မြန်မာ့ကျောက်မျက်ရတနာဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄ ။)

၁၃၈၀ ပြည့်နှစ်၊ ပြည်သိုလပြည့်ကျော် ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ၁။ ဤဥပဒေကို မြန်မာ့ကျောက်မျက်ရတနာဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်(က) ကျောက်မျက်ရတနာ ဆိုသည်မှာ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန်၊ ပန်းညံ့၊

ပြောင်ခေါင်းစိမ်း၊ သုံးပန်လှမျိုးကျောက်၊ ဖရဲအူ၊ ရွှေတွင်းဝါ၊ မြမျိုးကျောက်၊ ဂေါ်မိတ်၊ ထပ်တစ်ရာ၊ သလင်းတူကျောက်၊ ဥဒေါင်၊ မျော၊ အညံ့နီလာ၊ နဂါးဘွဲ့၊ ကြံဆစ်ရေကျောက်၊ ပါလဒုတ္တာ၊ မြတူကျောက်၊ ပယင်း၊ ဓာတ်ရောင်ပြန်ကျောက် (Fluoride)၊ နက်ဖရိုက်၊

မှော်စစ်စစ်၊ ပလွမ်၊ ထပ်ကျောက်၊ ထပ်ကွာစိမ်း၊ မိုးညှင်းနီလာ၊ ရေဂေါ်မိတ်၊ သန္တာ၊ ပိန်းနိုက်၊ သူရောင်၊ ဆာပင်တင်း၊ ငုပဆစ်၊ ဆိုဒါလိုက် သို့မဟုတ် အမ်ဖီဗိုး အုပ်စုဝင်

ကျောက်များကိုဆိုသည်။ ယင်းစကားရပ်တွင် ရတနာတန်းဝင် ရောင်စုံကျောက်များ၊ သလင်းအုပ်စု၌ ပါဝင်သော ရတနာတန်းဝင်ကျောက်များနှင့် ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍

ကျောက်မျက်ရတနာဟု သတ်မှတ်သည့် ပစ္စည်းများလည်း ပါဝင်သည်။ ( ခ) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း ဆိုသည်မှာ သဘာဝအတိုင်းရှိနေသော | ကျောက်မျက်ရတနာအရိုင်းကို ရရှိရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို

ဆိုသည်။ (ဂ) ကျောက်မျက်ရတနာအရိုင်း ဆိုသည်မှာ တူးဖော်ထုတ်လုပ် ရရှိသော ကျောက်မျက်ရတနာ

အရိုင်းတုံးများ၊ ခွဲစိတ်ဖြတ်တောက်ထားသော၊ ခွဲစိတ်ပြီးပွတ်ချောထားသော၊ ထုခွဲထားသော

ကျောက်မျက်ရတနာအရိုင်းတုံးများနှင့် အပိုင်းအစများကို ဆိုသည်။ ။ (ဃ) ကျောက်မျက်ရတနာအချောထည် ဆိုသည်မှာ ကျောက်မျက်ရတနာအရိုင်းကို ထပ်မံဖြတ်

တောက်ခြင်း၊ သွေးခြင်း၊ အရောင်တင်ခြင်း၊ ပုံဖော်ခြင်းနှင့် ရုပ်တုရုပ်ထွင်းပြုလုပ်ခြင်း စသည်ဖြင့် ဆင့်တက်ပြုပြင်ခြင်းတို့ ပြုလုပ်ထားသည့် လက်ဝတ်ရတနာ မပြုလုပ်ရ သေးသော ကျောက်မျက်ရတနာကို ဆိုသည်။ (င) လက်ဝတ်ရတနာ ဆိုသည်မှာ ကျောက်မျက်ရတနာအချောထည်ပါရှိသည့် လက်ဝတ်

ရတနာကို ဆိုသည်။ ။ (စ) ကျောက်မျက်ရတနာဖြင့်ပြုလုပ်သောပစ္စည်း ဆိုသည်မှာ ကျောက်မျက်ရတနာကို အသုံးပြု၍

ပြုလုပ်ထားသော ပစ္စည်း သို့မဟုတ် ကျောက်မျက်ရတနာ ပါဝင်သောပစ္စည်းကို ဆိုသည်။ (ဆ) လက်ဝတ်ရတနာပြုလုပ်ခြင်း ဆိုသည်မှာ ကျောက်မျက်ရတနာအချောထည်ကို

| လက်ဝတ်ရတနာပြုလုပ်ရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆိုသည်။ ( ဇ) ခွင့်ပြုမိန့် ဆိုသည်မှာ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်

နိုင်ရန် ဤဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်ကိုဆိုသည်။ ။ (ဈ) လိုင်စင် ဆိုသည်မှာ ကျောက်မျက်ရတနာအရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာ

အချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန်သော်လည်းကောင်း၊ ကျောက်မျက် ရတနာအရိုင်းကို ကျောက်မျက်ရတနာအချောထည် ပြုလုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်

နိုင်ရန်သော်လည်းကောင်း ဤဥပဒေအရ ထုတ်ပေးသည့်လိုင်စင်ကို ဆိုသည်။ (ည) ရတနာခွန် ဆိုသည်မှာ ကျောက်မျက်ရတနာအရိုင်း၊ ကျောက်မျက်ရတနာ အချောထည်၊

လက်ဝတ်ရတနာ သို့မဟုတ် ကျောက်မျက်ရတနာဖြင့်ပြုလုပ်သော ပစ္စည်းရောင်းချခြင်း

အတွက် ဤဥပဒေအရ ကောက်ခံသည့် အခွန်ကို ဆိုသည်။ (ဋ) တွင်းဝခွန် ဆိုသည်မှာ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းမှ မူလအတိုင်း ထွက်ရှိ

လာသော ကျောက်မျက်ရတနာများအပေါ်ဤဥပဒေအရကောက်ခံသည့်အခွန်ကို ဆိုသည်။ ( ဌ) ဝန်ဆောင်ခ ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် လိုင်စင်ရရှိသူက ရတနာခွန် ပေးဆောင်

ပြီးသည့် ကျောက်မျက်ရတနာအရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာ အချောထည်ကို ဖြစ်စေ၊ လက်ဝတ်ရတနာ သို့မဟုတ် ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကို ဖြစ်စေ ပြည်ထောင်စုအစိုးရက ကြီးမှူးကျင်းပသော ကျောက်မျက်ရတနာပြပွဲများတွင် မြန်မာကျပ်ငွေ သို့မဟုတ် နိုင်ငံခြားသုံးငွေဖြင့် တင်ပြရောင်းချခြင်း၊ ဝန်ကြီးဌာနက စီစဉ်ပေးသောနေရာများတွင် ရောင်းချခြင်းတို့၌ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်းက ဆောင်ရွက်ရသည့်လုပ်ငန်းများအတွက် ဤဥပဒေနှင့်အညီ ကောက်ခံသည့်

ဝန်ဆောင်ခကို ဆိုသည်။ ( ၃ ) ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မြန်မာကုမ္ပဏီအဖြစ် ဖွဲ့စည်းထားပြီး

ဝန်ကြီးဌာနတွင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကိုင်ရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီကို

ဆိုသည်။ ။ (ပ) အသင်း ဆိုသည်မှာ သမဝါယမအသင်းဥပဒေအရ မှတ်ပုံတင်ထားသော အခြေခံသမဝါယမ

အသင်း၊ သမဝါယမအသင်းစု၊ သမဝါယမအသင်းစုချုပ် သို့မဟုတ် ဗဟိုသမဝါယမအသင်းကို ဆိုသည်။ (ဏ) အလတ်စားတူးဖော်ထုတ်လုပ်ခြင်း ဆိုသည်မှာ စီးပွားဖြစ်ထုတ်လုပ်ရန် ဖြစ်မြောက်

နိုင်စွမ်းရှိပြီး ရတနာနယ်မြေ၌ ငါးဧက ထက်မပိုသော လုပ်ကွက်အကျယ်အဝန်းအတွင်း ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော တူးဖော်မှု နည်းစနစ်နှင့် စက်ယန္တရားတို့အသုံးပြု၍ သုံးနှစ်အထိ ကျောက်မျက်ရတနာ တူးဖော်

ထုတ်လုပ်ခြင်းကို ဆိုသည်။ (တ) အသေးစားတူးဖော်ထုတ်လုပ်ခြင်း ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်မများသည့်

စီးပွားရေးလုပ်ငန်းအဖြစ် ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေပြင်ပ ဧရိယာ၌ သုံးဧကထက်မပိုသော လုပ်ကွက်အကျယ်အဝန်းအတွင်း ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော တူးဖော်မှုနည်းစနစ်နှင့် စက်ယန္တရားတို့

အသုံးပြု၍ နှစ် နှစ်အထိ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းကို ဆိုသည်။ (ထ) လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်း ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏

