တောင်းတဲ့အခါမျိုးမှာသင့်လျော်တဲ့ပန်းလေးလည်းဖြစ်ပါတယ်။”

နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှု စရိတ် နည်းပါးခြင်း၊ အပျက်အစီး နည်းခြင်း၊ အထွက်နှုန်းနှင့် တစ်ဧကလျှင် ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူ ပြုနိုင်သည့် သီးနှံ ဖြစ်ပါသည်။နေကြာမျိုးတွင် အရိုင်းမျိုးနဲ့ အယဉ်မျိုးဆိုပြီးတော့ ၂မျိုးရှိပါတယ် ။အရိုင်းပင်က နှစ်ရှည်ခံအပင်ဖြစ်ပြီး နေကြာအယဉ်ကတော့ တစ်နှစ်ခံပင်ပဲဖြစ်ပါတယ်။

မြေအမျိုးအစား

မြေသားနက်၍ မွပြီး မြေဆီအာဟာရ ထက်သန်သောမြေနှင့် နုန်းမြေတွင် စိုက်ပျိုးနိုင်ပါတယ်။ရေစိမ့်အားကောင်းပြီး ရေမ၀ပ်သော မြေဖြစ်ရမည်။ မြေချဉ်ငံကိန်း (pH) ၆.၀ မှ ၇.၅ ဖြစ်ရမည်။

နုန်းမြေ ၊ သဲနုန်းမြေ ၊ နုန်းမြေဆွေးတို့မှာ နေကြာကကောင်းစွာဖြစ်ထွန်းပါတယ်။သဲမြေသန့်သန့် ရွှံ့ဆွေးမြေနဲ့ ကျောက်စရစ်မြေမျိုးတွင် နေကြာကို မစိုက်ပျိုးသင့်ပါ။

ရာသီဥတု

နေကြာပင်ဟာ မိုးခေါင်တာကို ခံနိုင်ပြီးတော့ မိုးများပြီး ရေဝပ်တဲ့ဒဏ်ကို မခံနိုင်တဲ့အတွက်မိုးများတဲ့ဒေသတွေမှာဆိုရင် မိုးလယ်နဲ့ ဆောင်းဦးလိုအချိန်မျိုးတွင်စိုက်ပျိုးသင့်ပါတယ်။အကောင်းဆုံးကတော့ မိုးနှောင်းပိုင်းမှာ စိုက်ပျိုးတာပဲဖြစ်ပါတယ် ။

မြေပြုပြုခြင်း

နေကြာပန်းပင်စိုက်ပျိုးမဲ့ မြေကိုတော့ သုံးသွားလင်ဗန်းထယ်နဲ့ထိုးပေးပြီး ၁၆သွားထွန်နဲ့ ၂စပ်၃စပ် မွှေပေးရမှာဖြစ်ပါတယ်။စိုက်ဘောင်များကိုဖော်၍မျိုးစေ့များကို မြေအနက်၂လက်မအထက် ပို၍ မနက်စေပဲ မျိုးစေ့ချပေးရမှာဖြစ်ပါတယ်။

တစ်ကျင်းကိုတော့ အစေ့ ၄စေ့၅စေ့ ချပေးရမှာဖြစ်ပြီးလေးငါးရက်အတွင်းမှာ အပင်ပေါက်ကလေးများထွက်လာမှာပဲဖြစ်ပါတယ် ။အရွက်များထွက်လာတဲ့အခါမှာတော့ အကောင်းဆုံးအပင်ကို ချန်ထားပြီးတော့ ကျန်အပင်တွေကို နှုတ်ပေးရမှာဖြစ်ပါတယ်။

ရေပေးသွင်းခြင်း

အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်မှု မရှိစေရန်နှင့် ရေပေးသွင်းနိုင်ပါက အဖူး ၇၅ % ၀င်ချိန်နှင့် ပန်း ၇၅ % ၀င်ချိန် ရေပေးသွင်းရပါမယ်။ ရေပေးသွင်းချိန်တွင် ရေမ၀ပ်စေရန် အရေးကြီးပါတယ်။

သဘာဝမြေသြဇာ

မြေပြင်ချိန်တွင် နွားချေးဆွေး (သို့မဟုတ်) မြေဆွေးကို နွားလှည်း 5 စီးမှ 10 စီးအထိ ထည့်သွင်းပေးနိုင်ပါတယ်။တစ်ဧကကို နွားချေး တင်း ၁၀၀ ဒါမှမဟုတ်ရင် တင်း ၂၀၀ ချပေးရမှာဖြစ်ပါတယ်။

