Connect with us

အပင်သန်စွမ်းမှုနှင့် ပိုးမွှားကျရောက်ဖျက်ဆီးမှု အဆက်အစပ်ရှိပုံ

AGRICULTURE

အပင်သန်စွမ်းမှုနှင့် ပိုးမွှားကျရောက်ဖျက်ဆီးမှု အဆက်အစပ်ရှိပုံ

အပင်သန်စွမ်းမှုနှင့် ပိုးမွှားကျရောက်ဖျက်ဆီးမှုသည် ဆက်စက်မှုရှိပါတယ်။ သီးနှံပင်များတွင် လုံလောက်သော အာဟာရဓာတ်များပြည့်စုံနေပါက ကျန်းမာသန်စွမ်းနေမည်ဖြစ်သည့်အတွက် ပိုးမွှားဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။

အပင်များကျန်းမာသန်စွမ်းနေပြီး ကြီးထွားမှုလျင်မြန်ကပါက ပိုးမွှားကျသော်လည်း သီးနှံအထွက်ကို ထိခိုက်မှုမရှိနိုင်ပါဘူး။

သို့သော် သီးနှံပင်ငယ်စဥ် ပိုးကျပါက ပြုတ်ပြုတ်ပြုန်းသည်အထိ အပျက်အစီးရှိသော်လည်း အပင်ကြီးဖြစ်မှ ပိုးကျပါက ၎င်းပိုးသည် သီးနှံအထွက်ကို မထိခိုက်စေပါ။

ဥပမာ ပဲစင်းငုံပင်များ အပင်ငယ်စဥ် လှေးကျိုင်း ကျပါက စိုက်ခင်းတစ်ခုလုံး ဖျက်ဆီးခံရတတ်သော်လည်း အပင်ကြီးမှ ပိုးကျပါက ထိခိုက်မှုမရှိပါ။

သိူ့သော်လည်း အပင်များလိုအပ်သော အာဟာရဓာတ်ချို့တဲ့ခြင်း လွန်ကဲပါက ပိုးကျရောက်မှု ပြင်းထန်စွာခံစားရတတ်ပါတယ်။

ဥပမာ သီးနှံပင်များကနု နိုက်ထရိုဂျင်ဓာတ် လိုအပ်သည်ထက်ပိုကျွေးပါက အပင်များ နုရွှင်းစိမ်းစို လာသည်နှင့်အမျှ ပိုးမွှားရောဂါကျရောက်မှု ဒဏ်ကိုအလူးအလဲခံစားရနိုင်ပါတယ်။

သို့ဖြစ်၍ စိုက်ပျိုးထားသောသီးနှံများကို သဘာ၀မြေဆွေး နွားချေးဆွေးများနှင့် တွဲဖက်၍ သင့်တင့်လျောက်ပတ်သော ဓာတ်မြေသြဇာများကို နည်းစနစ်တကျ ကျွေးပေးရန် လိုအပ်ပါတယ်။ မြေဆီလွှာစမ်းသပ်မှု ရရှိသည့်အဖြေပေါ်မူတည်၍ မြေသြဇာများကို သီးနှံပင်၏ သက်တမ်းအလိုက် အချိုးကျ စနစ်တကျ ကျွေးပေးရန် လိုအပ်ပါတယ်။

Continue Reading
Advertisement
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.