Connect with us

သြဂဲနစ်စိုက်ပျိုးရေး (organic farming system)အကြောင်း သိကောင်းစရာ

AGRICULTURE

သြဂဲနစ်စိုက်ပျိုးရေး (organic farming system)အကြောင်း သိကောင်းစရာ

သြဂဲနစ်စိုက်ပျိုးရေးအကြောင်းမပြောခင် ရှေးဦးစွာ သြဂဲနစ် ပစ္စည်း (organic matter)က ဘာလည်းဆိုတာကို ရှင်းပြချင်ပါတယ်။ သြဂဲနစ်ပစ္စည်းဆိုတာ အပင်ရုပ်ကြွင်းတွေ၊ တိရစ္ဆာန်တို့ရဲ့အညစ်အကြေးတွေ စွန့်ပစ်အညစ်အကြေးများ၊ သတ္တဝါတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ကိုဆိုလိုပါတယ်။

အပင်အကြွင်းကျန်အချို့ မြေဆီလွှာတွင်ကျန်ရစ်သောအခါ မြေတွင်းရှိ အဏုဇီ၀ သက်ရှိအကောင်လေးများက ဆွေးမြေ့စေဖို့အတွက် ချေဖျက်ပေးရာကနေ သြဂဲနစ်ပစ္စည်းများအဖြစ် ပြောင်းသွားကြပါတယ်။

ဒိီသြဂဲနစ်ပစ္စည်းလေးတွေနဲ့ မြေဆီလွှာဟာ ဘယ်လိုဆက်စပ်နေလည်းဆိုရင် မြေဆီလွှာတစ်ခုမှာ သြဂဲနစ် အကြမ်းအားဖြင့် ၅% မရှိမဖြစ်ပါ၀င်သင့်ပါတယ်။ ဒီလိုပါ၀င်ပေးခြင်းက မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီ၀ဂုဏ်သတ္တိများကို အားပေးပြီးတော့ မြေဆီမြေနှစ် ကောင်းမွန်စေလို့ပဲဖြစ်ပါတယ်။

သြဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ သီးနှံတစ်ခုကို မြေပြင်တွင်စတင်စိုက်ပျိုးချိန်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ မည်သည့် ဓာတုပစ္စည်းကိုမှ အသုံးမပြုဘဲ သဘာဝအတိုင်းစိုက်ပျိုးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဓာတုပစ္စည်းလို့ဆိုလိုက်တာနဲ့ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ဟော်မုန်းများ၊ ဗီဇပြုပြင်ထားသောမျိုးများ အားလုံးအကျုံး၀င်ပါတယ်။

ကမ္ဘာ့စားနပ်ရိပ်က္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရတော့ သြဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ သက်ရှိတို့ရဲ့ ဂေဟစနစ်ကိုညီမျှကောင်းမွန်နေစေရန် ထိန်းသိမ်းစောက်ရှောက်ရင်း သီးနှံများကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

အော်ဂဲနစ်စိုက်ပျိုးခြင်းမလုပ်တဲ့အခါ ရေရှည်မှာဘာတွေဖြစ်ပေါ်လာနိုင်လည်း?

ဓာတုပစ္စည်းများဟာ ရေရှည်သုံးစွဲလို့ကောင်းတဲ့ ပစ္စည်းတွေမဟုတ်ကြပါဘူး။ လူ၏ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ပတ်ဝန်းကျင်ကိုပါ များစွာထိခိုက်နိုင်ပါတယ်။ မြန်မာနိုင်ငံတွင်လည်းစိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် သီးနှံများကို ပြည်ပသို့တင်ပို့ရာတွင် ဓာတ်ကြွင်းအာနိသင်များ သီးနှံများထဲတွင် ကျန်နေသောကြောင့် ဈေးအနှိမ်ခံရခြင်းများ၊ တင်သွင်းခွင့်များပိတ်ပင်ခြင်းများ အများစုကြုံတွေ့ရကြပါတယ်။ ဓာတ်ကြွင်းအာနိသင်ကျန်ရခြင်းအကြောင်းရင်းမှာ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ ဓာတုမြေသြဇာများ စသည်တို့ကို လိုသည်ထက်ပို၍ အဆမတန်သုံးစွဲကြခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ပြည်ပသို့တင်သွင်းသည့်အခါ စျေးကောင်းရနိုင်ဖို့အတွက် သြဂဲနစ်စိုက်ပျိုးရေးနည်းကိုချက်ချင်းမပြောင်းနိုင်လျှင် အနည်းဆုံး GAP( Good Agricultural Practices) စိုက်နည်းစနစ်များကိုကျင့်သုံးသင့်ပါတယ်။ GAP စနစ်ဟာ သြဂနစ်စိုက်ပျိုးရေးရဲ့အခြေခံလည်းဖြစ်ပါတယ် ။GAPဆိုသည်မှာ သီးနှံတစ်ခုကို မြေပြင်တွင်စတင်စိုက်ပျိုးချိန်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ဓာတုပစ္စည်းများ အနည်းဆုံး အသုံးပြု၍ စားသုံးသူများ နှင့် ပတ်ဝန်းကျင်အတွက် ထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် စိုက်ပျိုးခြင်းဖြစ်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.