သဘောတူညီချက်အရ ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေ ပြင်ပဧရိယာအတွင်း လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုသည့် နယ်မြေ ဧရိယာတွင် တစ်ဧကထက်မပိုသော လုပ်ကွက်အကျယ်အဝန်းဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကျောက်မျက်ရတနာ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော နိုင်ငံသားများ စည်းကမ်းနှင့်အညီ တစ်နှစ်အထိ ဝင်ရောက်လုပ်ကိုင်

နိုင်သည့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းကို ဆိုသည်။ ။ (၁) မြေအသုံးပြုခွင့်ပြုမိန့် ဆိုသည်မှာ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း

ဆိုင်ရာ ယာယီအဆောက်အအုံ၊ ပစ္စည်းသိုလှောင်ရုံနှင့် တဲတန်းလျားများဆောက်လုပ်ရေး အတွက်လည်းကောင်း၊ ယာဉ်၊ စက်၊ ယန္တရား၊ ထုတ်လုပ်ပြီး ကျောက်ရိုင်းများနှင့် ဖြုန်းများထားရှိရေးအတွက်လည်းကောင်း၊ မြေစာဆေးကြောရေး၊ ကျောက်ထုခွဲရေးနှင့် မြေစာပစ်ရေးတို့အတွက်လည်းကောင်း လုပ်ငန်းသုံးနေရာတစ်ခုခုကို သတ်မှတ်ထားသော

ကာလအတွင်း အသုံးပြုခွင့်အတွက် ထုတ်ပေးထားသော ခွင့်ပြုမိန့်ကို ဆိုသည်။ (ဓ) အသင်းချုပ် ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသော

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်ကို ဆိုသည်။ (န) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးဝန်ကြီးဌာနကို ဆိုသည်။ ။ (ပ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော ကျောက်မျက်ရတနာ ကြီးကြပ်ရေး

ဗဟိုကော်မတီကို ဆိုသည်။ ။ (ဖ) တန်ဖိုးဖြတ်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ကျောက်မျက်ရတနာ တန်ဖိုးဖြတ်အဖွဲ့ကို ဆိုသည်။ (ဗ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။ (ဘ) လက်လုပ်လက်စား တူးဖော်ထုတ်လုပ်သူ ဆိုသည်မှာ အဆိုပါထုတ်လုပ်ခွင့်အတွက်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကျောက်မျက်ရတနာ လုပ်ကွက်စိစစ်ချထားပေး

ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော နိုင်ငံသားကို ဆိုသည်။ ။ (မ) ရတနာနယ်မြေ ဆိုသည်မှာ ကျောက်မျက်ရတနာထွက်ရှိသည့် နယ်မြေကို ပြည်ထောင်စု

အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနက ရတနာနယ်မြေအဖြစ် သတ်မှတ် ထားသည့် နယ်မြေကို ဆိုသည်။

အခန်း(၂)

၃။

ရည်ရွယ်ချက် ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက်ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း

ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာခိုင်နှုန်းပြည့် ဖြစ်ထွန်းပြီး

ဖွံ့ဖြိုးတိုးတက်လာစေရန်၊ (ခ) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းနှင့်

ရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းများကို ခွင့်ပြုမိန့်နှင့် လိုင်စင်ရရှိသူများအား

လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်၊ (ဂ) ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများကို အချိန်အခါမရွေး လွတ်လပ်စွာ

ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ကျောက်မျက်ရတနာဈေးများ ဖွင့်လှစ်ထားရှိရန်၊ (ဃ) ကျောက်မျက်ရတနာများကို ပြည်တွင်း၌ တရားမဝင်တူးဖော်ထုတ်လုပ်ခြင်းများ

ပပျောက်စေပြီး ပြည်ပသို့ တရားမဝင်တင်ပို့ခြင်း၊ ရောင်းချခြင်းများကို ကာကွယ်

တားဆီးနှိမ်နင်းရန်နှင့် ပြည်ပမှ တရားမဝင်တင်သွင်းခြင်းများကို ထိန်းချုပ်ရန်၊ (င) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရေး

အတွက် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဓာတ်ခွဲခန်းလုပ်ငန်း၊ သုတေသနလုပ်ငန်း

များကို တိုးချဲ့ဆောင်ရွက်ရန်၊ ( စ) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်

ပျက်စီးမှု အနည်းဆုံးဖြစ်စေရန်နှင့် ကျောက်မျက်ရတနာလုပ်ကွက်များ စနစ်တကျ ပိတ်သိမ်းပြီးနောက် မြေယာပြုပြင်ခြင်းနှင့် ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်။ အခန်း(၃)

ရတနာနယ်မြေသတ်မှတ်ခြင်း ၄။ ဝန်ကြီးဌာနသည် – (က) ကျောက်မျက်ရတနာကို စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း သတင်းရရှိသည့် သို့မဟုတ်

ရှာဖွေတွေ့ရှိသည့် နယ်မြေကို ရတနာနယ်မြေအဖြစ် သတ်မှတ်ရန် ရှိသည့်အခါ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရတနာနယ်မြေအဖြစ် သတ်မှတ်ရန်

ရည်ရွယ်ကြောင်း အများပြည်သူသိရှိရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရမည်။ (ခ) ရတနာနယ်မြေအဖြစ် သတ်မှတ်ရန် ရည်ရွယ်သည့် သက်ဆိုင်ရာနယ်မြေတွင် ပုဂ္ဂိုလ်

တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းပိုင်ခွင့် နှင့် အခြားအခွင့်အရေးများနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ရတနာနယ်မြေအဖြစ် သတ်မှတ်ပါက ထိခိုက်နစ်နာဆုံးရှုံးနိုင်ဖွယ်ရာ ရှိ မရှိ နှင့်စပ်လျဉ်း၍ဖြစ်စေ စုံစမ်းစစ်ဆေးပြီး သင့်လျော် သောအခွင့်အရေးများ၊ အကျိုးခံစားခွင့်များကို စိစစ်ဆောင်ရွက်ပေးနိုင်ရန်နှင့် နယ်နိမိတ် တိုင်းတာ သတ်မှတ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်စေရမည်။ ထိုသို့

ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ (ဂ) အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းတစ်ခုခု၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသောမြေကို ရတနာ

နယ်မြေအဖြစ် သတ်မှတ်လိုပါက ယင်းသို့သတ်မှတ်ခြင်းမပြုမီ သက်ဆိုင်ရာ အစိုးရဌာန၊

အစိုးရအဖွဲ့ အစည်းတို့နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမည်။ (ဃ) ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ စိုက်ပျိုး

လုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းပိုင်ခွင့်ရှိသောမြေကို ရတနာနယ်မြေအဖြစ် သတ်မှတ်လိုပါက သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် ထိုက်သင့်သော ကာလတန်ဖိုး

ပေး၍ ဝယ်ယူခြင်း၊ ဥပဒေနှင့်အညီ လွှဲပြောင်းရယူခြင်း ပြုနိုင်သည်။ (င) ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ) နှင့် (ဃ) တို့အရ ဆောင်ရွက်ပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့၏

သဘောတူညီချက်ဖြင့် ရတနာနယ်မြေအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်

ရမည်။ ) ( စ) ပုဒ်မခွဲ (င) အရ သတ်မှတ်သော ရတနာနယ်မြေအပေါ် ကျူးကျော်၍ ဆောက်လုပ်သည့်

အဆောက်အအုံများ၊ ပစ္စည်းများနှင့်စက်ပစ္စည်းကိရိယာများကို သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက ဖယ်ရှားခြင်းမပြုလျှင် အဆိုပါပစ္စည်းများကို ဖျက်သိမ်းခြင်းနှင့် ဖယ်ရှားခြင်းပြုနိုင်သည်။ ထိုသို့ ပြုလုပ်ရာတွင် မည်သည့်နစ်နာ ဆုံးရှုံးမှုအတွက်ကိုမျှ ပေးလျော်ရန် တာဝန်မရှိစေရ။ ၅။ ရတနာနယ်မြေအဖြစ် သတ်မှတ်သည့်နယ်မြေတွင် မြို့ သို့မဟုတ် ကျေးရွာလူနေအိမ်များ တိုးချဲ့ခြင်း၊ သာသနာ့နယ်မြေသတ်မှတ်ခြင်း၊ စိုက်ပျိုးမြေတိုးချဲ့လုပ်ကိုင်ခြင်း၊ သစ်တောစိုက်ခင်း တိုးချဲ့လုပ်ကိုင်ခြင်း၊ ရေတွင်း သို့မဟုတ် ရေကန်တူးဖော်ခြင်း၊ ဆည်မြောင်းတည်ဆောက်ခြင်းနှင့် အခြားစီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်ရှိပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းသည် ဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူ

