Connect with us

သနပ်ခါးပင်စိုက်ပျိုးနည်း

AGRICULTURE

သနပ်ခါးပင်စိုက်ပျိုးနည်း

မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိမ်းကျံအလှခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပါတယ်။ သနပ်ခါးဟာ စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပြန့်သော ရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းကျံသူအား လှပစေခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများ အဆုံး သနပ်ခါးကို လက်မလွှတ်နိုင်ခဲ့ကြခြင်းပင် ဖြစ်ပါတယ်။

မြန်မာအမည်- သနပ်ခါး
အင်္ဂလိပ်အမည်​ – Chinese Box Tree ,Wood Apple
မျိုး​ရင်း​ – Rutaceae
မျိုး​စု -Limonia
မျိုး​စိတ်​ – L. acidissima
သိပ္ပံအမည် – Naringi crenulata (Roxb)​

သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့တွင် တွေ့ရှိရပါတယ်။ သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်သည့် အပင်ဖြစ်ပါတယ်။

သနပ်ခါးပင်ဟာအ⁠မြင့်​⁠ပေ ၂၀ – ၃၀ ထိ ⁠မြင့်​တက်​⁠ပြီး​ပင်​စည်​ ⁠နှင့်​ အကိုင်း​အခတ်​များ​တွင်​ လက်​မဝက်​၊ ၁ လက်​မခန့်​ ရှည်​သည့်​ မာ⁠ကျော⁠သော ဆူး​များ​ပါရှိပါတယ်။ အပင်​⁠နုစဉ်​တွင်​အ⁠ပွေး​မဲ့​⁠ပြီး​ အပင်​ရင့်​လာ⁠သောအခါမှ အ⁠ပွေး​ ထူလာတတ်ပါတယ်။ အရွက်​ပုံသဏ္ဍာန်​မှာ ရွက်​ ⁠ပေါင်း​⁠ဖြစ်​⁠ပြီး​ ရွက်​လွှဲထွက်​ပါတယ်။ စဆုပ်လိုက်ပွင့်သည့် သနပ်ခါးအပွင့်​ပုံသဏ္ဍာန်​မှာ⁠သေး​ငယ်​⁠ပြီး​၊ အဝါ⁠နု⁠ရောင်​ရှိပါတယ်။

သနပ်ခါးမျိုးစေ့ထုတ်ယူနည်း

အသီး​များ​ရင့်​မှည့်​ချိန်​တွင်​မျိုး​အ⁠ဖြစ်​ စတင်​ခူး​ယူ⁠နိုင်​ ပါတယ်။ ခူး​ယူ⁠ပြီး​⁠သော သနပ်​ခါး​သီး​ကို ⁠ရေထဲတွင်​ စိမ်​၍ ⁠ရေ⁠အောက်​⁠မြုပ်​⁠နေ⁠သော သနပ်​ခါး​အ⁠စေ့​များ​ ကိုသာ ယူ၍ ပျိုး​⁠ထောင်​ရပါမည်​။ ⁠ရေ⁠ပေါ်တွင်​ ⁠ပေါ⁠လော ⁠ပေါ်⁠နေ⁠သောအ⁠စေ့​များ​သည်​ မျိုး​⁠အောင်​⁠မြင်​⁠ခြင်း​မရှိပါ။

စိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံ၊ကျောက်စရစ်မြေ (Gravel soil)တို့ဖြစ်ပါတယ်။ ရွံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သော မြေများမှ လွဲ၍ ကျန်မြေအမျိုးအစားများတွင်မဆို စိုက်ပျိုးနိုင်ပါတယ်။ သဲမြေတွင်လည်း စိုက်ပျိုးနိုင်သော်လည်း စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင် အသေအပျောက် များပြီး အပင်ဖြစ်ထွန်းအားနည်းတတ်ပါတယ်။

မိုး​⁠ရေချိန်​၁၀ – ၄၀ လက်​မ အ⁠ကြား​တွင်​ရှိ⁠သော ⁠နေရာ⁠ဒေသများ​တွင်​ စိုက်​ပျိုး​⁠နိုင်​ပါတယ်။

⁠ပြောင်းရွှေ့စိုက်ပျိုးခြင်း

ပျိုး​⁠ထောင်​⁠ပြီး​ ၄၅ ရက်​သား​မှစ၍ ⁠ မြေတွင်​ စတင်​⁠ပြောင်း​⁠ရွှေ့​စိုက်​ပျိုး​⁠နိုင်​ပါတယ်။
သီး​ညှပ်​ စိုက်​ပျိုး​မည်​ဆိုပါက တန်း​⁠ကြား​၊ ပင်​⁠ကြား​ (၈ ⁠ပေ× ၄⁠ပေ)​၊ (၈ ⁠ပေ× ၅ ⁠ပေ)​ စိုက်​ပျိုး​⁠နိုင်​ ပါတယ်။ သီး​ညှပ်​အ⁠ဖြစ်​⁠နှမ်း​၊ ပဲစဉ်း​ငုံ၊ ⁠မြေပဲစသည့်​⁠ရေ⁠မြေရာသီဥတု⁠နှင့်​ကိုက်​ညီ⁠ပြီး​ မိမိ⁠ကြိုက်​ ⁠နှစ်​သက်​သည့်​ သီး​⁠နှံများ​ကို စိုက်​ပျိုး​⁠နိုင်​ပါတယ်။

ကျရောက်တတ်သောပိုးမွှားများနှင့်နှိမ်နင်းနည်း

အမြစ်ပုတ်ရောဂါနှင့်​ ကိုင်း​ဖျား​⁠ခြောက်​⁠ရောဂါတို့ အဓိကကျ⁠ရောက်​တတ်​ပါတယ်။
ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ် မူတည်၍ ပင်လုံးပျံ့ပိုးသတ်ဆေး၊ ထိသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ပက်ဖြန်းပေးသင့်ပါတယ်။

အနည်း​ဆုံး တစ်နှစ် (၁) ကြိမ်၊ (၂) ကြိမ်  ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှော၍ ကျွေးသင့်ပါတယ်။

ရိတ်သိမ်းခြင်း

အများအားဖြင့် ၈-နှစ်မှ ၁၀-နှစ်သားအရွယ်သည် ဈေးကွက်တွင်းသို့ အရောင်းအများဆုံး အရွယ်ဖြစ်ပါတယ်။အရည်အသွေး အကောင်းဆုံး သနပ်ခါးတစ်ပင် ရရှိရန်မှာ သက်တမ်း(၃၅)နှစ်ခန့် လိုပါသည်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.