Connect with us

Anemone(အာနီမိုနီ)ပန်းစိုက်ပျိုးရာတွင် သိထားသင့်သောအချက်များ

AGRICULTURE

Anemone(အာနီမိုနီ)ပန်းစိုက်ပျိုးရာတွင် သိထားသင့်သောအချက်များ

သင်ရွေချယ်ထားသည့်အပင်မျိုးစိတ်၏ပွင့်လန်းရာသီပေါ်မူတည်ပြီးစိုက်ပျိုးမည့်အချိန်ကိုရွေးချယ်ပါ။ နွေဦးရာသီတွင်ပွင့်လန်းမည့်အပင်များကိုဆောင်ဦးတွင်စိုက်ပျိုးပြီး ဆောင်းဦးရာသီတွင်ပွင့်လန်းမည့်အပင်များကိုနွေဦးတွင်စိုက်ပျိုးပါ။ ကွဲပြားသော anemoneပင်မျိုးစိတ်များတွင်မတူညီသောအမြစ်ပုံစံများရှိကြပြီး စိုက်ပျိုးရမည့်နည်းလမ်းများမှာလည်းအမျိုးအစားတစ်ခုနှင့်တစ်ခုအနည်းငယ်ကွာခြားကြပါတယ်။ပုံမှန်အားဖြင့်anemoneပင်များကို အွန်လိုင်း သို့မဟုတ် လက်လီရောင်းချသူများထံမှဝယ်ယူထားသော အမြစ်ပင်စည်ပြောင်များမှစိုက်ပျိုးကြပါတယ်။

အလင်း

Anemoneပင်များကိုအနည်းဆုံးနေ့တစ်ဝက်စာလောက်ထိနေအလင်းရောင်ရရှိနိုင်သောနေရာများတွင်ထားရှိသင့်ပါတယ်။ တချို့မျိုးကွဲများကတော့အရိပ်အနည်းငယ်ရရှိသောနေရာတွင်ပိုမိုရှင်သန်ကြီးထွားကြပါတယ်။

မြေ

anemoneပင်များကိုရေကောင်းစွာစုပ်ယူထားသောမြေတွင်စိုက်ပျိုးရပါမယ်။ မစိုက်ပျိုးခင်တွင်စိုက်ပျိုးမြေကိုသစ်ရွက်ဆွေးမြေသြဇာ၊သစ်ရွက်မှိုနှင့်အခြားသဘာဝမြေသြဇာများထပ်ထည့်ပြီးပိုမိုကောင်းမွန်စေရန်မွမ်းမံနိုင်ပါတယ်။ anemoneပင်များဟာစိုက်ပျိုးမြေ၏အက်ဆစ်ဓာတ်အပေါ်ကြေးမများကြပေမယ့်အက်ဆစ်ဓာတ်အနည်းငယ်ရှိသောမြေတွင်ပိုမိုရှင်သန်ကြီးထွားကြပါတယ်။

ရေ
အပင်များကိုမိုးမရွာသည့်အချိန်များတွင်ရေပုံမှန်လောင်းပေးပါ။ မြေကြီးကိုအနည်းငယ်စိုစွတ်အောင်ထားပါ။ မြေကြီးကိုရေရသမျှစုပ်ယူနိုင်စေရန်ရေလောင်းသည့်အခါတွင်ဖြည်းဖြည်းချင်းလောင်းပါ။ အချို့anemoneပင်များဟာထူးခြားသောရေလိုချက်ရှိကြပါတယ်၊ဥပမာ သစ်အနီမုန်းပင်(A. nemorasa)ဟာနွေရာသီအလည်တွင်သေဆုံးပြီးဆောင်းဦးရာသီတွင်ပြန်လည်ပွင့်လန်းချိန်မတိုင်မီထိရေလောင်းရန်မလိုအပ်ပါ။

အပူချိန်နှင့်စိုထိုင်းဆ

anemoneပင်များစိုက်ပျိုးရန်အတွက်အကြံပြုထောက်ခံထားသောအပူချိန်ဟာနေ့ခင်းဘက်တွင် 58မှ65ဒီဂရီဖာရင်ဟိုက်နှင့်ညဘက်တွင် 42မှ50ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်။ အချို့သောမျိုးစိတ်များအတွက်ပန်းပွင့်စေရန်အကောင်းဆုံးအပူချိန်ဟာ 54ဒီဂရီဖာရင်ဟိုက်အောက်ထိဖြစ်နိုင်ပါတယ်။

ဓာတ်မြေသြဇာ

အကယ်၍ဆန္ဒရှိပါကအပင်အဖူးများကိုအာဟာရတိုးမြှင့်ပေးရန်အတွက်bone mealမြေသြဇာများထည့်ပေးနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.