Connect with us

တီမွေးမြူရေး နှင့် တီစွန့်ပစ်မြေဆွေးပြုလုပ်ရာတွင် သတိထားရမည့်အချက်များ

AGRICULTURE

တီမွေးမြူရေး နှင့် တီစွန့်ပစ်မြေဆွေးပြုလုပ်ရာတွင် သတိထားရမည့်အချက်များ

တီမွေးမြူရေးနှင့် တီစွန့်ပစ်မြေဆွေးပြုလုပ်ရာတွင်သတိထားသင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ မွှန်တတ်သော အနံပြင်းသည့်အပင်များ (ဥပမာ ဆေးရွက်ကြီးပင်၊ ငရုတ်ပင်မျိုး၊ ရှောက်မျိုးနွယ်ဝင်ပင်များ)နှင့် အချဉ်ဓာတ်လွန်ကဲသောအပင်များ (ဥပမာ ချဉ်ပေါင်၊ ကင်းပွန်၊ ဆီးဖြူနှင့် ကင်းပလင်းရွက်များ)စသည်တိုအဟာ တီကောင်များတိုးပွါးမှုကို ဟန့်တားတတ်သောကြောင့် အသုံးမပြုသင့်ပါဘူး

တိရစ္ဆာန်များရဲ့ ဘေးထွက်ပစ္စည်းများ ဥပမာ ကြက်ဥအခွံ အသား အရိုးကြီးများကို တီစွန့်ပစ်မြေဆွေးပြုလုပ်ရာတွင် အသုံးမပြုမိအောင် သတိထားရပါမယ်။

ကြက်ချေး ဘဲချေးတို့ဟာ ပရိုတင်းများစွာပါဝင်ပြီး ကြက်ချေးမှ အပူလွန်ကဲတတ်တာကြောင့် တီစွန့်ပစ် မြေသြဇာပြုလုပ်ရာတွင် အနည်းငယ်သာ ချင့်ချိန်သုံးသင့်ပါတယ်။

ပိုးသတ်ဆေး ပေါင်းသတ်ဆေးဖျန်းထားသော အပင်အကြွင်းအကျန်များကို အသုံးမပြုသင့်ပါဘူး။

တီကောင်များအား ငှက် ခြ ပုရွတ်ဆိတ်နှင့် ကြွက်များရန်မှကာကွယ်ဖို့လိုအပ်ပါတယ်။မြေဆွေးပုံပေါ်မှ ဂုန်နီအိတ် သို့ အရိပ်ပိုက်ဖြင့် အုပ်ပေးထားရပါမယ်။ ခြနှင့် ပုရွတ်ဆိတ်များ ကျရောက်ပါက နာရီဝက်ခန့် ကန်ထဲတွင် ရေထည့်ရေလှောင်ပေးပြီး ပြန်ထုတ်ပေးရပါမယ်။ ထုံးအနည်းငယ်ဖြူးပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

တီမွေးမြူရေးကန်အတွင်းတွင် အစိုဓာတ်အနေတော်ရရှိရန် ရေလောင်းပေးဖို့လိုအပ်သော်လည်း ရေကြာရှည်စွာ မ၀ပ်အောင် အထူး ဂရုစိုက်ဆောင်ရွက်ရပါမယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.