Connect with us

ငရုတ်သီးကို အပင်ပိုးသတ်ဆေးအဖြစ် အကျိုးရှိရှိဘယ်လိုအသုံးချမလည်း?

AGRICULTURE

ငရုတ်သီးကို အပင်ပိုးသတ်ဆေးအဖြစ် အကျိုးရှိရှိဘယ်လိုအသုံးချမလည်း?

အိမ်တွင်းဟင်းချက်ရာတွင်မပါမဖြစ်အမြဲပါနေကြ ငရုတ်သီးကို ပိုးသတ်ဆေးအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ ပိုးသတ်ဆေးအနေနဲ့သုံးမယ်ဆိုရင်တော့ အစပ်မျိုးကိုသာအသုံးပြုရပါမယ်။

အသုံးပြုကြသည့်အစိတ်အပိုင်း- အသီး (အခွံနှင့် အစေ့)

ပိုးသတ်ဆေး ၊ virus ရောဂါနှိမ်နင်းဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

ငရုတ်သီးကို အသုံးပြု ၍နှိမ်နင်းနိုင်သောပိုးများမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

ပျပိုး (aphid) ဘလစ္စတာကျိုင်း (blister beetle) ပုရွက်ဆိတ် (ant) ခူကောင်များ( caterpillar) စိန်ကွက်ဖလံ၊ ငမြှောင်တောင် (army worm) ခရု ပက်ကျိ၊ ဆန်စေ့ထိုးပိုး တို့ဖြစ်ပါတယ်။

ရောဂါများအနေနဲ့ သခွား ဗိုင်းရပ်စ် ရောဂါ၊ ဆေးရွက်ကြီးပင် ဗိုင်းရပ်စ်ရောဂါတို့ ကာကွယ်နိုင်ပါတယ်။

ပြုလုပ်နည်း

ငရုတ်သီးခြောက် အစပ််မျိုးကို အမှုန့်ကြိတ်၍ ရေသသင့်တော်စွာ ရောစပ်၍ တစ်ညသိပ်ထားပါ။ ထို့နောက် ပိတ်စအပါးဖြင့် စစ်ချယူပြီးပိုးကျသောအပင်များကို ပက်ဖြန်းနိုင်ပါတယ်။ ငရုတ်သီးအမျိုးအစားပေါ် မူတည်၍ ရေရောရမည့်နှုန်းထားကိုရှေးဦးစွာ စမ်းသပ်အသုံးပြုသင့်ပါတယ်။ ဟင်းသီးဟင်းရွက်ပင်အများစုမှာကျရောက်တတ်တဲ့ ပျပိုးများကို နှိမ်နင်းရာမှာအထူးသင့်တော်ပါတယ်။

ငရုတ်သီးနီအတောင့်အနည်းငယ်ကို ဆန်ပုံးထဲသို့ထည့်ထားခြင်းဖြင့် ဆန်စေ့ထိုးပိုး များမှကာကွယ်နိုင်ပါတယ်။

ငရုတ်သီး 1kg ကြက်သွန်ဖြူ ၃ဥ၊ ကြက်သွန်နီဥ ၂ဥတို့ကို စုပေါင်း၍ ထုထောင်းပြီးလျှင် ရေအသင့်အတင့်ဖျော်စပ်ပေးပါ။ တစ်ညသိပ်စိမ်ထားပါ။ ထို့နောက် ရေ ၄ဂါလံနှင့် ရောစပ်၍ မွှေပေးပီး ပိတ်စအပါးနဲ့ညှစ်ကာစစ်ချပါ။ ရရှိလာသောအရည်ကို ပိုးသတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ဖြုတ်စိမ်းများ ဖလံဖြူများ ကိုက်၀ါးစားပိုးများအတွက် အထူးကာကွယ်နိမ်နင်းနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.