Connect with us

ကြက်မောက်သီး စိုက်ပျိုးနည်း

AGRICULTURE

ကြက်မောက်သီး စိုက်ပျိုးနည်း

မြန်မာအမည်- ကြက်မောက်သီး
အင်္ဂလိပ် အမည်- RAMBUTAN
ရုက္ခဗေဒ အမည်မှာ- Naphelium lappacum မျိုးရင်းအမည်မှာ-SAPINDACEAE
မူရင်းဒေသ- မလေးရှားနှင့် အင်ဒိုနီးရှား

ကြက်မောက်သီးအား ဥယျာဥ်တွင် စိုက်ပျိုးနိုင်သောနည်းသာမက အိုးဖြင့်စိုက်ပျိုးနိုင်သောနည်းပါဖော်ပြပေးသွားပါမယ်။

ပထမဦးစွာ ကြက်မောက်သီးစိုက်ပျိုးရာတွင် သိထားသင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

မျိုးရွေးချယ်ခြင်း

ကြက်မောက်မျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရနိုင် မရနိုင်ပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကျွတ်ကပ်နှင့် အစေ့မကပ် မျိုးဟူ၍ ခွဲခြားနိုင်ပါတယ်။
မျိုးရွေးချယ်ရာတွင် သတိပြုရမည့်အချက်

-အသီးအရွယ်အစားကြီးရမည်။ (တစ်လုံး ၃၄ ဂရမ်ထက်ပိုရမည်။)

-အသီးအရသာ ချိုရမည်။

-အသားကိုဖယ်ထုတ်သောအခါ အစေ့ခွံကပါမှု နည်းနိုင်သမျှနည်းရမည်။

ရာသီဥတု

အပူချိန် ၂၂-၃၀ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၇၀၀ အတွင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။ မိုးများသည့် ဒေသတွင် နှစ်စဉ်မိုးရေချိန် ၂၀၀၀-၅၀၀၀ မီလီမီတာ ရလျှင် ပိုမိုကောင်းမွန်ပြီး မိုးရွာသွန်းမှုမှာ တစ်နှစ်ပတ်လုံး ညီညာစွာ ရွာသွန်းရန်လိုပါသည်။ မိုးမရွာသည့် နွေရာသီကာလတွင် ပန်းပွင့်သည်မှ အသီးဆွတ်ခူးသည်အထိ ရေပေးသွင်းရန်လိုပါသည်။

မြေအမျိုးအစား

မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သစ်ဆွေးဓာတ်ကြွယ်ဝသော၊ ရေစီးစိမ့်မှု ကောင်းသည့် မြေသြဇာထက်သန်သော သဲဆန်သည့်နုန်းမြေတွင် အပင်ကြီးထွားမှုနှင့် အသီးသီးရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများ လုံလောက်စွာထည့်ပေးနိုင်လျှင် ဂဝံမြေနီတွင် စိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် Ph ၄.၅ – ၆.၅ ကြား သင့်တော်ပါတယ်။

ဥယျာဉ်ထဲတွင် ကြက်မောက်သီးစိုက်ပျိုးနည်း

-အကွာအဝေး ၁၀-၁၂ မီတာ x ၁၀-၁၂ မီတာ (၃၂-၃၉ လက်မ × ၃၂-၃၉ လက်မ) ဖြင့် စတုရန်းပုံ စိုက်ပျိုးနိုင်ပါတယ်။

– အပေါ်ယံမြေကို ကောင်းစွာဆွေးမြေ့သော သစ်ဆွေးမြေသြဇာနှင့်ရောရာတွင် သစ်ဆွေးမြေသြဇာနှစ်ဆကို အပေါ်ယံမြေတစ်ဆ နှင့် ရောပြီး ကျောက်မှုန့် ၁သို့မဟုတ် ၂ ကီလိုဂရမ် ထည့်မွှေပါ။ ဓာတ်မြေသြဇာထည့်ပါက ၁၅း၁၅း၁၅ ဓာတ်မြေသြဇာ ၂၀၀-၃၀၀ ဂရမ် ဖြည့်စွက်ပြီး သစ်ဆွေးမြေသြဇာနှင့် အပေါ်ယံမြေအချိုးကို ၃း၁ တိုးပေးပါ။

