Connect with us

ပဒဲကော (galangal) စိုက်ပျိုးနည်း

AGRICULTURE

ပဒဲကော (galangal) စိုက်ပျိုးနည်း

မြန်မာအမည်- ပဒဲကော
အခြားခေါ်ဝေါ်သောနာမည်များ-Galang၊ Galanga Maior၊ Galangaro၊ Greater Galangal၊ Havlican၊ Kulanjan၊ Lenkuas၊ Naukyo၊ Siamese ginger

အသွင်အပြင်: အမှုန့်နှင့်အချပ်
အရောင်: အညိုရောင်
မှတ်ချက် – ခြောက်သွေ့အောင်ထားပါ။
မူလအစ – အရှေ့တောင်အာရှ

ဂျင်းလိုမျိုးအရသာရှိပြီး အနံ့အရသာနဲ့မွှေးကြိုင်ပါတယ်။ ပုံစံမှာလည်း ဂျင်းနှင့်ခပ်ဆင်ဆင်တူသော်လည်း ပဒဲကောက ဂျင်းထက်ပိုသေးပြိီးပါးပါတယ်။ ၎င်းတွင်ထူးခြားသောအမွှေးနံ့သာရှိတဲ့အတွက် ထိုင်း, အင်ဒိုနီးရှားနှင့်အိန္ဒိယအစားအစာတော်တော်များများတွင်အသုံးပြုခဲ့ကြပါတယ်။ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးနှင့်သံပုရာတို့ကိုပေါင်းစပ်ပြီးငါးနှင့်အခွံမာအစာများချက်ပြုတ်ရာတွင် အသုံးပြုကြည့်နိုင်ပါတယ်။
အင်ဒိုနီးရှားဟင်းလျာများ, ဥပမာ Rendang (ကျွဲစွပ်ပြုတ်စတူးအစပ်) တွင် Nasi Goreng (အချပ်သို့မဟုတ်တခုလုံး)အသုံးပြုပြီးချက်ကြပါတယ်။
Laksa (မလေးရှားမှဟင်းချို)ထဲတွင်လည်းကောင်း၊ ထိုင်းဟင်းချိုများ (Tom yam gung)တွင်လည်းကောင်း အသုံးပြုကြပါသေးတယ်။

စိုက်ပျိုးရာတွင် လိုအပ်မည့်ပစ္စည်းများ

-ပဒဲကောရဲ့ သစ်ဥသစ်ဖု သို့မဟုတ် ပဒဲကောရဲ့အမြစ်ယောင်(rhizome)
-ဥယျာဉ်သုံးတံလျက်
-ရေ
-မြေဆွေး

(၁) စိုက်ပျိုးရန်အတွက် ပဒဲကောအနည်းငယ်၀ယ်ယူပါ။

ကုန်စုံစတိုးဆိုင်သို့မဟုတ်ဟင်းသီးဟင်းရွက်စျေးကွက်မှကျန်းမာသန်စွမ်းသော ပဒဲကောကိုဝယ်ပါ။ ပဒဲကော၏အစိတ်အပိုင်းများဟာလက်ချောင်းများနှင့်တူပါတယ်။

(၂) ရေခဲသေတ္တာထဲမှာသိမ်းပါ။

ပဒဲကောအား မစိုက်မီနှစ်ပတ်မှလေးပတ်ကြာအောင်ရေခဲသေတ္တာထဲတွင်သိမ်းထားပါ။ ပဒဲကောတစ်ခုလုံးကို စိုက်နိုင်သလို အပိုင်းလိုက်ဖြတ်ပြီးလည်းစိုက်နိုင်ပါတယ်။ အနည်းဆုံးမျက်လုံးနှစ်လုံးပါသောအပိုင်းဖြစ်ဖို့တော့လိုပါတယ်။ သင်ဟာ ပိုကြီးသောအပိုင်းများကိုစိုက်ပျိုးမည်ဆိုပါက ကြီးထွားလာသည့်ရာသီအကုန်တွင်၎င်းတို့ဟာ ပိုမိုကြီးမားသော အမြစ်ယောင်(rhizome) ကိုထုတ်လုပ်ပါလိမ့်မယ်။

(၃)ပဒဲကောပင်စိုက်ပျိုးခြင်း

နှင်းခဲများ၏အန္တရာယ်လွန်သွားပြီးမြေဆီလွှာပူနွေးလာ၍ကြွယ်ဝသောအခါတွင် စိုက်ပျိုးနိုင်ပါတယ်။ အပင်များကိုအရိပ်အောက်တွင်စိုက်ပါ။ အကယ်၍ ပဒဲကောကိုစောစီးစွာ စိုက်ပျိုးမိလျှင်အေးခဲမှု​ကြောင့် စိုစွတ်လွန်းသောမြေဖြစ်လာပြီး ပုပ်စေနိုင်ပါတယ်။ ၂လက်မမှ ၅ လက်မအထိနက်သောတွင်းတစ်တွင်း၌စိုက်ပါ။ရေဆင်းကောင်းသောမြေတွင် တစ်ပင်နှင့်တစ်ပင် ၁၂ လက်မအကွာအဝေးထားစိုက်ပါ။

(၄) မြေဆီလွှာအစိုဓာတ်ကိုထိန်းထားပါ။

မြေဆီလွှာအစိုဓာတ်ကိုတသမတ်တည်း ထိန်းထားပါ။ ဥယျာဉ်မှမြေဆီလွှာအစိုဓာတ်လွန်ကဲလျှင်လည်း အမြစ်ပုပ်နိုင်သောကြောင့် သတ်ိထားပါ လက်သို့မဟုတ်သန့်ရှင်းသော ပေါက်တူးနှင့်လက်မအနည်းငယ်ကိုတူးခြင်းအားဖြင့် ပဒဲကောအပင်များပတ် ၀န်းကျင်ရှိအစိုဓာတ်ပမာဏကိုစစ်ဆေးနိုင်ပါတယ်။ အကယ်၍ မြေဆီလွှာဟာလက်မအနည်းငယ်အောက်တွင်ခြောက်သွေ့ပါကရေလောင်းပေးဖို့လိုအပ်ပါတယ်။

(၅) မြေဆွေးနှင့်အတူမြေပြုပြင်ပါ

သင်၏ ပဒဲကောအပင်များသည်နွေရာသီတွငိ ကြီးထွားနှုန်းရပ်တန့်နေပါက မြေဆွေးအနည်းငယ်ထည့်ပေးပါ။ ပဒဲကော ကြီးထွားခြင်းဟာများသောအားဖြင့်အလွန်လွယ်ကူပါတယ်။ – အပင်ဟာများသောအားဖြင့်ဓာတ်မြေသြဇာများစွာမလိုအပ်ပါဘူး။

(၆) ရိတ်သိမ်းခြင်း

စိုက်ပျိုးပြီးနောက် ၁၀ လမှ ၁၂ လခန့်အကြားရှိဆောင်းရာသီတွင်ပဒဲကောအမြစ်များကိုရိတ်သိမ်းတူးယူနိုင်ပါတယ်။ ဆောင်းတွင်းမှာအချို့ကိုမတူးဘဲ မြေပြင်ထဲ၌လည်းသိုလှောင်ထားနိုင်ပါတယ်။ သို့သော်သူတို့ကိုနွေးစေရန်ကောက်ရိုးကဲ့သို့သောအော်ဂဲနစ်ပစ္စည်းများပုံပေးထားနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.