Connect with us

ခတ္တာပန်း(amaryllis) စိုက်ပျိုးနည်း

AGRICULTURE

ခတ္တာပန်း(amaryllis) စိုက်ပျိုးနည်း

ခေတ္တာပန်းစိုက်ပျိူးရာတွင်လိုအပ်သည့်အောက်ပါအချက်များကိုပြင်ဆင်ပါ။

-မည်သည့်အချိန်တွင်မဆိုအိမ်တွင် ခတ္တာပန်းကိုလွယ်ကူစွာစိုက်ပျိုးနိုင်ပါတယ်။ အိမ်တွင်းသိူ့မဟုတ် မိုးလုံလေလုံနေရာ၌ အပူချိန်ကိုအလွယ်တကူထိန်းချုပ်နိုင်ခြင်းကြောင့် ခတ္တာပန်းပင်များကိုတစ်နှစ်အတွင်းမည်သည့်အချိန်၌မဆိုစိုက်ပျိုးနိုင်တာဖြစ်ပါတယ်။

-အိမ်ပြင်သို့မဟုတ် အမိုးအကာမပါသောဥယျာဥ်တွင် စိုက်ပျိုးရန်စီစဥ်ထားပါက နွေဦးရာသီ၌စိုက်ပျိုးသင့်ပါတယ်။ Amaryllis အပင်များသည်နွေ ဦး ရာသီအလယ်တွင်ပန်းပွင့်အပြည့်ဖြင့်ဖူးပွင့်နေတတ်ပါတယ်။

-သင်ဟာ အမိုးအကာအောက်တွင်စိုက်ပျိုးလျှင်ကြီးမားလေးလံသောပန်းများအတွက်ကြီးမားသောကွန်တိန်နာတစ်ခုကိုရွေးချယ်ရပါမယ်။ ခေတ္တာပန်းများအပြည့်အဝပွင့်လင်းစွာဖွံ့ဖြိုးနိုင်ရန် မျိုးဥကြီးများအတွက်နေရာများများလိုအပ်ပါတယ်။ ကြီးမားပြီး တည်ငြိမ်နိုင်သောအိုးကိုရွေးချယ်ခြင်းဟာအလွန်အရေးကြီးပါတယ်။

-မျိုးဥများ၏အရွယ်အစားပေါ် မူတည်၍ အိုးတစ်လုံးစီတွင်မျိုးဥ ၂ လုံးထားရန်အိုးများသည်အချင်း ၁၀ မှ ၁၆ လက်မ (၂၅ မှ ၄၁ စင်တီမီတာ) ရှိရပါမယ်။အိုးထဲကိုအလေးပိုမိုများစေလိုလျှင် အောက်ခြေမှာကျောက်စရစ်အနည်းငယ်ထည့်ပါ။

-သင်၏အပင်ကိုသဘာဝအလင်းရောင် များနိုင်သမျှများများပေးနိုင်မည့်နေရာတွင်ထားပါ။ ကြီးထွားနေစဥ်ခတ္တာပန်းအတွက်အပူချိန်သည် ၆၅-၇၅ ဒီဂရီဖာရင်ဟိုက် (၁၈-၂၄ ဒီဂရီစင်တီဂရိတ်) ဖြစ်ပါတယ်။ ခတ္တာပန်း အပင်များသည်ပူနွေးသောရာသီဥတုတွင်ပေါက်လိုသောကြောင့်တတ်နိုင်လျှင်ဖော်ပြပါအပူချိန်တိုင်းပေးနိုင်လျှင် ပိုကောင်းပါတယ်။