ဆောင်ရွက်ရမည်။ ၆။ ဤဥပဒေမပြဋ္ဌာန်းမီက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသော ရှိရင်းစွဲရတနာမြေများသည် ဤဥပဒေအရ သတ်မှတ်ထားသည့် ရတနာနယ်မြေများဖြစ်သည်ဟု မှတ်ယူရမည်။ ၇။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရတနာနယ်မြေတစ်ခုလုံး ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြင်ဆင်သတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ၈။ တည်ဆဲဥပဒေအရ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်က စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းပိုင်ခွင့်ရှိသောမြေ၏ အပေါ်ယံမြေဆီလွှာတွင်ဖြစ်စေ၊ မြေဆီလွှာအောက်တွင်ဖြစ်စေ၊ နိုင်ငံတော် နယ်နိမိတ်အတွင်းရှိ မြေပေါ်၊ မြေအောက်၊ ရေအောက်ကြမ်းပြင်နှင့် ရေအောက်မြေထုတွင်ဖြစ်စေ သဘာဝအလျောက် တွေ့ရှိရသော ကျောက်မျက်ရတနာသည် နိုင်ငံတော်ပိုင်ဖြစ်သည်ဟု မှတ်ယူရမည်။

| အခန်း(၄) အလတ်စားတူးဖော်ထုတ်လုပ်ခြင်းအတွက် ကျောက်မျက်ရတနာ

လုပ်ကွက်သတ်မှတ်ခြင်း ၉။ ဝန်ကြီးဌာနသည် – (က) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုရန်အလို့ငှာ ရတနာ

နယ်မြေအတွင်း ကျောက်မျက်ရတနာ တူးဖော်နိုင်သည့်နေရာများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ အလတ်စားကျောက်မျက်ရတနာ လုပ်ကွက်

များအဖြစ် သတ်မှတ်ရမည်။ ) ( ခ) ပုဒ်မခွဲ (က) အရ ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် သတ်မှတ်ရာတွင် လုပ်ကွက် တစ်ခုနှင့်တစ်ခုအကြား မြေစာစွန့်ပစ်လမ်း ချန်လှပ်ထားရမည်။

အခန်း(၅) ကျောက်မျက်ရတနာတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် ၁၀။ ဝန်ကြီးဌာနသည် အလတ်စားတူးဖော် ထုတ်လုပ်ခြင်းလုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာ လုပ်ကွက်တစ်ခုချင်းအတွက် နေရာပေါ်မူတည်၍ သင့်လျော်သော ဈေးနှုန်းကို သတ်မှတ်၍ အဆိုပြုလွှာ ခေါ်ယူရမည်။ အကယ်၍ လုပ်ကွက်တစ်ခုအတွက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းခြင်းများ ပေါ်ပေါက်လာပါက သတ်မှတ်ချက်များနှင့်အညီ တင်ဒါစနစ်ဖြင့် ရွေးချယ်ရမည်။ ၁၁။ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လိုသည့် ကုမ္ပဏီသည် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရလည်းကောင်း၊ အသင်းသည် အသင်းစည်းကမ်းအရလည်းကောင်း ကျောက်မျက် ရတနာတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရှိရမည်။ ထို့ပြင်ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်လည်း ညီညွတ်ရမည်။ ၁၂။ ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်သော ကုမ္ပဏီ သို့မဟုတ် အသင်းသည် ဝန်ကြီးဌာနက အလတ်စားတူးဖော် ထုတ်လုပ်ခြင်းလုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာလုပ်ကွက်များကို ဝင်ရောက်ယှဉ်ပြိုင်၍ အဆိုပြုလွှာ တင်ခွင့်ရှိသည်။ ၁၃။ ဝန်ကြီးဌာနသည် အလတ်စားတူးဖော် ထုတ်လုပ်ခြင်းအတွက် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများပါ သတ်မှတ်ချက်များနှင့်ညီညွတ်၍ ရွေးချယ်အတည်ပြုထားသော အဆိုပြုလွှာတင်သည့် ကုမ္ပဏီ သို့မဟုတ် အသင်းအား ခွင့်ပြုမိန့် ထုတ်ပေးရမည်။ ၁၄။ ဝန်ကြီးဌာနသည် အလတ်စားတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုမိန့်ရရှိသူနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့်အညီ ထုတ်လုပ်မှုအပေါ် ရာခိုင်နှုန်းဖြင့် ခွဲဝေ ခံစားသည့်စနစ်ဖြင့် လုပ်ကိုင်ရမည်။ ၁၅။ ဝန်ကြီးဌာနသည်(က) အလတ်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုသည့် ကျောက်မျက်ရတနာလုပ်ကွက်

များ၏ ခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံးသည့်အခါ ဆက်လက်လုပ်ကိုင်လိုကြောင်း လျှောက်ထား လာပါက သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှုနှင့် လုပ်ငန်းအကောင်အထည်ဖော်

ဆောင်ရွက်နိုင်မှုတို့ကို စိစစ်သုံးသပ်ပြီး ခွင့်ပြုမိန့်သက်တမ်းကို တိုးမြှင့်ခွင့်ပြုနိုင်သည်။ (ခ) ပုဒ်မခွဲ(က) အရ ခွင့်ပြုမိန့်သက်တမ်းတိုးမြှင့်ခွင့်ပြုသော အလတ်စား တူးဖော်ထုတ်လုပ်ခြင်း

လုပ်ငန်း ကျောက်မျက်ရတနာလုပ်ကွက်တစ်ခုချင်းအတွက် လိုအပ်ပါက ဈေးနှုန်းပြန်လည်

| သတ်မှတ်ပြီး သုံးနှစ်ထိ တစ်ကြိမ်သာ ခွင့်ပြုမိန့်သက်တမ်းတိုးပေးရမည်။ ၁၆။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကျောက်မျက်ရတနာ ထွက်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့်ညှိနှိုင်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အဆိုပြုသော ဒေသခံပုဂ္ဂိုလ် သုံးဦးထက်မနည်း ပါဝင်ပြီး အဖွဲ့ဝင် ကိုးဦးထက်မပိုသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျောက်မျက်ရတနာလုပ်ကွက် စိစစ်ချထား ပေးရေးအဖွဲ့ကို ဖွဲ့စည်းရမည်။ ၁၇။ (က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကျောက်မျက်ရတနာ လုပ်ကွက်

စိစစ်ချထားပေးရေးအဖွဲ့သည် ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေ ပြင်ပဧရိယာ အတွင်း အသေးစားတူးဖော် ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့်ပြုမည့် နေရာဒေသများကို ဝန်ကြီးဌာန၏

သဘောတူညီချက်ဖြင့် လုပ်ကွက်သတ်မှတ်ပေးနိုင်သည်။ ( ခ) ပုဒ်မခွဲ (က) အရ ကျောက်မျက်ရတနာလုပ်ကွက်များအဖြစ် သတ်မှတ်ရာတွင် လုပ်ကွက်

တစ်ခုနှင့်တစ်ခုအကြား မြေစာစွန့်ပစ်လမ်းချန်လှပ်ထားရမည်။ (ဂ) ပုဒ်မခွဲ (က) အရ သတ်မှတ်ထားသည့် နေရာဒေသအတွင်းရှိမြေတွင် အသေးစားတူးဖော်

ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်လို သူသည် ခွင့်ပြုမိန့်ထုတ်ပေးရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကျောက်မျက်ရတနာလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့သို့ လျှောက်ထား

ရမည်။

သကား

၁၈။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကျောက်မျက်ရတနာလုပ်ကွက် စိစစ်ချထား ပေးရေးအဖွဲ့သည် – (က) အသေးစားတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုမိန့် ထုတ်ပေးရန် ပုဒ်မ ၁၇၊

ပုဒ်မခွဲ (ဂ) အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ခွင့်ပြုမိန့် သက်တမ်းနှင့်ဈေးနှုန်းကို သတ်မှတ်ပေးရမည်။ အကယ်၍ လုပ်ကွက်တစ်ခုအတွက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းခြင်းများ ပေါ်ပေါက်လာပါက သတ်မှတ်ချက်များနှင့်အညီ

တင်ဒါစနစ်ဖြင့် ရွေးချယ်ရမည်။ ( ခ) သတ်မှတ်ထားသော ဈေးနှုန်းကို လျှောက်ထားသူ သို့မဟုတ် ရွေးချယ်ခံရသူက သတ်မှတ်

ကာလအတွင်းပေးသွင်းလျှင် ခွင့်ပြုမိန့်ထုတ်ပေးရမည်။ (ဂ) ခွင့်ပြုမိန့် သက်တမ်းကုန်ဆုံး၍ ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခွင့်ပြုသည့်အခါ အသေးစား

တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် လိုအပ်ပါက ဈေးနှုန်းပြန်လည်သတ်မှတ်ပြီး

နှစ်နှစ်အထိ တစ်ကြိမ်သာ ခွင့်ပြုမိန့်သက်တမ်း တိုးပေးရမည်။ ) (ဃ) လက်ရှိလုပ်ငန်း လုပ်ကိုင်နေသူသည် ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားသော ဈေးနှုန်းကို

