Connect with us

ငရုတ်သီးနှံရဲ့အထွက်နှုန်းတိုးမြှင့်ဖို့သိကောင်းစရာအချက်များ

AGRICULTURE

ငရုတ်သီးနှံရဲ့အထွက်နှုန်းတိုးမြှင့်ဖို့သိကောင်းစရာအချက်များ

ငရုတ်သီးစိုက်ပျိုးရာတွင် အထွက်တိုးအောင်ပြုလုပ်နိုင်သောအချက် ၁၀ချက်ကို ​ဖော်ပြပေးလိုက်ပါတယ်။

(၁)မျိုးစေ့ကြဲချိန်နှင့်အညှောက်ပေါက်ချိန်ကာလတစ်လျှောက်လုံးတွင်အိမ်လုပ်မြေသြဇာကိုသာသုံးစွဲပါ။ပြုလုပ်နည်းမှာလက်ဖက်ရည်ပြုလုပ်ပြီးစွန့်ပစ်ရန်ကျန်သောလက်ဖက်ရွက်များကိုကြက်ဥခွံနှင့်ကြက်သွန်နီအခွံတို့ဖြင့်ရောပါ၊ထို့နောက်ရောသမမွှေသွားအောင်ကြိတ်ချေ၍အခြောက်ခံပါ၊အရောအနှောကိုငရုတ်ပင်များစိုက်ပျိုးမည့်မြေထဲသို့မထည့်ခင်အုန်းဆံမျှင်အနည်းငယ်နှင့်ငရုတ်သီးမှုန့်များထပ်ထည့်ပေးပါ။

(၂) စိုက်ပျိုးရန်အတွက်ငရုတ်သီးအစေ့ခြောက်များကိုအသုံးပြုမည်ဆိုပါကရေထဲတွင်အနည်းဆုံး10မိနစ်စိမ်ပေးရမည်ဖြစ်ပြီးရင့်မှည့်ပြီးသားအစေ့များကိုအသုံးပြုမည်ဆိုလျှင်​တိုက်ရိုက်စိုက်ပျိုးနိုင်ပါတယ်။ငရုတ်ပင်များစတင်ကြီးထွားလာချိန်တွင်အပင်ကိုအထောက်အကူပြုရန်မြေကြီးထဲသို့ထိုးစိုက်ထားသောတုတ်ချောင်းတစ်ချောင်းနှင့်တွဲချည်ပေးပါ။

(၃) Grobag သို့မဟုတ်မြေပေါ်တွင်ငရုတ်ပင်နှစ်ပင်စီအတူတကွစိုက်ပျိုးပေးပါ။

(၄)ငရုတ်ပင်များအတွက်အထူးပြင်ဆင်ထားသောဓာတ်မြေသြဇာကိုအသုံးပြုပေးပါ။ပြုလုပ်နည်းမှာ အချဥ်ဖောက်ထားသောဆန်ဆေးရေထဲသို့အဆီထုတ်ထားသောမြေပဲခဲ(groundnut cake)ကိုထည့်ပါ၊အသေအချာရောမွှေပြီးလျှင်(၇)ရက်ထားထားပါ။၈ရက်မြောက်နေ့တွင်ဤအရည်ပျစ်ထဲသို့တစ်ခွက်လျှင်ရေဆယ်ခွက်နှုန်းဖြင့်ရေရောပေးပါ။ထိုအရောနှင့်တစ်ပတ်လျှင်တစ်ခါငရုတ်ပင်များလောင်းပေးပါ။

(၅)ငရုတ်ပင်များစိုက်ပျိုးထားသောမြေအောက်သို့တမာခဲကိုနှစ်ပတ်လျှင်တစ်ခါထည့်ပေးပါ။

(၆)Whiteflyကဲ့သို့သောပိုးမွှားများပင်းဝေးစေရန်အတွက်ငရုတ်ပင်များကိုရေရောထားသောဆန်ဆေးရေနှင့်မကြာခဏဖြန်းပတ်ပေးနိုင်ပါတယ်။

(၇)ဆန်ဆေးရေတစ်ခွက်တွင်လက်အပြည့်စာ ပြာများထည့်ပါ၊ထို့နောက်ခွက်၂၀စာ ရေရောထည့်ပြီးပါကငရုတ်ပင်များကိုလောင်းပေးပါ။အပင်မြန်မြန်ကြီးပွားလာပါလိမ့်မယ်။

(၈)လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ asafotida powder ကိုရေတစ်လီတာထဲသို့ထည့်ပါ၊သေချာရေမွှေပြီးလျှင်ငရုတ်ပင်၏အဖူးနှင့်အပွင့်များပေါ်သို့ဖြန်းပေးပါ။ဤသို့ပြုလုပ်ခြင်းဟာအပွင့်များမကျဘဲငရုတ်သီးအထွက်နှုန်းတိုးတက်အောင်ကူညီပါလိမ့်မယ်။

(၉)သတင်းစာ သို့ စက္ကူအဟောင်းများကိုအပိုင်းသေးလေးများပိုင်းဖြတ်၍ငရုတ်ပင်အောက်ရှိမြေကြီးထဲသို့ရောထည့်ကာမြေပြန်ဖို့ပေးပါ။ငရုတ်သီးများအထွက်နှုန်းတိုးအောင်ကူညီပါလိမ့်မယ်။

(၁၀) ထန်းလျက်ခဲအမှုန့်အနည်းငယ်ကိုရေဆိုးရေ(ငါးသန့်ရှင်းရေးအတွက်အသုံးပြုထားသောရေ)ထဲသို့ရောထည့်ပြီး(၇)ရက်ထားပေးပါ။၈ရက်မြောက်နေ့တွင်ရေရော၍အပင်ပေါ်မှပတ်ဖြန်းခြင်း သို့မဟုတ် အပင်အောက်သို့လောင်းထည့်ခြင်းပြုလုပ်ပေးပါ။ဤအရာကိုနှစ်ပတ်လျှင်တစ်ကြိမ်ပြုလုပ်ရပါမည်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.