Connect with us

လှပပြီးကြာရှည်ခံတဲ့မေမြို့ပန်း(aster)စိုက်ပျိုးနည်း

AGRICULTURE

လှပပြီးကြာရှည်ခံတဲ့မေမြို့ပန်း(aster)စိုက်ပျိုးနည်း

အပင်ပုံသဏ္ဍာန်နှင့်မူရင်းဒေသ

မေမြို့ပန်း (aster) မူရင်းဒေသကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ မေမြို့ပန်းဟာ အခိုင်လိုက် အစုလိုက် ပွင့်သော ပန်းဖြစ်ပြီး အရောင်အားဖြင့် အဖြူ၊ အနီ၊ ပန်းရောင်၊ ဗေဒါရောင် တို့ရှိပါတယ်။

အပင်အမြင့် ၁-၃ ပေရှိပြီး ဘေးသို့ ၂-၄ ပေ ကျယ်ပြန့်ကာ ထောင်မတ်ပြီး ပေါက်သော အပင်ဖြစ်ပါတယ်။

မေမြို့ပန်းအားနေရာ အနှံအပြားတွင်စိုက်ပျိုးနိုင်ပါတယ်။ မိုးရာသီမှာဆိုရင်တော့ ကုန်းမြေများ (မြေနီ၊မြေ၀ါ၊ သဲနုန်းမြေ)တွင်စိုက်ပျိုးနိုင်ပြီးဆောင်းရာသီမှာဆိုရင်တော့ ခဲမြေများ(အစိုဓာတ်များပြီး သစ်ဆွေးပုပ်မြေများ)တွင်စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမည့်မျိုးရွေးချယ်ခြင်း

Aster အဖြူ နှင့် Color မျိုးစေ့ပုလင်းများဖြင့်မှာယူ၍ စိုက်ပျိုးကြပါတယ်။ ရိုးစိမ်းအဖြူ ၊ ကျောက်နီ၊ ချင်းမိုင် စသည်ဖြင့် အပွင့်အရောင်၊ ပန်းပွင့်ပုံကို မူတည်၍ အမျိုးမျိုးရှိပါတယ်။

အပင်အမြင့် ၈ လက်မ ( ၂၀ စင်တီမီတာ ) ရှိသော အပင်ပုမျိုး၊ အပင်အမြင့် ၁၆ လက်မ (၄၀ စင်တီမီတာ) ရှိသော အပင်မျိုး၊ အပင်အမြင့် ၂၇လက်မ ( ၆၀ စင်တီမီတာ ) ရှိသော အပင်မျိုး၊ ဟူ၍ ရှိပါတယ်။

စိုက်ပျိုးမည့်မြေအမျိုးအစားပြင်ဆင်ခြင်း

မည်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်ပေါက်ရောက်နိုင်သော်လည်း ခြောက်သွေ့ပြီးမြေဆီ ညံဖျင်းပါက ပန်းအနည်းငယ်သာ ပွင့်ပါနိုင်ပါတယ်။ ရေငတ်ဒဏ်ကို အနည်းငယ် ခံနိုင်ရည်ရှိပါတယ်။

ပန်းပွင့်ခြင်း အထွက်ကောင်းစေရန် အရည်အသွေးကောင်းမွန်သော ပန်းများရရှိရန် မြေ၏ ph(၅.၅ – ၇) ရှိရန် လိုအပ်ပါတယ်။

ရေစီးဆင်းမှုကောင်းမွန်သော သဘာဝမြေဩဇာများ ကြွယ်ဝသော မြေများဖြစ်ရန် လိုအပ်ပြီး ရေမဝပ်ရပါဘူး။ ခြောက်သွေ့သော ရာသီတွင် ပုံမှန်ရေလောင်ပေးရန် လိုအပ်ပါတယ်။

မေမြို့ပန်းဟာ ပူလွန်းအေးလွန်းတဲ့ ရာသီဥတုကို မကြိုက်နှစ်သက်ပါဘူး။ မေမြို့ပန်းစိုက်တဲ့ မြေဟာ သဲဆန်လွန်းရင် ဒါမှ မဟုတ်ရင် မြေစေးများလွန်းရင်တော့ တစ်ဧကမှာ နွားချေးလှည်း အစီး (၅၀) ခန့် ချပြီး မြေကို ပြုပြင်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။

ရေဝပ်တဲ့ မြေအမျိုးအစားတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ဘောင်များကို ပြုလုပ်ပြီး စိုက်ပျိုးသင့်ပါတယ်။

အစေ့ချပြီးတိုက်ရိုက်စိုက်ပျိုးနိုင်သလို ​ပျိုးထောင်ပြီးလည်းစိုက်ပျိုးနိုင်ပါတယ်။ ပျိုးထောင်ပြီးမှ ပြောင်းရွေ့စိုက်ပျိုးမယ်ဆိုရင်တော့ သန်စွမ်းတဲ့ အပင်များကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။

စိုက်ပျိုးဖြစ်ထွန်းသည့်ရာသိီဥတု

နေရောင် အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်သော်လည်း မြင့်မားလွန်းသော အပူချိန်က ပန်းပွင့်ခြင်းကို နှောင့်နှေး ကြန့်ကြာစေပါသည်။ မိုးဆက်တိုက် ရွာသောအခါ၊ အေးလွန်းသောအခါ များတွင် ပန်းပွင့်ခြင့်ကို လျော့ကျစေပါသည်။