-စိုက်ပျိုးပြီးပထမ ၆-၈ လ အထိ အရိပ်ပေးရန်လို၏။

– အပင်၏အကိုင်းများကို အစောပိုင်းတွင် ပုံသွင်းပေးရန်လိုအပ်ပါသည်။

-အသီးအများ ဆုံးထွက်သည့်အချိန်တွင် အပင်တစ်ပင်တစ်နှစ်လျှင် ဓာတ်မြေသြဇာ ၅ ကီလိုနှုန်းထည့်ပေးသင့်ပါတယ်

– ခြောက်သွေ့သောကာလတွင် ရေသွင်းခြင်းကို နှစ်ရက် သုံးရက် တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

-ပန်းပွင့်စဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းပါက ဝတ်မှုန်ကူး အင်းဆက်များ လှုပ်ရှားမှုနည်းသွားခြင်းကြောင့် အသီးတင်မှုနည်းပါးခြင်း ဖြစ်နိုင်ပါတယ်။

– အသီးကို ပုံမှန်အားဖြင့် ပန်းပွင့်စုံပြီး ၉၀-၁၀၀ ရက်တွင်လည်းကောင်း၊ ၁၀၀-၁၃၀ ရက် တွင် လည်းကောင်းအသီးဆွတ်ခူးရိတ်သိမ်းနိုင်ပါတယ်။

-အသီးအရောင် စတင်ဖြစ်ပေါ်ပြီး ၁၆ရက်မှ ၁၈ ရက်တွင် စျေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်ပါတယ်။ အပင်တစ်ပင်တွင်ရှိသော အသီးအားလုံး ရင့်မှည့်လာရန်အတွက် ရက် ၃၀ ခန့်သာလိုအပ်ပါတယ်။

-အသီးထုတ်ပိုးရာတွင် အသီးများကြားတွင် အစိုဓာတ်ထိန်းပေးသည့် ကြားခံပစ္စည်းများ ထည့်သွင်းထုတ်ပိုးခြင်းဖြင့် အသီးများလတ်လတ်ဆက်ဆက် ရှိနေစေပါသည်။

ကြက်မောက်သီးအား အိုးဖြင့်စိုက်ပျိုးနည်း

– အကျယ်အနည်းဆုံး 500mm ရှိသည့်အိုးတလုံးကိုရွေးချယ်ပါ။ နေရောင်ခြည်တွင်နေရာချပြီး မြေဆီလွှာအရောအနှောပါသည့် အရည်အသွေးမြင့်သောအရောအနှောဖြင့်ဖြည့်ပါ။

– ကြက်မောက်သီး မျိုးစေ့မှအပင်ပေါက်ရန်အတွက်၊ မြေဆီ မြေသြဇာ အရောအနှောများကိုအိုးငယ် (သိုမဟုတ်) ကွန်တိန်နာအတွင်းရေနုတ်မြောင်းများဖြင့်စိုက်ပြီးသဲနှင့်အော်ဂဲနစ်မြေဆွေးများဖြင့်ပေါင်းစပ်ထားသောအော်ဂဲနစ်မြေဆီလွှာများဖြင့်ပြည့်နှက်နေအောင်ဖြည့်ပါ။

– မျိုးစေ့ကို ထည့်၍ မြေဆီလွှာကိုအသာအယာဖုံးပေးပါ။ မျိုးစေ့အပင်ပေါက်ရန် ၁၀ မှ ၂၁ ရက်အတွင်းကြာနိုင်ပါတယ်။

-သင့်ရဲ့ ကြက်မောက်ပင်အား ပြောင်းရွှေ့စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်ရန် နှစ်နှစ်ခန့်ကြာပါလိမ့်မည်။

-သင်၏ ကြက်မောက်ပင်ကို မြေပြင်တွင်တိုက်ရိုက်စိုက်ပျိုးခြင်း သို့မဟုတ်ပလတ်စတစ်မဟုတ်သည့်အိုးဖြင့်ပြောင်းရွှေ့စိုက်ပျိုးရမည်။

Continue Reading
Advertisement
You may also like...