သတ်မှတ်ကာလအတွင်း ပေးသွင်းလျှင် သက်တမ်းတိုးခွင့်ပြုမိန့် ထုတ်ပေးရမည်။ (င) လက်လုပ်လက်စားတူးဖော်ထုတ်လုပ်လိုသူ နိုင်ငံသားတစ်ဦးချင်းကို သတ်မှတ်ချက်များ

နှင့်အညီ တစ်နှစ်သက်တမ်းဖြင့် မှတ်ပုံတင်ပေးရမည်။ ၁၉။ ဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ရရှိသူက ကျောက်မျက်ရတနာတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရာတွင် အများသုံးမြေစာပစ်ရန် နေရာကို ရတနာနယ်မြေအတွင်း သတ်မှတ်ပေးရမည်။ ၂၀။ (က) အလတ်စားတူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် အသေးစားတူးဖော်ထုတ်လုပ်ခြင်း

လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုမိန့်ရရှိသူသည် ရတနာနယ်မြေတွင် မြေအသုံးပြုခွင့်ပြုမိန့် ရရှိရန် ဝန်ကြီးဌာနသို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။ (ခ) ဝန်ကြီးဌာနသည် – (၁) ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး စည်းကမ်းချက်များသတ်မှတ်၍

မြေအသုံးပြု ခွင့်ပြုမိန့်ထုတ်ပေးနိုင်သည်။ (၂) ပုဒ်မခွဲငယ် (၁) အရ မြေအသုံးပြုခွင့်ပြုမိန့် ထုတ်ပေးသည့်အခါ ခွင့်ပြုမိန့်

ရရှိသော လုပ်ကွက်ပြင်ပရှိ လုပ်ငန်းသုံးနေရာ တစ်ခုခုအတွက် မြေအသုံးပြု

ခွင့်ပြုမိန့်သက်တမ်းနှင့် မြေငှားရမ်းခတို့ကို သတ်မှတ်ရမည်။ ) (၃) ပုဒ်မခွဲငယ် (၂) အရ သတ်မှတ်ပေးသည့် မြေအသုံးပြုခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံး ပါက သက်တမ်းတိုးမြှင့်ပေးနိုင်သည်။

အခန်း(၆)

ခွင့်ပြုမိန့်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ ၂၁။ ခွင့်ပြုမိန့်ရရှိသူသည် – (က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်၊ ညွှန်ကြားချက်

နှင့်လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။ (ခ) ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေအသုံးပြု ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို လိုက်နာ

ရမည်။

(ဂ) တူးဖော်ထုတ်လုပ်ရရှိသည့် ကျောက်မျက်ရတနာ အရိုင်းများကို သက်ဆိုင်ရာတန်ဖိုးဖြတ်

အဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီပြသ၍ မှတ်ပုံတင်ရမည်။ (ဃ) ဤဥပဒေအရ တွင်းဝခွန်၊ ရတနာခွန်နှင့် ဝန်ဆောင်ခပေးဆောင်ရမည့်အပြင် တည်ဆဲ

အခွန်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ထိုက်သင့်သည့်အခွန်များ ပေးဆောင်ရမည်။ (င) ရရှိထားသော ခွင့်ပြုမိန့်ကို တစ်ဆင့်ငှားရမ်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်း

လုပ်ကိုင်စေခြင်းမပြုရ။ ( စ) လုပ်ကိုင်ခွင့်ရရှိသည့် လုပ်ကွက်တစ်ခုချင်းအလိုက် ကျောက်မျက်ရတနာများ တူးဖော်

ထုတ်လုပ်မှု၊ တွင်းဝခွန်ပေးဆောင်မှု၊ ရတနာခွန်ပေးဆောင်မှု၊ ရောင်းချမှုနှင့် ကျန်ရှိမှုကို ခွင့်ပြုမိန့်ထုတ်ပေးသည့် ဌာန သို့မဟုတ် အဖွဲ့အစည်းသို့ ခြောက်လတစ်ကြိမ် မပျက်မကွက်

တင်ပြရမည်။ (ဆ) အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊

လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်(၁) ကျောက်မျက်ရတနာတူးဖော် ထုတ်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ဝန်ထမ်းများ၊ အလုပ်

သမားများခန့်ထားခြင်း၊ အလုပ်ခိုင်းစေခြင်း၊ အသက်၊ လုပ်ခ၊ လစာနှင့် အခြား အခကြေးငွေများ၊ အကျိုးအမြတ်အပေါ်မှ မျှဝေခံစားခွင့် သတ်မှတ်ခြင်း၊ (၂) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းနှင့်စပ်လျဉ်း၍ မြေပေါ်မြေအောက်၌

အလုပ်လုပ်ရက်နှင့် အလုပ်ချိန်နာရီများ သတ်မှတ်ခြင်း၊ (၃) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၌ ဘေးအန္တရာယ်ကင်းရှင်းရန်နှင့်

မတော်တဆ ဖြစ်ပွားမှုမှကာကွယ်ရန် စီမံဆောင်ရွက်ခြင်း၊ (၄) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းမှ ဝန်ထမ်းများ၊ အလုပ်သမား

များ၏သက်သာချောင်ချိရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေးနှင့်စည်းကမ်းထိန်းသိမ်းရေး

တို့အတွက် စီမံချက်များရေးဆွဲအကောင်အထည်ဖော်ခြင်း၊ (၅) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်း

ရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် စီမံဆောင်ရွက်ခြင်း၊ (၆) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၌ ဖြစ်ပွားသည့် မတော်တဆ

ဖြစ်ပွားမှုများနှင့် ယင်းမတော်တဆဖြစ်ပွားမှုကြောင့် လူ့အသက်ဆုံးရှုံးခြင်းနှင့် | ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာရမှုများကို သတင်းပို့ အစီရင်ခံခြင်း၊ (၇) စစ်ဆေးရေးအရာရှိချုပ်၊ စစ်ဆေးရေးအဖွဲ့နှင့် စစ်ဆေးရေးအရာရှိများ၏

စစ်ဆေးမှုကိုခံယူခြင်း။ ၂၂။ ခွင့်ပြုမိန့်ရရှိသူသည် တူးဖော်ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို မှတ်ပုံတင်၍ တွင်းဝခွန်ထမ်းဆောင်ပြီးဖြစ်လျှင် တည်ဆဲဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ(က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်းထားသော

ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း နှင့်စည်းကမ်းများကို လိုက်နာ၍ ဖြတ်တောက်ခြင်း၊ သွေးခြင်း၊ အရောင်တင်ခြင်း၊ ပုံဖော်ခြင်းနှင့် ရုပ်တုရုပ်ထွင်းပြုလုပ်ခြင်းတို့ကို ပြုလုပ်၍ အချောထည်ပြုလုပ်ခွင့်နှင့်

ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းများ ပြုလုပ်ခွင့်ရှိသည်။ (ခ) ယင်းကျောက်မျက်ရတနာအရိုင်းကို ဖြတ်တောက်ခြင်း၊ သွေးခြင်းနှင့် အရောင်တင်ခြင်း၊

ပုံဖော်ခြင်းနှင့် ရုပ်တုရုပ်ထွင်းတို့ ပြုလုပ်ပြီးသော ကျောက်မျက်ရတနာအချောထည်ကို လက်ဝတ်ရတနာနှင့်ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်းများ ပြုလုပ်ခွင့်

ရှိသည်။ (ဂ) ယင်းကျောက်မျက်ရတနာအရိုင်းကို

(၁) ပြည်တွင်း၌ လွတ်လပ်စွာ သယ်ယူခွင့်ရှိသည်။ (၂) ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားသုံးငွေဖြင့်ဖြစ်စေ ရောင်းချခွင့်

ရှိသည်။ (၃) ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျင်းပသောကျောက်မျက်ရတနာ ပြပွဲများတွင်

လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာဈေးတွင်လည်းကောင်း၊ ဝန်ကြီးဌာနက ခွင့်ပြုသည့်သက်ဆိုင်ရာဒေသများတွင် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ ကြီးကြပ်မှုဖြင့် ကျောက်မျက်ရတနာပြပွဲများ

ပြုလုပ်၍ လည်းကောင်း ရောင်းချခွင့်ရှိသည်။ (၄) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူ၍ ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်

ကျင်းပပြုလုပ်သော ကျောက်မျက်ရတနာပြပွဲများတွင် နိုင်ငံခြားသုံးငွေဖြင့်

ရောင်းချတင်ပို့ခွင့်ရှိသည်။ (ဃ) ကျောက်မျက်ရတနာ အချောထည်ကိုလည်းကောင်း၊ လက်ဝတ်ရတနာကိုလည်းကောင်း၊

ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်းကိုလည်းကောင်း(၁) ပြည်တွင်း၌ လွတ်လပ်စွာ သယ်ယူခွင့်ရှိသည်။ (၂) ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားသုံးငွေဖြင့်ဖြစ်စေ ရောင်းချ

ခွင့်ရှိသည်။ (၃) ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျင်းပသော ကျောက်မျက်ရတနာပြပွဲများတွင်

လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာဈေးတွင်လည်းကောင်း၊ ဝန်ကြီးဌာနကခွင့်ပြုသည့် ဒေသများတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ ကြီးကြပ်မှုဖြင့် ကျောက်မျက်ရတနာပြပွဲများ ပြုလုပ်၍လည်းကောင်း

ရောင်းချခွင့်ရှိသည်။ ။ (၄) ပြည်ပသို့ တင်ပို့ရောင်းချခွင့် ရှိသည်။ (၅) ပြည်ပမှရတနာ ကုန်သည်များကို မိမိအစီအစဉ်ဖြင့်ဖိတ်ခေါ်၍ ဝန်ကြီးဌာန၏

သဘောတူညီချက်ဖြင့် ရောင်းချခွင့်ရှိသည်။

(၆) ပြည်ပ ကျောက်မျက်ရတနာပြပွဲများတွင် သွားရောက်ရောင်းချခွင့်ရှိသည်။ ၂၃။ ခွင့်ပြုမိန့်ရရှိသူသည် တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်သည့် ကျောက်မျက်ရတနာတန်ဖိုးကို မကျေနပ်ပါက ပြင်ဆင်သတ်မှတ်ပေးရန် တန်ဖိုးသတ်မှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဗဟို

ကော်မတီသို့ တင်ပြခွင့်ရှိသည်။ ၂၄။ ခွင့်ပြုမိန့်ရရှိသူသည် ကျောက်မျက်ရတနာအချောထည် သို့မဟုတ် လက်ဝတ်ရတနာ ပြုလုပ်

ရောင်းချရာ၌ အသုံးပြုရန် အမှန်တကယ်လိုအပ်သော ကုန်ကြမ်းပစ္စည်းနှင့် ထုတ်လုပ်မှုနှင့်ဆိုင်သော စက်ပစ္စည်းကိရိယာများကို အကောက်ခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ဖြင့် တင်သွင်းခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ လျှောက်ထားခွင့်ရှိသည်။ ၂၅။ ခွင့်ပြုမိန့်ရရှိသူသည် လုပ်ကွက်အတွင်းမှ ကျောက်မျက်ရတနာမဟုတ်သော အခြားတွင်းထွက် သို့မဟုတ် ဓာတ်သတ္တုများတွေ့ရှိပါက ဝန်ကြီးဌာနသို့ သတင်းပေးပို့အပ်နှံရမည်။ အခန်း(၇) ကျောက်မျက်ရတနာအရိုင်း၊ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း

လုပ်ငန်းလုပ်ကိုင်ခွင့် ၂၆။ မည်သူမဆို အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုပါက လိုင်စင်ရရှိရန် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့်အညီ ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ လျှောက်ထားရမည် – (က) ကျောက်မျက်ရတနာ အရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာ အချောထည်ကိုဖြစ်စေ၊

လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ

ရောင်းဝယ်ခြင်းလုပ်ငန်း၊ ( ခ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာ အချောထည်ပြုလုပ်ခြင်း သို့မဟုတ်

လက်ဝတ်ရတနာပြုလုပ်ခြင်းလုပ်ငန်း၊ (ဂ) ကျောက်မျက်ရတနာအရိုင်းကို ကျောက်မျက်ရတနာအချောထည် ပြုလုပ်ခြင်းလုပ်ငန်း။ ၂၇။ ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည်(က) ပုဒ်မ ၂၆ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး လိုင်စင်

ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။ ( ခ) ပုဒ်မခွဲ (က) အရ လိုင်စင်ထုတ်ပေးရန် ခွင့်ပြု၍ လိုင်စင်ထုတ်ပေးပါက လိုင်စင်အမျိုးအစား၊

လိုင်စင်သက်တမ်း၊ လိုင်စင်ခနှင့် စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။ ၂၈။ လိုင်စင်ရရှိသူသည်(က) ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို

လိုက်နာရမည်။ ( ခ) လိုင်စင်စည်းကမ်းများကို လိုက်နာရမည်။ (ဂ) သတ်မှတ်ထားသော လိုင်စင်ခကို ပေးဆောင်ရမည်။ (ဃ) လိုင်စင်အမျိုးအစားအလိုက်ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်

ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ကျင်းပသော ကျောက်မျက်ရတနာပြပွဲများ၊ ပုဂ္ဂလိကများက အခါအားလျော်စွာ ကျင်းပပြုလုပ်သော ပြည်တွင်းကျောက်မျက်ရတနာ ပြပွဲများ၊ နိုင်ငံတကာကျောက်မျက်ရတနာပြပွဲများနှင့် တရားဝင်ဖွင့်လှစ်ထားသော

ကျောက်မျက်ရတနာဈေးနှင့် လိုင်စင်အရခွင့်ပြုသည့် ဆိုင်ခန်းနေရာများတွင်သာ

ရောင်းချရမည်။ (c) ရရှိထားသော လိုင်စင်ကို တစ်ဆင့်ငှားရမ်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းလုပ်ကိုင်စေခြင်းမပြုရ။ ၂၉။ လိုင်စင်ရရှိသူသည် – (က) တွင်းဝခွန် ပေးဆောင်ပြီးသော ကျောက်မျက်ရတနာအရိုင်းကို ဝယ်ယူခွင့်ရှိသည်။ ဝယ်ယူ

ပြီးပါက သယ်ယူခွင့်၊ လက်ဝယ်ထားရှိခွင့်၊ ကျောက်မျက်ရတနာအချောထည်ပြုလုပ်ခွင့်၊ လက်ဝတ်ရတနာပြုလုပ်ခွင့်နှင့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်း ပြုလုပ်ခွင့်

ရှိသည်။ (ခ) ပုဒ်မခွဲ (က) အရ ဝယ်ယူထားသည့် ကျောက်မျက်ရတနာအရိုင်းကို တည်ဆဲဥပဒေများ

နှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ – (၁) ပြည်တွင်း၌လွတ်လပ်စွာ သယ်ယူခွင့်ရှိသည်။ (၂) ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားသုံးငွေဖြင့်ဖြစ်စေ ရောင်းချခွင့်ရှိသည်။ (၃) ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျင်းပသော ကျောက်မျက်ရတနာပြပွဲများတွင်

လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာဈေးတွင်လည်းကောင်း၊ ဝန်ကြီးဌာနက ခွင့်ပြုသည့်ဒေသများတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ကြီးကြပ်မှုဖြင့် ကျောက်မျက်ရတနာပြပွဲများ ပြုလုပ်၍လည်းကောင်း

ရောင်းချခွင့်ရှိသည်။ (၄) ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ခွင့်ပြုချက်၊ ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်

ကျင်းပပြုလုပ်သော ကျောက်မျက်ရတနာပြပွဲများတွင် နိုင်ငံခြားသုံးငွေဖြင့် ရောင်းချ

| တင်ပို့ခွင့်ရှိသည်။ (ဂ) ပုဒ်မခွဲ (က) အရ ဝယ်ယူထားသည့် ကျောက်မျက်ရတနာအရိုင်းကို ပြုလုပ်ထားသော

ကျောက်မျက်ရတနာ အချောထည်ကိုလည်းကောင်း၊ လက်ဝတ်ရတနာကိုလည်းကောင်း၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုလည်းကောင်း တည်ဆဲဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ – (၁) ပြည်တွင်း၌လွတ်လပ်စွာ သယ်ယူခွင့်ရှိသည်။ (၂) ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားသုံးငွေဖြင့်ဖြစ်စေ ရောင်းချခွင့်ရှိသည်။ (၃) ပြည်ပသို့ တင်ပို့ရောင်းချခွင့်ရှိသည်။

အခန်း(၈) တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ၃၀။ ဝန်ကြီးဌာနသည် အလတ်စားတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် – (က) ကျောက်မျက်ရတနာဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး

သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က ရွေးချယ်တာဝန်ပေးအပ်သူများနှင့် အခြားသင့်လျော်သူများ

ပါဝင်သော တန်ဖိုးဖြတ်အဖွဲ့များကို လိုအပ်သည့် နေရာဒေသအလိုက် ဖွဲ့စည်းရမည်။ ( ခ) တန်ဖိုးဖြတ်အဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ၃၁။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် အသေးစားတူးဖော်ထုတ်လုပ်ခြင်းနှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် ဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ – (က) ကျောက်မျက်ရတနာဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ( သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က ရွေးချယ်တာဝန်ပေးအပ်သူများနှင့် အခြားသင့်လျော်သူများ

