Connect with us

အပင်ရေ၀ပ်ခြင်းသို့မဟုတ် ရေများခြင်း ဖြစ်ပါက ကယ်တင်နိုင်သောနည်းလမ်းများ

AGRICULTURE

အပင်ရေ၀ပ်ခြင်းသို့မဟုတ် ရေများခြင်း ဖြစ်ပါက ကယ်တင်နိုင်သောနည်းလမ်းများ

၁) ရေ၀ပ်ခြင်းကြောင့် အပင်ညှိုးနွမ်းခြင်းဖြစ်ပါက ရေလောင်းခြင်းကိုရပ်တန့်လိုက်ပါ။ ဒီလိုမှမဟုတ်ရင်ပြဿနာဟာပိုဆိုးလာနိုင်ပါတယ်။ အမြစ်များနှင့်မြေဆီလွှာခြောက်သွေ့နေကြောင်းသေချာသည်အထိသင်အိုးထဲသို့ရေမလောင်းရပါဘူး။

(၂)အရွက်များအားကာကွယ်ရန်အပင်ကိုအရိပ်သို့ယူဆောင်လာပါ။ အပင်ဟာ ရေ၀ပ်ဖူးသောကြောင့် ထပ်မံရေလောင်းသောအခါ၎င်း၏အပင်ထိပ်ဖျားသို့ရေပို့ဆောင်ရန်အခက်အခဲရှိပါတယ်။ဆိုလိုသည်မှာအပင်၏ထိပ်သည်နေပူထဲတွင်ထားပါကခြောက်သွေ့မှုကို ခုခံရန်အားနည်းပါလိမ့်မယ်။ ထိူ့ကြောင့်အပင်ကိုထိန်းသိမ်းရန်အရိပ်ထဲသို့ဆောင်ယူသွားပါ။

(၃) အပင်နှင့်မြေဆီလွှာကိုဖြေလျှော့ရန်အိုးကိုပုတ်ပါ။ အိုး၏ဘေးဘက်များကိုညင်ညင်သာသာသာဖိရန်သင်၏လက်သို့မဟုတ်ဂေါ်ပြားငယ်ကိုသုံးပါ။ မြေဆီလွှာနှင့်အမြစ်များကိုဖြေလျှော့ရန်နှစ်ဖက်စလုံးတွင်ပြုလုပ်ပါ။ ဒိီလိုပြုလုပ်ပေးခြင်းကသင်၏အမြစ်များကိုခြောက်သွေ့စေနိုင်သည့်လေအိတ်များကိုဖန်တီးပေးနိုင်ပါတယ်။

(၄)သင်၏အမြစ်ကိုစစ်ဆေးရန်နှင့်ခြောက်သွေ့စေရန်အပင်ကိုအိုးထဲမှထုတ်ပါ။ ၎င်းသည်သင်၏အပင်ကိုပိုမိုမြန်ဆန်စွာခြောက်သွေ့စေပြီးပိုမိုကောင်းမွန်သောရေနုတ်မြောင်းအပေါက်ပါရှိသောအိုးတစ်လုံးတွင်ပြန်လည်စိုက်ပျိုးနိုင်ပါတယ်။ အလွယ်တကူဖယ်ရှားနိုင်ရန်အတွက်မြေပြင်အထက်ရှိအပင်၏အောက်ခြေကိုကိုင်ထားရန်လက်တစ်ဖက်ကိုအသုံးပြုပါ။ ထို့နောက်အပင်ကိုဖြည်းဖြည်းပြန်လှည့်ကာအမြစ်မြေဆီလုံးခဲကျသည့်တိုင်အောင်အိုးကိုအခြားလက်ဖြင့်လှုပ်ပါ။

(၅)အပင်မှ အမြစ်များကိုတွေ့မြင်နိုင်သည်ထိမြေဆီလွှာအဟောင်းများကိုဖယ်ရှားရန်သင့်လက်ချောင်းများကိုသုံးပါ။ မြေဆီလွှာကိုညင်ညင်သာသာဖယ်ရှားပြီးအမြစ်ပေါ်အောင်လုပ်ပါ။ အမြစ်မပျက်စီးစေရန်လက်ချောင်းဖြင့်ဂရုတစိုက်ဖယ်ပစ်ပါ။

(၆) အမြစ်များမြင်ရသောအခါ အနံ့ထွက်နေသော အမြစ်ပုပ်များကိုဖယ်ရှားပစ်ပေးပါ။ကျန်းမာပြီးကောင်းသောအမြစ်များက အဖြူရောင်ရှိပြီး ခိုင်မြဲနေတာကို တွေ့မြင်နိုင်ပါတယ်။ အမြစ်ပုပ်များကတော့ ပျော့ပြီး အညိုရောင် သို့မဟုတ် အနက်ရောင်ဖြစ်နေပါလိမ့်မယ်။ ကျန်းမာသောအမြစ်များကို ချန်ထားပြီး အမြစ်ပုပ်များကို ကတ်ကြေးဖြင့် သို့မဟုတ် တံစဥ်းဖြင့် အမြန်ဆုံးဖယ်ရှားပစ်ပါ။

(၇)အရွက်သေများနှင့်ပင်စည်သေများကို ဖယ်ရှားပစ်ပါ။ အညိုရောင်သန်းပြီး ခြောက်နေသောအရွက်များနှင့် ပင်စည်များကို ဥိီးစွာ ဖြတ်ထုတ်ပစ်ပါ။အမြစ်များစွာကိုဖယ်ရှားထားပါက အပင်ရှိကျန်းမာသန်စွမ်းသောအစိတ်အပိုင်းအချို့ကိုလည်းဖြတ်ပစ်ဖို့လိုပါတယ်။ ဒါမှသာ အပင်ဟာ အမြစ်ထက်နှစ်ဆများမနေမှာဖြစ်ပါတယ်။အမြစ်တွင်ဖယ်ရှားထားသလောက်နည်းတူ အပင်ရှိအစိတ်အပိုင်းများကိုလည်းလုံလောက်စွာ ဖယ်ရှားခြင်းဖြင့်ကောင်းမွန်စွာပြန်လည်စိုက်ပျိုးနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.