Connect with us

သင်္ဘောရွက်အား ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သော နည်းလမ်း၃မျိုး

AGRICULTURE

သင်္ဘောရွက်အား ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သော နည်းလမ်း၃မျိုး

ပထမနည်းလမ်း

လိုအပ်သော ပစ္စည်းများ

သင်္ဘောရွက် ၁ကီလိုဂရမ်
ရေ ၁လီတာ
ဆပ်ပြာ ၁ဇွန်း(၅စီစီ)

လတ်လတ်ဆတ်ဆတ် သင်္ဘောရွက် ၁ကီလိုဂရမ်ကို ခုတ်ဆင်းထုထောင်း၍ ရေတစ်ပုလင်းတွင်စိမ်ထားပါ။ ခြောက်နာရီကြာအောင်စိမ်ရပါမယ်။ ပြီးလျှင် ရေစစ်ချညှစ်ယူ၍ အရည်ကြည်ကိုယူပါ။ ရရှိသောစစ်ပြီးသားအရည်အား ဆပ်ပြာရေတစ်ဇွန်းထည့်၍ ရောသမမွှေပေးပါ။ စစ်ပြီးသားအရည် တစ်စလျှင် ရေ ၄ဆရော၍ ကော်ဖီသံချေးရောဂါအတွက် အသုံးပြုနိုင်ပါတယ်။ ၃ ရက်ခြား တစ်ကြိမ် ဖြန်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ဒုတိယနည်းလမ်း

လတ်လတ်ဆတ်ဆတ် သင်္ဘောရွက် ၁ကီလိုဂရမ်ကို ခုတ်ဆင်းထုထောင်း၍ ရေ၂ဂါလံတွင်၂ရက်ကြာအောင်စိမ်ထားပါ။ ထိုနောက် အရည်စစ်ချ၍ ဖိုးလမင်း ပိုးတုံးလုံးများကို ကာကွယ်သုတ်သင်ရာတွင်အသုံးပြုနိုင်ပါတယ်။ ဆေးရည်ကို အပင်ခြေရင်းသို့လောင်းပေးပါ။

တတိယနည်းလမ်း

လိုအပ်သော ပစ္စည်းများ
ရေနံဆီ ၊ ရေ၊ သင်္ဘောရွက်

လတ်ဆတ်သော သင်္ဘောရွက် ၁ကီလိုဂရမ်ကို ခုတ်ဆင်းထုထောင်း၍ ရေ၂ဂါလန်တွင်စိမ်ထားပြီး အရည်စစ်ချပါ။ ရရှိလာသောအရည်အား ရေနံဆီ ၃၀စီစီနှင့် ရောမွှေ၍ တရက်ကြာအောင် ထားပြီး အသုံးပြုနိုင်ပါသည်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.