ပါဝင်သော တန်ဖိုးဖြတ်အဖွဲ့များကို လိုအပ်သည့် နေရာဒေသအလိုက် ဖွဲ့စည်းရမည်။ (ခ) တန်ဖိုးဖြတ်အဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ၃၂။ အစိုးရဝန်ထမ်းမဟုတ်သော တန်ဖိုးဖြတ်အဖွဲ့ဝင်များသည် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်သည့် ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ခံစားခွင့်

ရှိသည်။

၃၃။ တန်ဖိုးဖြတ်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) ခွင့်ပြုမိန့်ရရှိသူက ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဂ) အရ မိမိထံပြသသော ကျောက်မျက်ရတနာ

အရိုင်းများ၏ အရည်အသွေး၊ အရေအတွက်၊ အလေးချိန်နှင့် အရွယ်အစားတို့ကို

သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ထားရှိခြင်း၊ ( ခ) မှတ်ပုံတင်ထားပြီးသော ကျောက်မျက်ရတနာအရိုင်းကို သတ်မှတ်ချက်များနှင့်အညီ

တန်ဖိုးသတ်မှတ်ခြင်း၊ (ဂ) ပုဒ်မခွဲ (ခ) အရ တန်ဖိုးသတ်မှတ်ချက်အပေါ် တွင်းဝခွန် ကောက်ခံနိုင်ရန် သက်ဆိုင်ရာ

ဌာနနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ (ဃ) ခွင့်ပြုမိန့်ရရှိသူက တူးဖော်ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းများကို

တန်ဖိုးဖြတ်အဖွဲ့သို့ ပြသမှတ်ပုံတင်ခြင်းမပြုဘဲ မသမာမှုပြုကြောင်း သတင်းရရှိပါက

ဤဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြခြင်း၊ (c) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

အခန်း(၉) တွင်းဝခွန်၊ ရတနာခွန်နှင့် ဝန်ဆောင်ခပေးဆောင်ခြင်း ၊ ၃၄။ ခွင့်ပြုမိန့်ရရှိသူသည် တူးဖော်ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို မှတ်ပုံတင်ပြီးနောက် တန်းဖိုးဖြတ်အဖွဲ့က ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်သော တန်ဖိုးအပေါ်အခြေပြု၍ အောက်ပါ ရာခိုင်နှုန်းအတိုင်း မြန်မာကျပ်ငွေဖြင့် တွင်းဝခွန် ပေးဆောင်ရမည်

(က) ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန်ဖြစ်ပါက ၁၀ ရာခိုင်နှုန်း၊ ( ခ) ပုဒ်မခွဲ (က) ပါ ကျောက်မျက်ရတနာများမှအပ အခြားကျောက်မျက်ရတနာ ဖြစ်ပါက

ငါး ရာခိုင်နှုန်း။ ၃၅။ ခွင့်ပြုမိန့်ရရှိသူသည် ပုဒ်မ ၃၄ အရ တွင်းဝခွန် ပေးဆောင်ပြီးသည့် ကျောက်မျက်ရတနာ အရိုင်းကို ဝန်ဆောင်ခပေးဆောင်ရမည့်နေရာတွင် ရောင်းချပါက အမှန်တကယ်ရောင်းချသည့် တန်ဖိုး၏ သုံးရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရမည်။ ၃၆။ ခွင့်ပြုမိန့်ရရှိသူသည် ပုဒ်မ ၃၄ အရ တွင်းဝခွန် ပေးဆောင်ပြီးသည့် ကျောက်မျက်ရတနာ အရိုင်းကိုပြုလုပ်သော ကျောက်မျက်ရတနာ အချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊

ကျောက်မျက်ရတနာဖြင့်ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ဝန်ဆောင်ခပေးဆောင်ရမည့်နေရာတွင် ရောင်းချပါက အမှန်တကယ် ရောင်းချသည့်တန်ဖိုး၏ တစ်ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ပေးဆောင် ရမည်။ ၃၇။ လိုင်စင်ရရှိသူသည် ဤဥပဒေအရ တွင်းဝခွန်နှင့်ရတနာခွန် ပေးဆောင်ပြီးသော – (က) ကျောက်မျက်ရတနာအရိုင်းကို ဝန်ဆောင်ခပေးဆောင်ရမည့် နေရာတွင် ရောင်းချပါက

အမှန်တကယ် ရောင်းချသည့်တန်ဖိုး၏ သုံးရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ပေးဆောင်

ရမည်။ (ခ) ကျောက်မျက်ရတနာ အချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်

ရတနာဖြင့်ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ဝန်ဆောင်ခပေးဆောင်ရမည့် နေရာတွင်

ရောင်းချပါက အမှန်တကယ် ရောင်းချသည့် တန်ဖိုး၏ တစ်ရာခိုင်နှုန်းကို ဝန်ဆောင်ခ

အဖြစ် ပေးဆောင်ရမည်။ ၃၈။ ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် လိုင်စင်ရရှိသူသည် ကျောက်မျက်ရတနာအရိုင်းကို ဖြစ်စေ၊

ကျောက်မျက်ရတနာ အချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်းကိုဖြစ်စေ ရောင်းချပါက အမှန်တကယ် ရောင်းချသည့် တန်ဖိုးအပေါ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သတ်မှတ်သည့်နှုန်းများအတိုင်း ရတနာခွန်ကို ပေးဆောင်ရမည်။

အခန်း(၁၀) ကျောက်မျက်ရတနာကြီးကြပ်ရေးဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ၃၉။ ဝန်ကြီးဌာနသည် – (က) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာ

ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများ၊ အသင်းချုပ်မှ ကိုယ်စားလှယ်များပါဝင်သည့်

ကျောက်မျက်ရတနာ ကြီးကြပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းရမည်။ (ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ၄၀။ အစိုးရဝန်ထမ်း မဟုတ်သော ဗဟိုကော်မတီဝင်သည် ဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ခံစားခွင့်ရှိသည်။ ၄၁။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) နိုင်ငံတော်မှထွက်ရှိသော ကျောက်မျက်ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း

ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာခိုင်နှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ဆောင်ရွက်သင့်သည်များကို ဝန်ကြီးဌာနသို့ အကြံပြု

တင်ပြခြင်း၊ (ခ) ရတနာနယ်မြေသတ်မှတ်ခြင်း၊ ကျောက်မျက်ရတနာလုပ်ကွက် အမျိုးအစားသတ်မှတ်ခြင်း၊

အတည်ပြုဈေးနှုန်းသတ်မှတ်ခြင်း၊ ပုဒ်မ ၁၉ အရ အများသုံးမြေစာပစ်ရန် နေရာသတ်မှတ်ခြင်း၊ ပုဒ်မ ၂၀ ပါ လုပ်ငန်းသုံးနေရာအတွက် မြေအသုံးပြုခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ မြေအသုံးပြု ခွင့်ပြုမိန့် အတွက် မြေငှားရမ်းခ သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနသို့

အကြံပြုတင်ပြခြင်း၊ (ဂ) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းလုပ်ငန်းများ ချောမွေ့

အောင်မြင်စေရန်အတွက် အစိုးရက ပံ့ပိုးကူညီသင့်သည်များကို ဝန်ကြီးဌာနသို့ အကြံပြု

တင်ပြခြင်း၊ (ဃ) ကျောက်မျက်ရတနာ အမျိုးအစားအလိုက် ရတနာခွန်စည်းကြပ်ခြင်းနှင့်စပ်လျဉ်း၍

အခါအားလျော်စွာ သတ်မှတ်သင့်သော ရာခိုင်နှုန်းကို ဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်း၊ (င) တွင်းဝခွန် စည်းကြပ်ရန်အလို့ငှာ တန်ဖိုးဖြတ်အဖွဲ့က ကျောက်မျက်ရတနာတန်ဖိုး

သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ မကျေနပ်သူကပြင်ဆင်ပေးရန် တင်ပြချက်အပေါ် | အပြီးသတ် အဆုံးအဖြတ်ပေးခြင်း၊ ( စ) တန်ဖိုးဖြတ်အဖွဲ့ က ကျောက်မျက်ရတနာတန်ဖိုးကို အမှန်တကယ် ဖြစ်ထိုက်သည့်

တန်ဖိုးထက်လျော့နည်း၍လည်းကောင်း၊ ပိုမို၍လည်းကောင်း သတ်မှတ်ထားကြောင်း

သိရှိရပါက လိုအပ်သလို ပြင်ဆင်သတ်မှတ်ခြင်း၊ (ဆ) ကျောက်မျက်ရတနာများကို ပြည်တွင်း၌ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့်

နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ တူးဖော် ထုတ်လုပ်ခြင်း၊ ပြည်ပသို့သယ်ဆောင်ခြင်း၊ ရောင်းချခြင်းများကို ကာကွယ်တားဆီးရေး

နည်းလမ်းများအား ဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊ ( ဇ) နိုင်ငံတော်အတွင်း ကျောက်မျက်ရတနာ၊ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်