More in AGRICULTURE

  • FARM VIDEOS

    သင်္ဘောသီးစိုက်ပျိုးနည်းနည်းပညာ – သင်္ဘောသီးစိုက်ပျိုးနည်း

    By

    သင်္ဘောသီးသည် ၎င်း၏ အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်မှု မြင့်မားသောကြောင့် နာမည်ကြီးသော အသီးတစ်မျိုးဖြစ်သည်။ ၎င်းသည် အခြားအသီးအနှံများထက် စောထွက်ပြီး တစ်နှစ်အောက်၌ အသီးထွက်သည်။

  • FARM VIDEOS

    သခွားသီးခူးစက် – သခွားသီးချဉ် ပြုပြင်ထုတ်လုပ်သည့် စက်

    By

    လတ်ဆတ်သော သစ်သီးဝလံများ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို အက်စစ်ဓာတ်ရည် သို့မဟုတ် ရေငန်ဆားရည်အိုင်ထဲတွင် နှစ်မြှုပ်ခြင်းဖြင့် ၎င်းတို့ကို အစိမ်းလိုက် သို့မဟုတ် ပုပ်သိုးပျက်စီးရန် ခံနိုင်ရည်မရှိတော့သည့်တိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။ သခွားသီးကို ချဉ်ခြင်းအကြောင်းတွေးတဲ့အခါ...

  • FARM VIDEOS

    ပျားမွေးမြူရေးနှင့် ပျားရည် ထုတ်လုပ်ခြင်း

    By

    Manuka ပျားရည်သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးပျားရည်ဖြစ်သည်။ ၎င်း၏ဆန့်ကျင်ဘက်တီးရီးယားဂုဏ်သတ္တိများအတွက်တန်ဖိုးထားသော manuka ပျားရည်ထုတ်လုပ်မှုသည်ပိုမိုအရေးကြီးပါသည်။ ပန်းဝတ်မှုန်၊ ပျားဖယောင်းနှင့် ပရိုပိုလစ်တို့ကိုလည်း ထုတ်လုပ် တင်ပို့ရောင်းချသည်။

  • FARM VIDEOS

    ဂျပန်ပဲပင်ပေါက် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း

    By

    ဂျပန်နိုင်ငံရဲ့ ဧရာမ ပဲပင်ပေါက်ဟာ ရှေးခေတ်ကတည်းက လူသိများတဲ့ ဆောင်းရာသီ ဟင်းသီးဟင်းရွက် “Ohori Onsen moyashi” ဖြစ်ပါတယ်။ ၎င်းသည် ရေပူစမ်းနှင့် ရေပူစမ်းရေပူများကိုသာ အသုံးပြု၍ ရေပူစမ်းမြို့၌...

  • FARM VIDEOS

    တစ်ပတ်လျှင် ရှားစောင်းလက်ပတ်အရွက် 1.5 သန်း ရိတ်သိမ်းနည်း

    By

    နေလောင်ခြင်းကို သက်သာစေသော အသားအရေထိန်းသိမ်းမှုအထိ ရှားစောင်းလက်ပတ်ထုတ်ကုန်များသည် ရေပန်းစားလာပါသည်။ ယနေ့စက်မှုလုပ်ငန်းသည် ကန်ဒေါ်လာ ၆၂၅ သန်းရှိသည်။ သို့သော် ဈေးကွက်ရှိ ရှားစောင်းလက်ပတ် ထုတ်ကုန်အချို့တွင် ရှားစောင်းလက်ပတ် သဲလွန်စ လုံးဝ...


မြန်မာနက် သတင်း

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ပေါ်လစီများကြောင့်၊ ကမ္ဘာ့သတင်းများသာ ဖော်ပြထားနိုင်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


⦿ #MyanmarNet နှင့် Win မြန်မာဖောင့်တို့သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူကြောင်းကွဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ထားသည်။ ⦿ Millions of users have viewed our internet services by Myanmar Net since 1998.

All rights reserved by
Myanmar Net ® https://မြန်မာ.Net


Advertisement

Myanmar Net News

Advertisement
To Top
page views so far.