Connect with us

ရွက်လှနီ ခရစ္စမတ်ပန်းအား အိုးဖြင့်စိုက်ပျိုးနည်း

AGRICULTURE

ရွက်လှနီ ခရစ္စမတ်ပန်းအား အိုးဖြင့်စိုက်ပျိုးနည်း

(၁) ရာသီဥတုအခြေအနေမှန်မမှန်ဆုံးဖြတ်ပါ

အကယ်၍သင်ဟာအပူချိန်10-20မှအထက်ရှိမအေးလွန်းသောဆောင်းရှိသောစိုက်ပျိုးရေးဇုန်နေရာဒေသတွင်နေထိုင်ပါက နှစ်ကြာသည်နဲ့အမျှတဖြည်းဖြည်းနှစ်ရှည်ခံပင်အဖြစ်ကြီးထွားလာမည်ဖြစ်သောရွက်လှပန်းနီကိုမြေတွင်တိုက်ရိုက်စိုက်ပျိုးနိုင်ပါတယ်။အကယ်၍သင်ဟာဆောင်းတွင်းဘက်တွင်အပူချိန်အေးခဲမှတ်ထိကျသောနေရာဒေသမျိုးတွင်နေထိုင်ပါက ရွက်လှပန်းနီကိုအိမ်တွင်းအလှပင်များကဲ့သို့ပန်းအိုးထဲတွင်ထည့်၍စိုက်ပျိုးရမည်ဖြစ်ပါတယ်။ရွက်လှပန်းနီများရဲ့မူရင်းဒေသဟာ Mexico မှဖြစ်ပြီးရှင်သန်ကြီးထွားဖို့အတွက်ပူသောရာသီဥတုကိုလိုအပ်ပါတယ်။

(၂) နွေဦးရာသီမရောက်ခင်အထိရွက်လှပန်းနီများကိုဂရုစိုက်ပေးပါ

အကယ်၍သင်ဟာအလှဆင်ရန်အတွက်ရွက်လှပန်းနီကိုဆောင်းတွင်းဘက်တွင်ဝယ်လာခဲ့ပါကသင်နေထိုင်သောနေရာဟာမအေးလွန်းသောဆောင်းရာသီရှိစေကာမူ အပင်ကိုပန်းအိုးအတွင်းတွင်သာထားရပါမယ်။အပင်ဟာခဲပြားနှင့်ပတ်ပေးထားပါကအိုးထဲမှရေကိုရရှိနိုင်ရန်အတွက်ပတ်ထားသည်ကိုခွာပေးရပါမယ်။ပူသောရာသီဥတုရောက်ပြီးအပင်ကိုရွှေ့ပြောင်းလို့ရသည့်အချိန်ထိအပင်ကိုပန်းအိုးထဲတွင်သာစိုက်ပျိုးထားရပါမယ်။မြေကြီး​ခြောက်သည်နှင့်အပင်ကိုရေကိုပုံမှန်လောင်းပေးပါမယ်။

(၃)စိုက်ပျိုးရန်နေရာကိုပြင်ဆင်ပါ

ရွက်လှပန်းနီပင်ကိုနေအလင်းရောင်နှင့်အပူချိန်ရရှိပြီးအပူချိန်ပြင်းသောနေ့ခင်းဘက်များတွင်လည်းအရိပ်အနည်းငယ်ရနိုင်မည့်နေရာမျိုးကိုရှာပါ။12 to 16လက်မ(30 to 40စင်တီမီတာ)အနက်ရှိသောမြေကိုတူးဆွပါ။လိုအပ်ပါကမြေကိုသဘာဝမြေသြဇာများထည့်ပေးပါ။ရွက်လှပန်းနီများဟာမြေသြဇာကြွယ်ဝပြီးရေကောင်းစွာစုပ်ယူထားသောမြေမျိုးကိုနှစ်သက်ပါတယ်။

(၄) ရွက်လှပန်းနီပင်ကိုစတင်စိုက်ပျိုးပါ

ရွက်လှပန်းနီ၏အမြစ်လုံးအရွယ်အစားလောက်ကျယ်သောတွင်းကိုတူး၍အပင်ကိုစိုက်ပျိုးပါ။ပင်စည်အောက်ခြေပတ်လည်မှမြေကိုသေချာစွာပုတ်၍ဖို့ပေးပါ။2 မှ 3လက်မ(5 မှ 7စင်တီမီတာ)ရှိသောသဘာဝမြေငွေ့ထိန်းအကာနှင့်အပင်ခြေရင်းပတ်လည်ကိုကာပေးပါ။ဤသို့ပြုလုပ်ခြင်းဟာမြေကိုအေးမြ၍စိုစွတ်မှုကိုထိန်းပေးပါတယ်။

(၅) ရွက်လှပန်းနီပင်ကိုမြေသြဇာကျွေးပါ

သင်ဟာ12-12-12 သို့မဟုတ် 20-20-20စသည်ဖြင့်ကွန်ပေါင်းမြေသြဇာကိုအသုံးပြုနိုင်သလိုမြေဆွေးဖြင့်လည်းအပင်ကိုမြေသြဇာကျွေးနိုင်ပါတယ်။

(၆) ကြီးထွားသောကာလတစ်လျှောက်လုံးအပင်ကိုရေလောင်းလောင်းပေးပါ

​အပင်ပတ်လည်ရှိမြေကြီးကိုထိကြည့်တိုင်းခြောက်နေပါကရေလောင်းပေးပါ။အပင်ထိပ်ဖျားမှရေလောင်းချခြင်းကိုရှောင်ကျဥ်ပါ။

(၇) အပင်ဖူးများကိုဆိတ်ခြွေပေးပါ

ကြီးထွားသည့်ကာလတစ်လျှောက်လုံးရွက်လှပန်းနီပင်မှပွင့်ဖူးနေသောအဖူးသေးများကိုပန်းပွင့်စေရန်အတွက်အခါအားလျော်စွာဆိတ်၍ခြွေပေးပါ။ချိုးလိုက်သောအပင်ဖူးများကိုစွန့်ပစ်လျှင်သော်၄င်း၊အပင်သစ်များပြန်လည်စိုက်ပျိုးသော်၄င်းအသုံးပြုနိုင်ပါတယ်။

(၈) အပင်မှဖြတ်ထားသောအကိုင်းများကိုအပင်သစ်စိုက်ပျိုးပါ

ရွက်လှပန်းနီပင်မှ8လက်မ(20စင်တီမီတာ)ရှိသောအကိုင်းများကိုကိုင်းအနုများကြီးထွားလျက်ရှိသည့်အပင်၏ပင်စည်မှ သို့မဟုတ် 18လက်မ(45စင်တီမီတာ)ရှိသောအကိုင်းဖြတ်ကိုအပင်၏သစ်သားပင်စည်မှဖြတ်ယူ၍ရွက်လှပတ်းနီပင်အသစ်များကိုစိုက်ပျိုးပါ။

(၉) အပင်အားဆောင်းရာသီကျော်ဖြတ်ပါ

ဆောင်းလများအတွက်မြေကြီးအားအနွေးဓာတ်ရစေရန်အတွက်အပင်၏အရင်းပိုင်းပတ်လည်တွင်မြေငွေ့ထိန်းအကာများကိုအသစ်လဲပေးပါ။ရွက်လှပန်းနီပင်များဟာမြေကြီးအပူချိန်45ဒီဂရီဖာရင်ဟိုက်(7ဆဲလ်စီးရပ်စ်)အောက်မကျသောနေရာဒေသများတွင်ဆောင်းရာသီကိုကျော်ဖြတ်နိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.