ရတနာ ဈေးကွက်ရာခိုင်နှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရတနာခွန်များ အပြည့်အဝ ပေးဆောင်စေရန် အထောက်အကူပြုစေရေးတို့အတွက် ကျောက်မျက် ရတနာပြပွဲများကို ကျင်းပခြင်းနှင့် ဝန်ကြီးဌာနက ခွင့်ပြုသည့်ဒေသများတွင် ကျင်းပခွင့်ပြုခြင်း၊ (ဈ) ကျောက်မျက်ရတနာထွက်ရှိပြီး ဈေးကွက်ဖွံ့ဖြိုးနိုင်သော နေရာဒေသများတွင်ဖြစ်စေ၊

ကျောက်မျက်ရတနာ ထွက်ရှိမှုမရှိသော်လည်း ဈေးကွက်ဖွံ့ ဖြိုးနိုင်ဖွယ်ရှိသောနေရာ ဒေသများတွင်ဖြစ်စေ ကျောက်မျက်ရတနာ အရောင်းအဝယ်ပြုလုပ်ရာ နေရာများအား ကျောက်မျက်ရတနာဈေးအဖြစ် သတ်မှတ်ပေးနိုင်ရန် ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြခြင်း၊ ကျောက်မျက်နည်းပညာနှင့် ပတ်သက်သော သင်တန်းကျောင်းများ၊ နိုင်ငံတကာအဆင့်မီ

ကျောက်မျက်ရတနာဈေးများ၊ ကျောက်မျက်ရတနာပြတိုက်များအား ဖွင့်လှစ်ပေးခြင်း၊ (ဋ) ကျောက်မျက်ရတနာဈေးကွက် ကျယ်ပြန့်ဖြစ်ထွန်းစေရန် ပုဂ္ဂလိက ကျောက်မျက်ရတနာ

ပြပွဲများကို ကျင်းပရန် တင်ပြခြင်းနှင့် ပြည်တွင်းလုပ်ငန်းရှင်များမှ ပြည်ပတွင်

ကျောက်မျက်ရတနာ အချောထည်နှင့်လက်ဝတ်ရတနာပြပွဲများ ကျင်းပခြင်းကို အားပေး

ကူညီခြင်း၊ (ဌ) ကျောက်မျက်ရတနာဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စံချိန်စံညွှန်းမီဓာတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက်ရန် အားပေးကူညီခြင်း။

အခန်း(၁၁)

စစ်ဆေးခြင်း ၄၂။ ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ဤဥပဒေအလို့ငှာ စစ်ဆေးရေး အရာရှိချုပ်ဖြစ်သည်။ ၄၃။ စစ်ဆေးရေးအဖွဲ့ ကို စစ်ဆေးရေးအရာရှိချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ဝန်ကြီးဌာနက တာဝန်ပေးအပ်သော အရာရှိသုံးဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အဆိုပြုသော ပုဂ္ဂိုလ် တစ်ဦးတို့ဖြင့် ဖွဲ့စည်းရမည်။ ၄၄။ စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် – (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့်နှင့်

ညွှန်ကြားချက်များကိုလည်းကောင်း၊ ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေအသုံးပြုခွင့်ပြုမိန့် စည်းကမ်းများကိုလည်းကောင်း၊ ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေအသုံးပြု ခွင့်ပြုမိန့်

ရရှိသူက လိုက်နာခြင်းရှိမရှိ စစ်ဆေးခြင်း၊ ( ခ) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများ၊

အလုပ်သမားများ၏ ကျန်းမာသန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ မတော်တဆ ဖြစ်ပွားမှုမှ ကာကွယ်ရေး၊ သက်သာချောင်ချိရေး၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ

ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးခြင်း၊ (ဂ) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်

ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် သတ်မှတ်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း၊ (ဃ) စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊

(င) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။ ၄၅။ စစ်ဆေးရေးအဖွဲ့သည် – (က) ဝန်ကြီးဌာနလက်အောက်ရှိ သတ္တုတွင်းဦးစီးဌာန သို့မဟုတ် မြန်မာ့ကျောက်မျက်

ရတနာရောင်းဝယ်ရေးလုပ်ငန်းတစ်ခုခုမှ သင့်လျော်သော အရာရှိများကို ဤဥပဒေ

အလို့ငှာ စစ်ဆေးရေးအရာရှိများအဖြစ် တာဝန်ပေးအပ်နိုင်သည်။ ( ခ) မိမိလုပ်ပိုင်ခွင့်များကို စစ်ဆေးရေးအရာရှိများအား လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။

| အခန်း(၁၂)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း ၄၆။ ခွင့်ပြုမိန့်ရရှိသူကဖြစ်စေ၊ လိုင်စင်ရရှိသူကဖြစ်စေ၊ ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် လိုင်စင်ရရှိသူ၏ ကိုယ်စား စီမံအုပ်ချုပ်သူတစ်ဦးဦးကဖြစ်စေ၊ မြေအသုံးပြုခွင့် ပြုမိန့်ရရှိသူကဖြစ်စေ၊ လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခွင့်အတွက် မှတ်ပုံတင်ထားသူကဖြစ်စေ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ခွင့်ပြုမိန့်၊ လိုင်စင်၊ မြေအသုံးပြုခွင့်ပြုမိန့် သို့မဟုတ် လက်လုပ်လက်စား မှတ်ပုံတင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းပြုလျှင် အလတ်စားတူးဖော် ထုတ်လုပ်ခြင်းအတွက် ဝန်ကြီးဌာနက လည်းကောင်း၊ အသေးစားနှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်းအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရကလည်းကောင်း အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် –

(က) ဒဏ်ကြေးပေးဆောင်စေပြီး လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခွင့်ပြုခြင်း၊ ( ခ) ခွင့်ပြုမိန့်၊ လိုင်စင်၊ လက်လုပ်လက်စား မှတ်ပုံတင် သို့မဟုတ် မြေအသုံးပြု ခွင့်ပြုမိန့်ကို

ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊ (ဂ) ခွင့်ပြုမိန့်၊ လိုင်စင်၊ လက်လုပ်လက်စားမှတ်ပုံတင် သို့မဟုတ် မြေအသုံးပြုခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း။

အခန်း(၁၃)

ပြစ်မှုနှင့် ပြစ်ဒဏ်များ ၄၇။ မည်သူမဆို ကျောက်မျက်ရတနာ အရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာ အချောထည်ကို ဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ပြည်ပသို့ သယ်ဆောင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ငါးနှစ်မှ အများဆုံး တစ်ဆယ်နှစ်ထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ၄၈။ ခွင့်ပြုမိန့် ရရှိသူကဖြစ်စေ၊ ခွင့်ပြုမိန့်ရရှိသူ၏ ဒါရိုက်တာတစ်ဦးဦးကဖြစ်စေ၊ ခွင့်ပြုမိန့်ရရှိသူ ကိုယ်စားစီမံအုပ်ချုပ်သူကဖြစ်စေ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်(က) လုပ်ကိုင်ခွင့်ရရှိသော ကျောက်မျက်ရတနာလုပ်ကွက်မှတစ်ပါး အခြားလုပ်ကွက် သို့မဟုတ်

နေရာတွင် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း၊ (ခ) ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို မှတ်ပုံတင်ရန်ပျက်ကွက်ခြင်း

သို့မဟုတ် အမှန်တကယ် တူးဖော်ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို

မှတ်ပုံမတင်ဘဲ အခြားကျောက်မျက်ရတနာအရိုင်းဖြင့် လဲလှယ်၍ မှတ်ပုံတင်ခြင်း။ ၄၉။ မည်သူမဆို ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်းကို ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ပြည်ပသို့ သယ်ဆောင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ၅၀။ (က) မည်သူမဆို လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို မှတ်ပုံတင်ထားခြင်းမရှိဘဲ

လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး

သုံးနှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ( ခ) မည်သူမဆို အသေးစားနှင့် အလတ်စား ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း

လုပ်ငန်းကို ခွင့်ပြုမိန့် မရရှိဘဲလုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း

ချမှတ်နိုင်သည်။ ၅၁။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်(က) ကျောက်မျက်ရတနာအရိုင်းကို ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊

အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူ

ပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ရယူခြင်း၊ လွှဲပြောင်းခြင်း၊ (ခ) ပုဒ်မ ၂၆ ပါ လုပ်ငန်းတစ်ရပ်ရပ်ကို လိုင်စင် မရရှိဘဲ လုပ်ကိုင်ခြင်း၊ (ဂ) ကျောက်မျက်ရတနာတူးဖော် ထုတ်လုပ်ရာတွင်လည်းကောင်း၊ ရောင်းဝယ်ရာတွင်

လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခွန်၊ အခပေးဆောင်ရန် ပျက်ကွက်ခြင်း။ ၅၂။ ခွင့်ပြုမိန့်ရရှိသူကဖြစ်စေ၊ ယင်းခွင့်ပြုမိန့်ရှိသူ၏ကိုယ်စားစီမံအုပ်ချုပ်သူကဖြစ်စေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဆ) နှင့်စပ်လျဉ်း၍ ထုတ်ပြန်သည့် နည်းဥပဒေများနှင့် အမိန့်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၅၃။ မည်သူမဆို မြေအသုံးပြု ခွင့်ပြုမိန့်ရရှိထားသည့် လုပ်ငန်းဧရိယာအတွင်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းကို ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံး သုံးလထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ၅၄။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်ခြင်း၊ ပူးပေါင်းကြံစည် ခြင်းပြုလျှင် သို့မဟုတ် ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်ရာတွင် အားပေးကူညီခြင်းပြုလျှင် ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။ ၅၅။ တရားရုံးသည် ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြစ်မှု ထင်ရှားတွေ့ရှိလျှင် သက်ဆိုင်ရာပြစ်မှုအတွက် ချမှတ်ရမည့် ပြစ်ဒဏ်အပြင် – (က) ပြစ်မှုနှင့်သက်ဆိုင်သော ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာနှင့်ငွေကြေးကို ပြည်သူ့

ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။ (ခ) ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ယာဉ်၊ ယန္တရား၊ တိရစ္ဆာန်နှင့် အခြားစက်ပစ္စည်း ကိရိယာတန်ဆာပလာများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန် အမိန့်ချမှတ်နိုင်သည်။

အခန်း(၁၄)

အထွေထွေ ၅၆။ ခွင့်ပြုမိန့်ရရှိသူသည် – (က) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းကိုဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများ

နှင့်အညီ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန်နှင့် ဒေသခံပြည်သူများ၏

လူမှုစီးပွားထိခိုက်မှု မရှိစေရန် အလေးထားဆောင်ရွက်ရမည်။ ) (ခ) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို ပိတ်သိမ်းသည့်အခါ ပြန်လည်

ထိန်းသိမ်းရေးလုပ်ငန်းများ၊ စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ

ဆောင်ရွက်ပေးရမည်။ (ဂ) လုပ်ငန်းဆောင်ရွက်ရာဒေသ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊

ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရင်းနှီး မြှုပ်နှံမှု၏ နှစ်ရာခိုင်နှုန်းထက်မနည်းသော ရန်ပုံငွေတစ်ရပ်အား လုပ်ငန်းစတင်သည်နှင့် တစ်ပြိုင်နက်တည်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံ ထူထောင်ထားရှိ ဆောင်ရွက်ရမည်။ (ဃ) ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင်းထွက် | သယံဇာတအရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး

လုပ်ငန်းစဉ်အပါအဝင် နိုင်ငံတကာအသိအမှတ်ပြု စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှု

ရှိစေရမည်။ ၅၇။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပုဒ်မ ၅၆၊ ပုဒ်မခွဲ (ဂ) အရ ထူထောင်ထားသည့် ရန်ပုံငွေကို သုံးစွဲရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်း

ဆောင်ရွက်ရမည်။ ၅၈။ မည်သူမဆို ကျောက်မျက်ရတနာ အရိုင်း၊ ကျောက်မျက်ရတနာ အချောထည် သို့မဟုတ် လက်ဝတ်ရတနာများအား ရောင်းဝယ်ရာတွင် သဘာဝတွင်းထွက်အား သွေးခြင်း၊ အရောင်တင် ခြင်းတို့မှအပ တွင်းထွက်၏ တန်ဖိုးမြင့်တက်အောင် အရောင်ကိုဖြစ်စေ၊ အရည်အသွေးကို ဖြစ်စေ၊ အကြမ်းခံနိုင်မှုကိုဖြစ်စေ အခြားနည်းပညာများဖြင့် ပြုပြင်ထားမှုများကို ဝယ်ယူသူအား တိကျ ရှင်းလင်းစွာ ဖော်ပြရမည်။ ၅၉။ ဝန်ကြီးဌာနကဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရမှ တာဝန်ပေးအပ်သော အရာရှိကဖြစ်စေ ဤဥပဒေအရ ရရန်ရှိသောငွေများကို တည်ဆဲဥပဒေများပါ ကော်လိတ်တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံရမည်။ ၆၀။ ဤဥပဒေမပြဋ္ဌာန်းမီက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ထုတ်ပေးထားသည့် သက်တမ်းမကုန်ဆုံးသေးသော ခွင့်ပြုမိန့် သို့မဟုတ် လိုင်စင် သို့မဟုတ် မြေအသုံးပြုခွင့်ပြုမိန့်အရ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်း များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဝန်ကြီးဌာနက ထုတ်ပြန်သော ညွှန်ကြားချက်များ နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။ ၆၁။ ဝန်ကြီးဌာနသည် ကျောက်မျက်ရတနာ အချောထည်ပြုလုပ်ခြင်းနှင့် လက်ဝတ်ရတနာပြုလုပ်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ကျောက်မျက်ရတနာအချောထည်နှင့်လက်ဝတ်ရတနာ၊ ကျောက်မျက် ရတနာဖြင့်ပြုလုပ်သော ပစ္စည်းရောင်းချခြင်းလုပ်ငန်းကိုလည်းကောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်လိုသော ပုဂ္ဂိုလ်၊ ဌာန သို့မဟုတ် အဖွဲ့အစည်းအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုနိုင်သည်။ ၆၂။ ဝန်ကြီးဌာနသည် ဤဥပဒေအရ မိမိအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို မိမိကြီးကြပ်မှု အောက်ရှိ ဦးစီးဌာန သို့မဟုတ် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသို့ လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။ ၆၃။ ပြည်ထောင်စုအစိုးရအဖွဲ့ သည် နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ စည်းကမ်းချက်များ သတ်မှတ်လျက် မည်သည့် ကုမ္ပဏီ၊ အသင်း သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို ကျောက်မျက်ရတနာ ထွက်ရှိနိုင်သည့် ဒေသအတွင်း သင့်လျော်သည့်နယ်မြေတွင် ကျောက်မျက်ရတနာ ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း လုပ်ငန်း လုပ်ကိုင်နိုင်ရန် ခွင့်ပြုနိုင်သည်။ ၆၄။ ဝန်ကြီးဌာနသည် နိုင်ငံသားများ ဥပဒေနှင့်အညီ ရရှိပိုင်ဆိုင်ထားသည့် ကျောက်မျက်ရတနာများကို တွင်းဝခွန်ပေးဆောင်ပြီး မှတ်ပုံတင်စေ၍ တရားဝင်ပိုင်ဆိုင်ခွင့်၊ သယ်ဆောင်ခွင့်နှင့်ရောင်းဝယ်ခွင့်ပြုနိုင်ရန် စီမံပေးရမည်။ ၆၅။ ဤဥပဒေ အကျိုးသက်ရောက်သည့်နေ့မှ ဤဥပဒေအရ ပေးဆောင်ရမည့် ရတနာခွန်နှုန်း ထားများကို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ထုတ်ပြန်ပြဋ္ဌာန်း အကျိုးသက်ရောက်သည့် နေ့ရက်မတိုင်မီကာလအတွက် ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် လိုင်စင်ရရှိသူသည် ကျောက်မျက်ရတနာ အရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာအချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက် ရတနာဖြင့်ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ၊ ရောင်းချပါက တည်ဆဲပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ၆၆။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျောက်မျက်ရတနာ လုပ်ကွက်စိစစ်ချထားပေးရေး အဖွဲ့က ဤဥပဒေနှင့်အညီ ခွင့်ပြုမိန့်ထုတ်ပေးထားသည့် ကျောက်မျက်ရတနာ အသေးစားတူးဖော် ထုတ်လုပ်ခြင်းနှင့် လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းတို့မှ လုပ်ကိုင်ခွင့်အတွက်ရရှိသည့် ငွေနှင့်တွင်းဝခွန်များကိုလည်းကောင်း၊ လိုင်စင်ထုတ်ပေးခြင်းမှရရှိသည့် လိုင်စင်ခများကိုလည်းကောင်း၊ လက်လုပ်လက်စားမှတ်ပုံတင်ခများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ၆၇။ ဝန်ကြီးဌာနသည် ပြည်တွင်းဈေးကွက် လိုအပ်ချက်အရ ကျောက်မျက်ရတနာအရိုင်း သို့မဟုတ် အချောထည်ကို ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်ပေးနိုင်သည်။ ၆၈။ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၈/၁၉၉၅) အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။ ၆၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် – (က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ

အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို

ထုတ်ပြန်နိုင်သည်။ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သည် ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး

အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ (ဃ) သတ္တုတွင်းဦးစီးဌာနနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့သည်

အမိန့်နှင့်ညွှန်ကြားချက်များကို ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

၇၀။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၈/၁၉၉၅) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။