Connect with us

ထိကရုံးပင် (sensitive plant) ရဲ့အသုံး၀င်ပုံနဲ့ စိုက်ပျိုးထုတ်လုပ်မှု

AGRICULTURE

ထိကရုံးပင် (sensitive plant) ရဲ့အသုံး၀င်ပုံနဲ့ စိုက်ပျိုးထုတ်လုပ်မှု

မြန်မာအမည် – ထိကရုံး

မျိုးရင်း- Mimosaceae

ထိကရုံးပင်ကို တိုင်းရင်းဆေးများစွာတွင် အိပ်မပျော်သောရောဂါအတွက် အသုံးပြုခဲ့ကြပါတယ်။ ထိကရုံးပင်ကို ၂၀ရာစုအစောပိုင်းတွင် ဂျားဗားနိုင်ငံ၌ အိပ်ပျော်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရောင်းချမှုဈေးကွက်ရှိလာခဲ့ပါတယ်။ သို့သော် ဤအသုံးကိုယခုချိန်ထိ အတည်မပြုနိုင်သေးပါဘူး။ အမေရိကတိုက်အပူပိုင်းဒေသတို့၏ တိုင်းရင်းပင်ဖြစ်ပြီး ယခုအခါ အပူပိုင်းဒေသတစ်လျှောက် ပျံ့နှံ့လျက်ရှိပါတယ်။

အပင်ပုံသဏ္ဍာန်

၁နှစ်ခံပင် သို့မဟုတ် နှစ်ရှည်ခံပင်ပျော့ဖြစ်ပါတယ်။ တွားသွားသောအပင်မျိုးဖြစ်ပြီး နုသောပင်စည်တွင် အမွှေးများပါပါတယ်။ ရွက်မွှာ၁၀စုံမှ ၂၆စုံခန့် တွေ့ရနိုင်ပါတယ်။ အနားတွင်သေးငယ်ပြီး ထောင်နေသောအမွှေးများ ရှိပါတယ်။ ရွက်ကြားထွက် လုံးဝန်းသောဉီးခေါင်းပုံ ပန်းခိုင်ရှိပါတယ်။ အသီးမှာ အခိုင်လိုက်သီးပြီး ဆူးမွှားရှည်များ ထူထပ်စွာတွေ့ရနိုင်ပါတယ်။ ဘဲဥပုံနီးပါးခန့် ဖြစ်နေသော အညိုနုရောင် အစေ့ ၃စေ့မှ ၅စေ့ခန့်ပါရှိပါတယ်။ တစ်နှစ်ပတ်လုံးပွင့်၍ သီးပါတယ်။

ကုန်းထိကရုံးနဲ့ ရေထိကရုံးဆိုပီး၂မျိုးရှိပါတယ်။ ကုန်းထိကရုံးတွင် ဆူးရှိသောထိကရုံးနှင့် ဆူးမရှိသောထိကရုံးဆိုပြီး ၂မျိုးထပ်ခွဲခြားနိုင်ပါတယ်။

ထိကရုံး၏ထူးခြားမှု

အသက်ဝင်သောသဘောရှိပါသည်။အရွက်ကိုထိ ရုံဖြင့် မျက်တောင်ခတ်သလို ရိုးတံဆီချက်ချင်းပြန်စု တတ်တာကြောင့် အသက်ဝင်သော သဘောကို ဆောင်ပါတယ်။

အသုံးပြုသည့်အစိတ်အပိုင်း

အရွက်၊ အပွင့်၊ အမြစ်

သိပ္ပံနှင့်သုတေသနတွေ့ရှိချက်

ဗီယက်နမ်နိုင်ငံမှာစမ်းသပ်မှုတခုတွင် ထိကရုံးပင် အရွက်၏ ၁၀%အရည်အား ခွေးများတွင် ထိုးသွင်းပေးခြင်းဖြင့် သွေးပေါင်ကျသည့်အာနိသင်ရှိကြောင်း ဖော်ပြထားပါတယ်။

ကြွက်များနှင့် စမ်းသပ်မှု တစ်ခုတွင် ကြွက်များ၏ အိပ်ချိန်ကိုပိုမိုရှည်လျားအောင် ပြုလုပ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ဂျီးယားနိုင်ငံရှိ စမ်းသပ်မှုတစ်ခုတွင် ထိကရုံးဆေးအနှစ်ဟာ ကာလ၀မ်းရောဂါဖြစ်စေသော ဘတ်တီးရီးယားပိုးအပေါ် အာနိသင်ရှိကြောင်းသိရှိရပါတယ်။

ဂျမေကာနိုင်ငံမှ စမ်းသပ်မှုတစ်ခုတွင် ထိကရုံးအရွက်စိမ်း၏ ဆေးအနှစ်ဟာ ကပ်ပါးပိုး၏ လောက်လန်း အဆင့်အပေါ် အာနိသင်ရှိကြောင်းဖော်ပြထားပါတယ်။

စိုက်ပျိုးထုတ်လုပ်မှု

အစေ့များပျံ့နှံ့စွာ ပေါ်များပြီးပေါက်ရောက်ပါတယ်။ စိုထိုင်းဆရှိသော အပူပိုင်းဒေသများတွင် တွေ့ရပြီး ရေပြတ်လပ်ခြင်းကိုခံနိုင်ရည်ရှိပါတယ်။ သို့သော်ခြောက်သွေ့သေအပူပိုင်းရာသီဥတုတွင် ကောင်းစွာမဖြစ်ထွန်းပေ။ စိုက်ပျိုးပင်များကို ဒုက္ခပေးသော ပေါင်းပင်အဖြစ်လည်း လူသိများပါတယ်။ ၄ကို အလေ့ကျပေါင်းပင်များမှ စုဆောင်း ရရှိနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.