Connect with us

ကြက်သွန်ဖြူအားအပင်ပိုးသတ်ဆေးအဖြစ်အသုံးပြုနိုင်သောနည်းလမ်း

AGRICULTURE

ကြက်သွန်ဖြူအားအပင်ပိုးသတ်ဆေးအဖြစ်အသုံးပြုနိုင်သောနည်းလမ်း

ကြက်သွန်ဖြူဟာ မြန်မာ့ဟင်းလျာများတွင်မပါမဖြစ် ပစ္စည်းအမယ်ဆိုရင်လည်းမမှားပါဘူး။ ဟင်းခတ်အမွှေးကြိုင်ဖြစ်အသုံး၀င်သည်သာမက ဆေးဘက်ဆိုင်ရာအသုံး၀င်မှုလည်း များပြားလှပါတယ်။

ကြက်သွန်ဖြူကို မှိုရောဂါနှငိ့ ဘတ်တီးရီးယားရောဂါများကိုကာကွယ်နိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်များတွေ့ရှိခဲ့ကြပြီး ဆေးများဖော်စပ်ခဲ့ကြပါတယ်။

ပိုးမွှားရောဂါကာကွယ်ဆေးအနေဖြင့် ၁၉၉၂ခုနှစ်ထဲက အမေရိကန်နိုင်ငံတွင် စီးပွားဖြစ်ထုတ်လုပ်ခဲ့ကြပါတယ်။

အသုံးပြုကြသည့်အစိတ်အပိုင်း- ကြက်သွန်ဖြူဥ

အစွမ်းသတ္တိ

ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဘတ်တီးရီးယားသတ်ဆေး အဖြစ်အသုံးပြုကြပါတယ်။

နှိမ်နင်းနိုင်သောပိုးမွှားများ

ဂေါ်ဖီထုပ်ပိုး၊ ပျပိုး၊ ယင်ဖြူ၊ အာလူးဖလံ၊ ကြက်သွန်လှေးပိုး၊ ပဲထိုးပိုး၊ မွှားတို့ဖြစ်ပါတယ်။

နှိမ်နင်းနိုင်သောရောဂါများ

ဘတ်တီးရီးယားရွက်ခြောက်ရောဂါ၊ ညိုပုပ်နာရောဂါ၊ ရွက်ခြောက်ရောဂါ၊ သံချေးရောဂါတို့ဖြစ်ပါတယ်။

ပြုလုပ်နည်း

ပထမဦးစွာ ကြက်သွန်ဖြူကိုထောင်းလိုက်ပါ။ ထိုနောက်အရည်စစ်ယူကာ ပက်ဖြန်းပေးပါက အာလူးဖလံ၏ အရွယ်ကြိီး အဆင့်ရောက်နေသော ပိုးလောက်များကို အစားသောက်ပျက်စေပါတယ်။ သို့ဖြစ်၍ ဖလံအဆင့်သို့ ၁၀ရာခိုင်နှုန်းသာရောက်ရှိနိုင်ပါတယ်။

ကြက်သွန်ဖြူ ပိုးသတ်ဆေးဖျော်ရည် ပြုလုပ်နည်း

ကြက်သွန်ဖြူဥ ၁၀၀ ဂရမ်ကို ထုထောင်း၍ ရေနံဆီ လက်ဘက်ရည်ဇွန်း ၂ဇွန်း နင့်သမအောင်ရောမွှေပြိီး ၂၄ နာရီကြာစိမ်ထားပါ။ ထ်ို့နောက် ဆပ်ပြာ ၁၀ဂရမ်ကို ပါးပါးလှီး ခြေမွ၍ ရေ၅၀၀ စီစီတွင် ကျေညက်အောင် ဖျော်ထားပါ။ပြီးလျှသ် ၎င်း၂မျိုးကို ရောစပ်၍ သမအောင်မွှေကာ အရည်စစ်ချပါ။ ဒါဆိုလျှင် ပြီးပြည့်စုံသော ကြက်သွန်ဖြူ ပိုးသတ်ဆေးဖျော်ရည်ကိုရရှိပါပြီ။

အသုံးပြုခါနီးတွင် ၎င်းဖျော်ရည်ကိုရေ အဆ ၂၀နှင့် ရောစပ်ပက်ဖြန်းနိုင်ပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.