ဓာတ်မြေသြဇာ

မြေပြုပြင်ချိန် တစ်ဧကကို ယူရီးယား ၁၅ ပိဿာ၊ တီစူပါ ၁၅ ပိဿာနှင့် ပိုတတ်ရှ် ၁၅ ပိဿာနှင့် အဖူး၀င်ချိန် ယူရီးယား တစ်ဧက ၁၅ ပိဿာနှင့် ပန်းစပွင့်ချိန် ယူရီးယား တစ်ဧက ၁၅ ပိဿာနှုန်း အသုံးပြုနိုင်ပါတယ်။

ပေါင်းမြက် နှုတ်ခြင်း

အပင် ရက် ၃၀ကနေ ၃၅ရက်သား၊ အချို့ကလည်း အပင် ၄၀ရက်သားလောက်မှာတော့ အဖူးအကင်းလေးများ စဝင်နေချိန်ဖြစ်ပြီး ပေါင်းလိုက်ခြင်း ၊ဘောင်တင်ခြင်းတို့ကို ပြုလုပ်ပေးရမှာပါ ။

ပိုးမွှားနှိမ်နင်းခြင်း

ပိုးမွှားအန္တရာယ် နှိမ်နှင်းမှုကိုတော့ စောစောပြုလုပ်ရမှာဖြစ်ပြီး ပန်းပွင့် ပွင့်တဲ့အချိန်ရောက်မှ ပိုးသတ်ဆေးဖျန်းခြင်းကိုတော့ မပြုလုပ်ရပါဘူး။အပင်ငယ်စဉ်တွင် ဖြုတ်ပိုး၊ ရွက်စားပိုး၊ ရွက်ဖောက်ကျိုင်းများ ကျရောက်တတ်သဖြင့် အချိန်မီ ကာကွယ်ရန် လိုအပ်ပါတယ်။ အစေ့အဆန် တည်ချိန်တွင် သီးလုံးဖောက်ပိုးနှင့် ရွက်စုံစား ခူဝါများ ကျရောက်တတ်ပါတယ်။

ကျရောက်တတ်သောရောဂါများ

နေကြာပင်မှာ ကျရောက်တတ်တဲ့ ရောဂါတွေကတော့ နေကြာပင်ရင်းပုတ် ရောဂါနဲ့၊ နေကြာ ပင်မဲရွက်ပျောက်ရောဂါ၊ နေကြာ သံချေးတက်ရောဂါ၊ နေကြာအပွင့်ပုတ် ရောဂါတို့ပဲ ဖြစ်ပါတယ်။ မှိုရောဂါ ကျရောက်တတ်သဖြင့် မျိုးစေ့ကို မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ် စိုက်ပျိုးရပါမယ်။နေကြာ ရွက်ခြောက် ရောဂါ ဆိုးရွားစွာ ကျရောက်ပါက ပွင့်ဖူး၀င်ချိန်မှစ၍ မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

ရိတ်သိမ်းနည်းစနစ်

နေကြာပွင့် နောက်ကျောဘက် အဝါရောင် သမ်းလာချိန် သို့မဟုတ် ရက်၁၀၀မှာ ပန်းပွင့်တွေရဲ့ပုံသဏ္ဍာန်ဟာညို၀ါရောင်ပြောင်းလာချိန်တွင် အစေ့များအောင်မြင်ပြီဖြစ်၍ စတင်ရိတ်သိမ်းနိုင်ပါတယ်။ဒါကြောင့် ပန်းပွင့်အုံရဲ့အောက် လေးလက်မခန့် ခွာပြီးတော့ ခုတ်သိမ်းပေးရမှာလည်း ဖြစ်ပါတယ်။

ရိတ်သိမ်းပြီး နေကြာပွင့်အား တစ်ပွင့်နှင့် တစ်ပွင့် မထပ်စေဘဲ (၂-၃) ရက် နေလှန်း အစေ့ခြွေနိုင်ပါတယ်။အစေ့တွင်း အစိုဓာတ် (၅-၆) ရာခိုင်နှုန်းထိ ရရှိရန် (၂-၃)ရက် နေလှန်း၍ လေလုံအောင် သိုလှောင်ရပါမယ်။

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.