မျိုးဥစိုက်ပျိုးခြင်း

(၁) အာဟာရရှိသောမြေဆီလွှာတွင်မျိုးဥများအားစိုက်ပါ၊၊မျိုးဥ၏သုံးပုံနှစ်ပုံကိုနက်ရှိုင်းစွာတူးထားသောမြေတွင်းတွင်းမြှုပ်ထားကြောင်းသေချာအောင်လုပ်ပါ။ ဆိုလိုသည်မှာ သုံးပုံတစ်ပုံကတော့ မြေပေါ်မှာ ပေါ်နေရပါမယ်။ ခတ္တာပန်းပင်များအားပုံမှန်ရောစပ်နေကြ မြေဆီလွှာအတိုင်းစိုက်ပျိုးလို့ရပါတယ်။ ဤအရောနှောများကိုအိမ်သုံးကုန်ပစ္စည်းများ၊ စတိုးဆိုင်များတွင်အများဆုံး၀ယ်ယူနိုင်ပါတယ်။
-စိုက်သည့်အခါအမြစ်ကိုမထိခိုက်မိစေရန်သတိပြုပါ။
-အကယ်၍ သင်သည် ခတ္တာပန်းပင် များကိုအပြင်၌စိုက်ပျိုးပါက ရွှံ့စေးမြေမျိုးကို ရှောင်ကြဥ်ရပါမယ်။သဲမြေဆီလွှာထက်ရွှံ့စေးမြေဟာ ရေစိမ့်၀င်မှုပိုမိုနှေးကွေးသောကြောင့်ဖြစ်ပါတယ်။ အကယ်၍ အမြစ်များသည်ရေစိမ့်မှုကြာပါက ၎င်းတို့သည်ရေ၀ပ်ခြင်းကြောင့် ပုပ်လာနိုင်ပါတယ်။
-အာဟာရကြွယ်ဝစေရန်သင်၏မြေဆီလွှာထဲသို့မြေဆွေးထည့်ပေးဖို့လည်းမမေ့ပါနဲ့

(၂)အပင်နှင့်အံဝင်ခွင်ကျဖြစ်စေရန်မြေဆီလွှာကိုဖိပေးပါ။ ထိုသို့ပြုလုပ်ခြင်းသည်မြေဆီလွှာထဲတွင်လေပူဖောင်းများမပါရှိအောင်ပြုလုပ်ပေးပြီးအပင်ကိုကောင်းမွန်စေပါတယ်။

မြေဆီလွှာကိုဖိ၍ပုံသွင်းပေးခြင်းသည်အပင်စတင်ပေါက်လာသည်နှင့်အမျှခိုင်ခံ့သောအုတ်မြစ်ခိုင်မာစေရန်လည်းအထောက်အကူပြုပါတယ်။

(၃) အပင်ကို ကောင်းစွာရေလောင်းပေးပါ။ ပထမဦးဆုံး ရေလောင်းပြီးလျှင် ခတ္တာပန်းအပင်များကောင်းစွာကြီးထွားဖို့အများကြီးအာရုံစိုက်ပေးစရာမလိုအပ်ပါဘူး။ရေပိုလျှံစွာလောင်းခြင်းကသာအမြစ် ပုပ်ဖို့ ဦးတည်စေပါတယ်။ ဆိုလိုသည်မှာမြေဆီလွှာထိတွေ့မှုမှခြောက်သွေ့သွားသောအခါမှသာ အပင်ကိုရေလောင်းရန်လိုအပ်ပါတယ်။

အပင်ပြုစုခြင်း

အပင်ကို အိမ်တွင်းစိုက်ပျိုးပါက နေ့စဉ်အိုးကိုတစ်ဝက်စီလှည့်ပေးပါ။ အခြားအပင်များစွာကဲ့သို့ပင် ခတ္တာပန်းပင်များသည်လည်း အလင်းဆီသို့ ဦး တည်ကြီးထွားလေ့ရှိပါတယ်။ နေ့စဉ်အိုးကိုလှည့်ပေးခြင်းဖြင့်အပင် ဖြောင့်ဖြောင့်ကြီးထွားလာနိုင်ပါတယ်။

