Connect with us

အပရန္န၀ါ (Hogweed) အကြောင်းသိကောင်းစရာ

AGRICULTURE

အပရန္န၀ါ (Hogweed) အကြောင်းသိကောင်းစရာ

ဤအပင်ဟာ အိန္ဒိယနိုင်ငံ၏ တိုင်းရင်းဆေးအဖြစ် နှစ်ပေါင်းများစွာထဲက အသုံးပြုခဲ့ကြပြီး “Punarnava” လို့ခေါ်ပါတယ်။
အိန္ဒိယ သီရ်ိလင်္ကာ စင်္ကာပူ အာရှတိုက်၏ အပူပိုင်းဒေသများ အာဖရ်ိကတိုက် နှင့် အမေရိကတိုက်တို့တွင် တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံ အနှံ့ပြားတွင်လည်း အလေ့ကျပေါက်ရောက်ပါတယ်။

အပင်ပုံသဏ္ဍာန် ယေဘုယုဖော်ပြချက်

နှစ်ရှည်ခံ ပင်ပျော့မျိုးဖြစ်ပါတယ်။ ပင်စည်ဟာ လုံး၀န်းပြီး မြေတွင် ဖြာ၍ ပေါက်ပါတယ်။ အဆစ်နေရာတွင် ဖောင်းနေတတ်ပါတယ်။ ဘဲဥပုံအရွက် များ ရွက်ဆိုင်းထွက်ပြီး အဆစ်တစ်ခုစီတွင်တော့ အစုံလိုက် ညီညာစွာ ထွက်ခြင်းမဟုတ်ပေ။ သေးငယ်ပြီး ခရမ်းရောင်သန်းသော ပန်းရောင်ပန်းပွင့်လေးများ စုပြုံ၍ပွင့်ပါတယ်။ အသီး ဟာ အခြေဘက်သို့ သွယ်သွားသည့် ပုံသဏ္ဍာန် တစ်စေ့သီး ဖြစ်ပါတယ်။
ရေလုံလောက်စွာ ရရှိပါက တစ်နှစ်ပတ်လုံးပွင့် ၍ သီးပါတယ်။

အသုံးပြုကြပုံ

ပရန္န၀ါ ဆေးပင်ကို ဆီးဆေးအဖြစ် အဓိကအသုံးပြုပါတယ်။ နှလုံးအားတိုးဆေး အသဲဒဏ်ရာရ ပျက်စီးခြင်းမှ ကာကွယ်ဆေး ဆီးဆေးအဖြစ် အသုံးများပါတယ်။ ဗီယက်နမ်နိုင်ငံတွင် ၎င်းအား ချောင်းဆိုးခြငမး အသဲရောဂါ ဖောရောင်ခြင်းတို့တွင်အသုံးပြုပါတယ်။

စိုက်ပျိုးထုတ်လုပ်မှု

အစေ့အားဖြင့် စိုက်ပျိုးနိုင်သကဲ့သို့ ကိုင်းဖြတ်ထိုး၍လည်း စိုက်ပျိုးနိုင်ပါတယ်။ ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသော်လည်း စိုထိုင်းဆရှိသော်မြေဖြစ်ရန်အတွက် လိုအပ်ပါတယ်။ အရိပ်အောက်တွင် ကောင်းစွာ မဖြစ်ထွန်းနိုင်ပါ။ ကဆီနှင့် အသားဓာတ်ကြွယ်၍ အရွက်နုကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြပါတယ်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.