ပျိုးထောင်စိုက်ပျိုးသည့်အခါပြုလုပ်သင့်သောအချက်များ

မျိုးစေ့ သို့ ကိုင်းများမှ ပျိုးထောင် စိုက်ပျိုးနိုင်သည်။ ကိုင်းဖြတ်ခြင်းကို အောက်တိုဘာလပန်းပွင့်ပြီးသော အချိန်တွင် ပြုလုပ်နိုင်သည်။ များသောအားဖြင့် ပန်းမျိုးစေ့များမှ ပျိုးထောင် စိုက်ပျိုးပါသည်။ ပျိုးဘန်းနှင့် ပျိုးထောင်လျှင် ၁၅ ရက်၊ စိုက်ကွင်းအတွင်း စိုက်ဘောင် ပြုလုပ် ပျိုးထောင်လျှင် ၂၀-၃၀ ရက်ကြာသည်။

အပူချိန် ၁၈-၂၁°C ( ၆၅-၇၅°F ) ပန်းမျိုးစေ့ အညှောင့်ပေါက်မှု အကောင်းဆုံး ဖြစ်ပါတယ်။ပျိုးဘောင်ကိုတော့ အလျားပေ နှစ်ဆယ်နဲ့ အနံသုံးပေအရွယ် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

မျိုးစေ့ အတန်းအတွက် တစ်တန်းနှင့်တစ်တန်းကို သုံးလက်မခန့် ခွာပြီး အတန်းလိုက် ပျိုးပေးရပါတယ်။ ပြီးရင်တော့ မြေမှုန့် ပါးပါးလေးဖြူးပြီး ရေလောင်းပေးရပါမယ်။

ပျိုးထောင်ပြီး ပျိုးသက် ၇-၈ ပတ် ရှိသော ပျိုးပင်များကို စိုက်ဘောင်များသို့ ပြောင်းရွေ့ စိုက်ပျိုးရပါမယ်။စိုက်ဘောင်များကိုတော့ အလျားပေ သုံးဆယ်နဲ့ အနံငါးပေခန့် ထားရမှာ ဖြစ်ပါတယ်။

ရေလောင်းပြီး စိုက်ပျိုးမယ်ဆိုရင်တော့ အလျား ပေ ၃၀ အနံ ၅ပေနဲ့ စိုက်ပေါင်အမြင့်ကတော့ ၄ လက်မခန့် ထားရမှာ ဖြစ်ပါတယ်။

အစေ့ချတိုက်ရိုက်စိုက်ပျိုးခြင်း

တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ခင်းမှာ တစ်ပေခွဲခန့်ခွာပြီး စိုက်ကြောင်းများဖော်ပြီးတော့ မျိုးစေ့ချ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

P နှင့် K များသော မြေဩဇာကို အပင်ကြီးထွားချိန် ကာလတွင် နှစ်ကြိမ်ထည့်ပေးရန် လိုအပ်ပါတယ်။ ပြောင်းရွေ့စိုက်ပျိုးပြီးသည်မှ ၃၀ ရက်သား ၊ စိုက်ဘောင်များပေါင်းရှင်းချိန် နှင့် အပင် အဖူးမဝင် ၄၅ ရက်သား တို့တွင် တစ်ကြိမ်စီ စိုက်ဘောင်တစ်ခုလျှင် နို့ဆီဘူး (၃) ဘူးနှုန်း ထည့်သွင်းနိုင်ပါတယ်။

ကျရောက်တတ်သောပိုးမွှားများနှင့် နှိမ်နင်းနည်း

ပျ များ အရွက်အောက် မျက်နှာပြင်နှင့် အပွင့်ရိုးတံများတွင် ကျရောက်တတ်ပါတယ်။ ကျိုင်းကောင်များ အပင်ကို ကိုက်ဖြတ် စားသောက်တတ်ပါတယ်။
ဆေးဆပ်ပြာရည်ဖြန်းခြင်းဖြင့်နှိမ်နင်းနိုင်ပါတယ်။

မှို​ကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်ရန် Potassium, Phosphate နှင့် Sulphur ပါဝင်သော ရွက်ဖြန်းအားဆေးကို ဖြန်းပေးနိုင်ပါတယ်။ သို့မဟုတ် Potassium bicarbinate ပါဝင်သော မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း တစ်ဇွန်း၊ ဆပ်ပြာရည် လက်ဘက်စားဇွန်း တစ်ဝက်၊ ရေတစ်ဂါလံတွင် ထည့်ဖျော်င်္ပြီး ပက်ဖျန်းခြင်းဖြင့် လည်း မှိုရောဂါကို ကာကွယ်သည်ဟု ဆိုပါတယ်။

ခူးယူခြင်း ရိတ်သိမ်းခြင်း

စတင်စိုက်ပျိုးပီး၄လအကြာတွင်ခူးယူနိုင်ပါပြီ။ပန်းပွင့်များ ပွင့်လာတဲ့ အခါမှာတော့ အပင်ရဲ့ ၅၀ ရာခိုင်နှုန်း ပွင့်တယ်ဆိုရင် အပင်ကို နှုတ်ယူပြီး ရောင်းချနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.