Connect with us

အပင်များတွင်ရောဂါအလွယ်တကူ ၀င်ရောက်စေနိုင်သော အကြောင်းရင်းများနှင့် ကာကွယ်နှိမ်နင်းနည်း

AGRICULTURE

အပင်များတွင်ရောဂါအလွယ်တကူ ၀င်ရောက်စေနိုင်သော အကြောင်းရင်းများနှင့် ကာကွယ်နှိမ်နင်းနည်း

အပင်များတွင် ရောဂါကျရောက်မှုကြောင့် အပင်၏အထွက်နှုန်းကော အရည်အသွေးကော ကျဆင်းစေနိုင်ပါတယ်။

ရောဂါအလွယ်တကူ ၀င်ရောက်စေနိုင်သော အကြောင်းရင်းများမှာ

-အပင်အတွက် လိုအပ်သော သတ္တုဓာတ်၊ ဆားဓာတ်၊ များလွန်းခြင်းကြောင့် အပင်ကို အဆိပ်ဖြစ်စေခြင်း

-အပင်အတွက် လိုအပ်သော သတ္တုဓာတ်၊ ဆားဓာတ်များ နည်းလွန်းခြင်းကြောင့် အပင်လှိခြင်းဖြစ်ပြီး ရောဂါအလွယ်တကူ၀င်ရောက်နိုင်ပါတယ်။

-အပင်အား ရေခြောက်စေခြင်း၊ ရေများလွန်းစေခြင်းစသည့် အခြေအနေများတွင် ရောဂါလွယ်ကူစွာ၀င်ရောက်နိုင်ပါတယ်။

-အပင်များ ဒဏ်ရာရရှိခြင်းမှတစ်ဆင့် ရောဂါ၀င်ရောက်နိုင်ပါတယ်။(ဥပမာ မိုးပေါက်၍ မြေကြီးသဲငယ်မျာ အပင်အား ထိမှန်ပြီး ဒဏ်ရာရစေခြင်း)

-ပတ်၀န်းကျင်အခြေအနေဖြစ်သော မိုးအုံ့ဆိုင်းနေခြင်း၊ အစိုဓာတ်၊ အပူချိန်ပြောင်းလဲဖြစ်ပေါ်ခြင်းအခြေအနေတွင် ရောဂါပိုးများ ပျံ့နံ့မှု ပိုမို၍ အခွင့်သာစေပါတယ်။

-အသုံးပြုသော ကိရိယာ တန်ဆာပလာများမှ တစ်ဆင့်လည်း ၀င်ရောက်နိုင်ပါတယ်။

နှိမ်နင်းနည်း

(၁)ရောဂါကင်းသည်ဟု ထောက်ခံထားသောမျိုးစေ့များကိုသာ၀ယ်ပါ

(၂) သီးနှံအလှည့်ကျစိုက်ပါ။

(၃)စိုက်ပျိုးသည့်မြေကို ပိုးသန့်စင်ပါ။(မြေဘောင်ကိုရေနွေးပူလောင်နိုင်ပါတယ်)

(၄)စိုက်ပျိုးသည့်မြေကို အမြဲသန့်ရှင်းနေစေရန် ပေါင်းမြက် ရှင်းလင်းပေးခြင်းတို့ ပြုလုပ်ပေးပါ

(၅) ဘက်စုံအာဟာရစုံ ပြုပြင်ထာသော မြေပေါ်တွင် နည်းစနစ်ကောင်းမွန်စွာ စိုက်ပျိုးပါ

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.