Connect with us

The baby blue eye(Nemophila)ပန်းစိုက်ပျိုးရာတွင်သိထားသင့်သောအချက်များ

AGRICULTURE

The baby blue eye(Nemophila)ပန်းစိုက်ပျိုးရာတွင်သိထားသင့်သောအချက်များ

nemophila ပန်းဟာ ပျော့ပျောင်းပြီး အဖြူနှင့်အပြာရောင်စပ်ထားတဲ့ပန်းဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားရှိဘာဂျာဒေသမှအစပြုပါတယ်။

(၁) Nemophilaပန်းစိုက်ပျိုးရန် အကောင်းဆုံးနည်းမှာမျိုးစေ့မှစတင်စိုက်ပျိုးခြင်းဖြစ်ပါတယ်။ ပူနွေးသောအပူချိန်တွင်အကောင်းဆုံးကြီးထွားသောအပင်တစ်ပင်ဖြစ်ပြီးအပူချိန် ၆၈ ဒီဂရီဖာရင်ဟိုက်အတွင်းမရောက်မချင်းမျိုးစေ့များကိုအပင်ပေါက်ရန်မကြိုးစားရပါဘူး

(၂)ဒိီပန်းဟာ အရွယ်ရောက်ပြီးသားပန်းဖြစ်လို့ရှိရင် အမြစ်ဟာအထိခိုက်မခံပါဘူး။ ဒါ့ကြောင့် အရွယ်ရောင်ပြီးသားအပင်ကို အစားထိုးစိုက်ပျိုးမည်ဆိုလျှင် အမြစ်ထိခိုက်ခြင်းမရှိအောင် ဂရုစိုက်ဖို့လိုပါတယ်။အကြိမ်များစွာပြောင်းလဲစိုက်ပျိုးခြင်းက အပင်ကိုပျက်စီးစေနိုင်တာကို သတိထားဖို့လည်းလိုပါတယ်။

(၃)အပင်ဟာ နေရောင်ကိုကြိုက်နှစ်သက်သော်လည်း နေရောင်ခြည်အပြည့်အ၀ကျရောက်လျှင်လည်း အပင်ကို ညှိုးနွမ်းစေနိုင်ပါတယ်။ဒါ့ကြောင့် နေရောင်ခြည်အကန့်သတ်ရှိသောနေရာ၊
နေ့လည်ခင်းတွင်အရိပ်များစွာရှိသောနေရာမျိုးတွင်ထားပါ။ဘာကြောင့်လည်းဆိုတော့ နေ့လည်ခင်းနေရောင်ဟာအပူဆုံးဖြစ်တဲ့အတွက် အပင်များညှိုးပြီးအပူလောင်စေနိုင်ပါတယ်

(၄)မြေဆွေးနဲ့ သဲမြေတို့ပေါင်းစပ်ထားတဲ့ မြေသြဇာကြွယ်၀သောမြေကို နှစ်သက်ပါတယ်။ အခြားသောမြေမျိုးများတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။ဒါပေမဲ့လို့ ရေစိမ့်၀င်ပြီးရေဆင်းကောင်းတဲ့မြေဆီလွှာမျိုးဖြစ်ဖို့လိုပါတယ်။ ဒါမှ အမြစ်မှာရေအများကြီးမအိုင်မှာဖြစ်ပါတယ်။

(၅)ဓာတ်မြေသြဇာဟာဤအပင်၏ကြီးထွားမှုကိုတိုးတက်ရန်ခဲယဉ်းစေနိုင်ပါတယ်။ သို့သော်လည်း အပင်ကိုပိုမိုကြီးထွားစေရန်အထောက်အကူပြုသောအသုံးဝင်တဲ့ဆေးပစ္စည်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။

(၆) စတင်စိုက်ပျိုးချိန်မှာ ရေအနည်းငယ်သာလောင်းပေးပါ။ဤပန်းပွင့်များသည်ကြီးထွားရန်ရေများစွာမလိုအပ်ပါ။ တကယ်တော့သူတို့ဟာမိုးခေါင်ရေရှားတဲ့ဒေသမှာနေလေ့ရှိပါတယ်။ အပင်ကိုနောက်ထပ်ရေမပေးမီမြေဆီလွှာ၏အပေါ်မှာ ခြောက်သွေ့မှုရှိမရှိသေချာအောင်လုပ်ပါ။ သို့သော် Nemophila ပန်းများသည်ရှားစောင်းလက်ပတ်ပင်မျိုးလိုလည်းမဟုတ်ပါ၊ ထို့ကြောင့်ရေမရှိခြင်း​ကလည်းအပင်၏ကြီးထွားမှုကိုနှောင့်နှေးစေနိုင်သည်သို့မဟုတ်သတ်ပစ်နိုင်သည့်အတွက်မြေကြီးလုံးဝခြောက်သွေ့ခြင်းမပြုမီသူတို့အားရေပေးရပါမယ်။

(၇)သင်ကြီးထွားရန်ကြိုးစားနေသောမျိုးစေ့ကိုမြေမျက်နှာပြင်အောက်ရှိလက်မ ၁/၁၆ ပုံတွင်စိုက်ပျိုးသင့်ပါတယ်။ လေ၊ ရေနှင့်နေရောင်အလုံအလောက်ရှိသောအပင်ဟာခုနစ်ရက်မှဆယ်ရက်အတွင်းအပင်ပေါက်နိုင်ပါတယ်။

(၈)ဤအပင်တွင် ပျပိုးကျရောက်သောပြဿနာများဖြစ်နိုင်ပါတယ်၊၊ အင်းဆက်ပိုးမွှားသေးလေးများကတော့သင်၏အပင်များကိုထိခိုက်မှုမရှိစေနိုင်ပါဘူး။ အခြေအနေကိုကုစားရန်ဥယျာဉ်ရေပိုက်ကိုသင်အသုံးပြုနိုင်ပါတယ်။ ရေနှင့်မလုံလောက်ပါက ဆေးဆပ်ပြာရည်ရောစပ်ပြီး ဖြန်းပေးခြင်းဖြငိ့ နှိမ်နင်းနိုင်ပါတယ်။

အထက်ပါပြောသွားသောအချက်များကို သေချာဂရုတစိုက်ပြုလုပ်မယ်ဆိုလျှင် သင့်ဥယျာဥ်တွင်း Nemophila ပန်းများအား အခက်အခဲမရှိိစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.