Connect with us

ဖရဲသီးစိုက်ပျိုးရန် မျိုးစေ့များ သိုလှောင်နည်း

AGRICULTURE

ဖရဲသီးစိုက်ပျိုးရန် မျိုးစေ့များ သိုလှောင်နည်း

မှည့်ပြီး ကျန်းမာသည့်ဖရဲသီးမျိုးမှအစေ့များကိုစုဆောင်းပါ။ အများအားဖြင့် ၃၅ မှ ၄၅ ရက်အပြီးတွင် ဖရဲသီးမှည့်ပါတယ်။

ညှိုးနွမ်းပျက်စီးထားသောအရွက်များ၊ အစက်အပျောက်ရှိနေသောအရွက်များ သို့မဟုတ်ခြောက်သွေ့နေသောအရွက်များရှိသည့် ဖရဲသီးမှအစေ့များကိုမယူပါနှင့်။

အကယ်၍ သင်ဟာ မျိုးစေ့များစုဆောင်းမည်ဆိုပါက ဖရဲသီးတွင်ဆားထည့်ခြင်းကိုရှောင်ပါ။ ဖရဲသီးကိုမြေကြီးမှမဖြတ်မီသန့်ရှင်းသောရေဖြင့်ဆေးကြောပါ။

ဖရဲသီးစားပြီးသောအခါ မျိုးစေ့များကိုစုဆောင်းထားနိုင်ပါတယ်။ သို့မဟုတ် သင်ရွေးချယ်ထားသော ဖရဲသီးမျိုးကောင်းကိုခွဲ၍ အစေ့များကိုထုတ်ယူထားနိုင်ပါတယ်။

ဖရဲသီးအစေ့များကိုဖန်ခွက်(ကွန်တိန်နာ) သို့မဟုတ်ပလပ်စတစ်ထဲ ထည့်ပြီးရေဖြည့်ပါ။ ဆေးကြောရန်အတွက်ဇွန်းနှင့်အစေ့များကိုရောမွှေပါ။ ၂ ရက်မှ ၃ ရက်အထိအခန်းအပူချိန်တွင်ရေထဲ၌စိမ်ထားပြီး တစ်နေ့တစ်ခါမွှေပေးပါ။

တတိယနေ့သို့မဟုတ်စတုတ္ထနေ့၌ရေထိပ်တွင်မျောနေသောမျိုးစေ့များကိုဖယ်ပြီး ရေသွန်းပါ။ ကွန်တိန်နာ၏အောက်ခြေတွင်ကျန်သောမျိုးစေ့များကိုချန်ထားပါ။

ကွန်တိန်နာထဲမှမျိုးစေ့များကို ဇွန်းနှင့်ထုတ်ပါ။
ထို့နောက်အစေ့များကို သတင်းစာ သို့မဟုတ် ပ၀ါဖြင့် အခန်းအပူချိန် အတွင်းအခြောက်ခံပေးပါ။ အခန်းအပူချိန်ထက် အနည်းငယ်နွေးသော နေရာမျိုးမှာထားရင်ပိုသင့်တော်ပါတယ်။ (ဥပမာ ရေခဲသေတ္တာ အပေါ်လိုမနေရာမျိုးဖြစ်ပါတယ်။)

သန့်ရှင်းခြောက်သွေ့ပြီးသောအစေ့များကိုလေလုံသည့်ကွန်တိန်နာထဲသို့ထည့်ပါ။ တံဆိပ်ခတ်ထားသောအဖုံးပါသောပလပ်စတစ်ကွန်တိန် သို့မဟုတ်ဇစ်ပါသောအိတ်တစ်ခုသို့မဟုတ်တင်းတင်းကျပ်ကျပ်ပိတ်နိုင်သောအဖုံးပါသည့်သန့်ရှင်းသောဖန်ခွက်အိုးတစ်လုံးထဲသို့ထည့်သိမ်းပါ။

မျိုးစေ့များကို စတင်သိုလှောင်သည့်နေ့ဆွဲနှင့်ပကွန်တိန်နာကိုတံဆိပ်ကပ်ရန်ဘောပင်သို့မဟုတ်အမှတ်အသားတစ်ခုခုကိုသုံးပါ။ သူတို့ကိုအေးပြီးမြုံနေစေရန်ရေခဲသေတ္တာထဲထည့်ပါ။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.