Connect with us

ဆင်တုံးမနွယ်ကို စပါးစိုက်ခင်းများတွင်ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သောနည်းလမ်း

AGRICULTURE

ဆင်တုံးမနွယ်ကို စပါးစိုက်ခင်းများတွင်ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သောနည်းလမ်း

မြန်မာအမည် – ဆင်တုံးမနွယ်

အင်္ဂလိပ်အမည်- Heart leaved moon seed

မျိုးရင်း – Menispermaceae

ပထမဦးစွာ ဆင်တုံးမနွယ်၏ ပေါက်ရောက်ပုံ၊ အပင်ပုံသဏ္ဍာန်နှင့် ပါ၀င်သော ဓာတ်ပစ္စည်းများအား လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

-ဆင်တုံးမနွယ်ဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီး အဖုအထစ်ဆူးလုံးများပါလျှင် အပင်ဖိုဟူ၍လည်းကောင်း၊ နွယ်တွင်ပြောင်ချောနေသည့် ဆင်တုံးမနွယ်ကို အမပင်ဟူ၍ လည်းကောင်း ခွဲခြားကြပါတယ်။

– နွယ်၏ ပင်စည်အသားဟာ ဖော့သားကဲ့သို့ရှိပြီး လေပေါက်ကလေးများပါရှိပါတယ်။

-အရွက်မှာ နှလုံးပုံသဏ္ဍာန်ရှိပြီး ပင်စည်မှာလည်း လပုံကဲ့သို့ အဖုအပိန့်များနင့် မညီညာသာပုံရှိတာကြောင့် Heart leaved moon seedလို့ခေါ်ကြပါတယ်။

အညှာမဲ့သော အ၀ါရောင်အသီးများ အပြွတ်လိုက်သီးပါတယ်။

ဆေးဘက်ဆိုင်ရာအသုံးပြုသည့်အစိတ်အပိုင်း-ပင်စည်ရိုးတန်၊ နွယ်

ပါ၀င်သော ဓာတုဒြပ်ပေါင်းများ

Tinosporin, berberine, gilo, sterol, starch, giloinin, Tinosporaside, Tinosporidine

ပိုးသတ်ဆေး၊ ဥသေဆေး၊ ပင်လုံးပြန့်ပိုးသတ်ဆေးတို့အဖြစ်အသုံးပြုနိုင်ပါတယ်။

ဆင်တုံးမနွယ်ကိုအသုံးပြု၍ နှိမ်နင်းနိုင်သော ပိုးမွှားအချို့ကိုဖော်ပြလိုက်ပါတယ်။

စပါးလှေးပိုး(rice thrip)၊ ပျပိုး (aphid)၊ ဖြတ်ပိုး(cut worm)၊ လှေးကျိုင်း(flea beetles)၊ ပုရွက်နီ (red ant)၊ အိမ်ယင် (house fly) နှင့်အခြားသောပိုးမွှားများပါ၀င်ပါတယ်။

ပြုလုပ်ပုံ

ပထမဦးစွာ ဆင်တုံးမနွယ်၏ ပင်စည်ကို ထုထောင်းခြေမွလိုက်ပါ။ ထို့နောက် စပါးခင်းများတွင် သောင်းကျန်းသော စပါးလှေးပိုးများကို ကာကွယ်ရန် ထုချေထားသော ဆင်တုံးမနွယ် အမှုန့်ကို ပက်ကြဲပေးလိုက်ပါ။ အချိုးအဆအနေနဲ့ ၁၀စတုရန်းပေရှိသောမြေတစ်ကွက်လျှင် ဆင်တုံးမနွယ် ၂၅၀ဂရမ် နှုန်းထားအသုံးပြုနိုင်ပါတယ်။ဤသို့ပြုလုပ်ပေးခြင်းက တစ်ပတ်အကြာတွင် ဆင်တုံးမနွယ်၏ အကျိုးသက်ရောက်မှုအစွမ်းကြောင့် ပင်စည်ထိုးပိုး၊ ဖြုတ်ညိုများရန်မှ ကာကွယ်ပေးနိူင်ပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုမှာ စပါးစိုက်ခင်း ရေသွင်းပေါက်အ၀တွင် ဆင်တုံးမနွယ်ဖြတ်စများ ချပေးခြင်းဖြင့် သို့မဟုတ် စိမ်ပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါယ်။

သတိပြုရမည့်အချက်မှာ သင်အသုံးပြုသော ဆင်တုံးမနွယ်ဟာ အနည်းဆုံး ၁နှစ်သားအရွယ်ရှိကြောင်းသေချာရပါမယ်။

ဆင်တုံးမနွယ်ပင်ကို စိမ့်စမ်းများပေါများသော တောတောင်များတွင် တွေ့ရနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.