ပင်စည်သို့မဟုတ်အရွက်ကြီးထွားမှုကိုမြင်ရပြီဆိုလျှင် တစ်ပတ်တစ်ကြိမ်ရေလောင်းပေးပါ။ အလွန်အကျွံရေလောင်းခြင်းကြောင့်လူအများစုခတ္တာပန်းပင်စိုက်ပျိုးရာ၌ ကြုံတွေ့ရသောအကြီးမားဆုံးပြဿနာဖြစ်ပါတယ်။ ၎င်းတို့သည်မြေကိုစိုစွတ်အောင်လုံလောက်စွာရေလောင်းပေးရုံနှင့်ရပါတယ်။ ပင်စည်တစ်ခုပေါ်လာသည်နှင့်တပြိုင်နက်ပန်းမပွင့်သေးခင်အထိတစ်ဆင့်တစ်ပတ်လျှင်တစ်ကြိမ်ရေလောင်းခြင်းဖြင့်စတင်ခြင်းကအကောင်းဆုံးဖြစ်ပါတယ်။
အပင်စတင်ပန်းပွင့်သည်နှင့်တပြိုင်နက်တစ်ပတ်လျှင်နှစ်ကြိမ်ရေလောင်းပေးပါ။

ပင်စည်ဟာ တခြားတစ်ဖက်သို့ကိုင်းညွှန့်ကျလျှင် သို့မဟုတ် ယိုင်လာလျှင် ထောက်တိုင်နှင့် အကူအညီပေးပါ။ တစ်ခါတစ်လေမှာ ခေတ္တာပန်းတွေဟာ အရမ်းရှည်တတ်တာမျိုးလည်းရှိပါတယ်။ဒါဟာ အပင်ကိုတခြားတစ်ဖက်ကိုယိုင်လဲကျစေနိုင်တဲ့အတွက် ဆွဲဆောင်မှုလည်းမရှိသလို မကျန်းမာသောအပင်ပုံစံလည်းပေါက်နိုင်ပါတယ်။

အပင်ကို မြေတွင်ထောက်တိုင်ထိုးစိုက်၍ မတ်ပေးလိုက်ခြင်းက ပင်စည်ယိုင်မကျသွားရန်သင်၏အပင်အားထိခိုက်စေခြင်းမရှိရန်အလွန်လွယ်ကူသောနည်းလမ်းဖြစ်ပါတယ်။

ရှည်လျားပြီးပါးလွှာသောသစ်သားကိုမြေကြီးပေါ်သို့ ၁၂ လက်မ (၃၀ စင်တီမီတာ) အထိမြင့်တက်အောင်လုပ်ပေးပါ။ ထို့နောက် အခြားသောအပင်များနှင့်ကွဲပြားပြီး ယိုင်နေသောပုံပေါက်တဲ့ပန်းပင်နှင့် ထောင်ထားသောတိုင်ကို ကြိုးဖြင့်ချည်ပေးပါ။

ပန်းပွင်းပြီးသောအပင်မှ ပင်စည်ကိုဖြတ်၍ ပန်းပွင့်ကိုခူးယူနိုင်ပါတယ်။ ခတ္တာပန်းတွေဟာ အလွန်လှပသောကြောင့် ပန်းအိုးထိုးဖို့ဖြစ်ဖြစ် အလှဆင်ဖို့ဖြစ်ဖြစ် လွတ်လပ်စွာဖြတ်ယူနိုင်ပါတယ်။
ဒါပေမဲ့လို့ ပင်စည်အောက်နားထ်ိ ပိုမိုဖြတ်တောက်လေ ပြန်ရှည်ပြီး ကြီးထွားဖို့အတွက်တော့အချိန်ပိုကြာလေဖြစ်ပါတယ်။

ပန်းပွင့်အရောင်လွင့်တာနဲ့ ပင်စည်ကို ရိတ်သိမ်းလို့ရပါတယ်။ သို့သော်အရွက်များကိုတော့ ညှိုးနွမ်းပြီးအ၀ါရောင်ပြောင်းသည်ထိ ကြီးထွားပါစေ။ထို့နောက် မျိုးဥအထက် (၅.၁ မှ ၇.၆ စင်တီမီတာ) ၂လက်မမှ ၃လက်မ အကွာတွင်ဖြတ်တောက်နိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

