Connect with us

ဥယျာဥ်စိုက်ပျိုးရာတွင် beginner များပြုလုပ်တတ်သော အမှားများ

AGRICULTURE

ဥယျာဥ်စိုက်ပျိုးရာတွင် beginner များပြုလုပ်တတ်သော အမှားများ

(၁) မသင့်လျော်သော​စိုက်ပျိုးမြေပြင်ဆင်မှု

မြေဆီလွှာတွင် တွင်းထွက်ပစ္စည်းများ၊အော်ဂဲနစ်ပစ္စည်းများ၊လေနှင့်ရေတို့ပါဝင်ပါတယ်။ဤပစ္စည်းများရဲ့အားကောင်းမှုဟာမြေဆီလွှာ၏ကျန်းမာရေးပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့်အပင်များရဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။အိမ်တွင်းဥယျာဥ်စိုက်ပျိုးရေးတွင်သာမန်သီးနှံများစိုက်ပျိုးရန်အတွက်မြေဆီလွှာဟာအက်စစ်ဓာတ်လဲမများသင့်သလိုအယ်ကာလိုင်းဓာတ်လဲမများသင့်ပါဘူး။မြေဆီလွှာမြေချဥငံဓာတ်ဟာ pH 6 မှ 7ကြားသာရှိသင့်ပါတယ်။

အိမ်တွင်မြေဆီလွှာရဲ့pHကိုစမ်းသပ်ရန်အတွက်ဇွန်း၂ဇွန်းစာမြေဆီလွှာကိုဖန်ခွက်ထဲသို့ထည့်ပြီးခွက်တစ်ဝက်စာရှိသောရှာလကာရည်ကိုရောထည့်ပါ၊၊အကယ်၍ဤအရောအနှောတွင် အမြှပ်များထလာပါကမြေဆီလွှာဟာအယ်ကာလိုင်းဓာတ်ရှိပါတယ်။နောက်ထပ်နှစ်ဇွန်းစာမြေဆီလွှာကိုအခြားဖန်ခွက်ထဲသို့ထည့်ပြီးပေါင်းခံရည်(tapwaterမဟုတ်ပါ)ကိုဖြည်းဖြည်းချင်းထည့်၍ရွံ့ရည်ဖြစ်အောင်ရောမွှေပါ၊ထို့နောက်ခွက်ဝက်စာမုန့်ဖုတ်ဆိုဒါထပ်ထည့်ပါ၊အမြှုပ်များထွက်လာပါကမြေဆီလွှာဟာအက်ဆစ်ဓာတ်ရှိပါတယ်။ယင်းစမ်းသပ်ချက်နှစ်ခုစလုံးပြုလုပ်ကြည့်ရာမှ မည်သည့်တုံ့ပြန်မှုမှမရှိဘူးဆိုလျှင်မြေဆီလွှာဟာကြားနေ(neutral)ဖြစ်ပါတယ်။

(၂) ပိုးမွှားများနှင့်ပေါင်းပင်များကိုစီမန်ခန့်ခွဲမှု

ပိုးမွှားနှင့်အင်းဆက်များအကြောင်းသေချာသိရှိထားခြင်းဟာလဲအရေးကြီးလှပါတယ်။အချို့သောတီကောင်နှင့်အင်းဆက်များဟာမြေဆီလွှာနှင့်တည့်ကြပါတယ်၊၊သူတို့ဟာမြေဆီလွှာရဲ့မြေသြဇာကိုပိုမိုကောင်းမွန်စေပြီးအပင်ကျန်းမားရေးကိုထိန်းသိမ်းရန်ကူညီပေးပါတယ်။သို့သော်အချို့ပိုးမွှားများဟာအပင်များရဲ့ရန်သူများဖြစ်ကြပါတယ်။သူတို့အတွက်အပင်များကိုသေသေချာချာဂရုစိုက်ခြင်းနှင့်ပိုးသတ်ဆေးများအသုံးပြုခြင်းကိုလုပ်ဆောင်ရပါမယ်။သို့သော်ပေါင်းစပ်ထားသောပိုးသတ်ဆေးများကိုအသုံးပြုခြင်းဟာအပင်များကိုပို၍ပင်ထိခိုက်စေနိုင်ပါတယ်။သဘာဝပိုးသတ်ဆေးများ သို့မဟုတ် အိမ်တွင်းလုပ်ပိုးသတ်ဆေးများကိုအသုံးပြုပေးပါ။

(၃) နေရာရွေးချယ်ခြင်း

ဒါဟာလည်းဂရုစိုက်သင့်သည့်အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ အများကသူတို့အဆင်ပြေနှုန်းအတိုင်းတည်နေရာကိုရွေးချယ်တတ်ကြပါတယ်။ သို့သော် အပင်အတွက် အဆင်ပြေဖို့အရေးကြီးသည်ကိုသတိထားသင့်ပါတယ်။ အလင်းရောင်များလွန်းလည်းမကောင်းသလို အလင်းနည်းလွန်းလျှင်လည်းမကောင်းပါဘူး။နှစ်မျိုးလုံးဟာအပင်များအတွက်အန္တရာယ်ရှိနိုင်ပါတယ်။ အပင်အများစုကတော့အနည်းဆုံး ၆ နာရီနေရောင်ခြည်တိုက်ရိုက်လိုအပ်ပါတယ်။ အလွန်အရိပ်ရသောနေရာဟာလည်းအပင်များအတွက်မသင့်တော်ပါဘူး။

(၄) အပင်တန်းခြားအကွာအဝေးမမှန်ခြင်း

သင်၏အပင်များကိုနီးကပ်စွာထားခြင်းဟာအပင်အတွက် ဖိစီးမှုတိုးပွားစေပြီးသင်၏ဥယျာဉ်အတွင်းရှိအသီးထုတ်လုပ်မှုကိုလျော့နည်းစေပါတယ်။ ထို့အပြင် အပင်များအရမ်းကပ်သောအခါ သင့်လျော်သောလေထုစီးဆင်းမှုနှင့်မြေဆီသြဇာများစွာလုံလောက်စွမရဘဲ လုရတာမျိုးဖြစ်တတ်ပါတယ်။ဤအချက်နှင့်အတူရေဟာလည်း အပင်ရဲ့အမြစ်များသို့လုံလောက်စွာမရောက်ရှိနိုင်ပါဘူး။ထို့ကြောင့်အပင်တစ်ပင်တည်းအတွက် လိုအပ်သောနေရာနှင့်အညီအကွာအဝေးလိုအပ်ချက်များအတိုင်းလိုက်နာဆောင်ရွက်သင့်ပါတယ်။

ယခုလို ပထမဦးဆုံးမှစတင်စိုက်ပျိုးမည့်သူများ မှားတတ်သောအမှားများကို သိထားလျှင် ရှောင်ကြဥ်ရလွယ်ကူပြီး အပင်များ ကြီးထွားသန်မာစွာစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.