  • FARM VIDEOS

    သင်္ဘောသီးစိုက်ပျိုးနည်းနည်းပညာ – သင်္ဘောသီးစိုက်ပျိုးနည်း

    By

    သင်္ဘောသီးသည် ၎င်း၏ အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်မှု မြင့်မားသောကြောင့် နာမည်ကြီးသော အသီးတစ်မျိုးဖြစ်သည်။ ၎င်းသည် အခြားအသီးအနှံများထက် စောထွက်ပြီး တစ်နှစ်အောက်၌ အသီးထွက်သည်။

  • FARM VIDEOS

    သခွားသီးခူးစက် – သခွားသီးချဉ် ပြုပြင်ထုတ်လုပ်သည့် စက်

    By

    လတ်ဆတ်သော သစ်သီးဝလံများ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို အက်စစ်ဓာတ်ရည် သို့မဟုတ် ရေငန်ဆားရည်အိုင်ထဲတွင် နှစ်မြှုပ်ခြင်းဖြင့် ၎င်းတို့ကို အစိမ်းလိုက် သို့မဟုတ် ပုပ်သိုးပျက်စီးရန် ခံနိုင်ရည်မရှိတော့သည့်တိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။ သခွားသီးကို ချဉ်ခြင်းအကြောင်းတွေးတဲ့အခါ...

  • FARM VIDEOS

    ပျားမွေးမြူရေးနှင့် ပျားရည် ထုတ်လုပ်ခြင်း

    By

    Manuka ပျားရည်သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးပျားရည်ဖြစ်သည်။ ၎င်း၏ဆန့်ကျင်ဘက်တီးရီးယားဂုဏ်သတ္တိများအတွက်တန်ဖိုးထားသော manuka ပျားရည်ထုတ်လုပ်မှုသည်ပိုမိုအရေးကြီးပါသည်။ ပန်းဝတ်မှုန်၊ ပျားဖယောင်းနှင့် ပရိုပိုလစ်တို့ကိုလည်း ထုတ်လုပ် တင်ပို့ရောင်းချသည်။

  • FARM VIDEOS

    ဂျပန်ပဲပင်ပေါက် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း

    By

    ဂျပန်နိုင်ငံရဲ့ ဧရာမ ပဲပင်ပေါက်ဟာ ရှေးခေတ်ကတည်းက လူသိများတဲ့ ဆောင်းရာသီ ဟင်းသီးဟင်းရွက် “Ohori Onsen moyashi” ဖြစ်ပါတယ်။ ၎င်းသည် ရေပူစမ်းနှင့် ရေပူစမ်းရေပူများကိုသာ အသုံးပြု၍ ရေပူစမ်းမြို့၌...

  • FARM VIDEOS

    တစ်ပတ်လျှင် ရှားစောင်းလက်ပတ်အရွက် 1.5 သန်း ရိတ်သိမ်းနည်း

    By

    နေလောင်ခြင်းကို သက်သာစေသော အသားအရေထိန်းသိမ်းမှုအထိ ရှားစောင်းလက်ပတ်ထုတ်ကုန်များသည် ရေပန်းစားလာပါသည်။ ယနေ့စက်မှုလုပ်ငန်းသည် ကန်ဒေါ်လာ ၆၂၅ သန်းရှိသည်။ သို့သော် ဈေးကွက်ရှိ ရှားစောင်းလက်ပတ် ထုတ်ကုန်အချို့တွင် ရှားစောင်းလက်ပတ် သဲလွန်စ လုံးဝ...


မြန်မာနက် သတင်း

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ပေါ်လစီများကြောင့်၊ ကမ္ဘာ့သတင်းများသာ ဖော်ပြထားနိုင်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


⦿ #MyanmarNet နှင့် Win မြန်မာဖောင့်တို့သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူကြောင်းကွဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ထားသည်။ ⦿ Millions of users have viewed our internet services by Myanmar Net since 1998.

All rights reserved by
Myanmar Net ® https://မြန်မာ.Net


Advertisement

Myanmar Net News

Advertisement
To Top
page views so far.