ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

( ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄ ။)

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။ ၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (စ) ၏နောက်တွင် ပုဒ်မခွဲ (ဆ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် – “(ဆ) ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း ဆိုသည်မှာ နိုင်ငံ့ဝန်ထမ်းဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်

အတိုင်း ဖြစ်သည်။” ၃။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၃ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၃။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၉၁ နှင့် ၂၉၂ တို့တွင် ဖော်ပြထားသော နိုင်ငံ့ဝန်ထမ်းများမှအပ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်စေရမည်။” ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၈ တွင်(က) ပုဒ်မခွဲ (ဃ) ကိုအောက်ပါအတိုင်း အစားထိုးရမည်

“(ဃ) ဝန်ထမ်းရေးရာ ကိစ္စရပ်များကို သုတေသန ပြုလုပ်ခြင်း၊” (ခ) ပုဒ်မခွဲ (ဃ) ၏နောက်တွင် ပုဒ်မခွဲ (ဃ-၁) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(ဃ-၁) ဝန်ထမ်းများ၏ ဝန်ဆောင်မှုအပေါ် ပြည်သူများ၏ သဘောထားအမြင်များကို

| စစ်တမ်းကောက်ယူပြီး သုတေသနပြုလုပ်ခြင်း၊” (ဂ) ပုဒ်မခွဲ (စ) နှင့် (ဆ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်( စ) ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာ

ကိစ္စရပ်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊

လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြန်ကြားခြင်း၊ (ဆ) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်းများကို

စနစ်တကျ ထိန်းသိမ်းခြင်း၊ နိုင်ငံတော်သမ္မတထံ အစီရင်ခံတင်ပြခြင်း၊” (ဃ) ပုဒ်မခွဲ (ဆ) ၏နောက်တွင် ပုဒ်မခွဲ (ဆ-၁) မှ (ဆ-၃) အထိ အဖြစ်အောက်ပါအတိုင်း

ဖြည့်စွက်ရမည်“(ဆ-၁) ပြန်တမ်းဝင်အရာရှိ တစ်ဦးဦးအား ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့

ပြောင်းရွှေ့လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်းလာမှုအပေါ် ထိုအရာရှိ၏ လုပ်ငန်းအတွေ့အကြုံသည် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့်ဌာန၏ လုပ်ငန်း သဘာဝနှင့် ကိုက်ညီမှု ရှိ၊ မရှိ အပါအဝင် အခြားလိုအပ်သည့် စိစစ်မှုများ

ပြုလုပ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခြင်း၊ (ဆ-၂) ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းများ၏ ဝန်ထမ်းဖွဲ့စည်းပုံ ရေးဆွဲတင်ပြခြင်း

ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံအကြံပြု

တင်ပြခြင်း၊ (ဆ-၃) ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းများရှိ နိုင်ငံ့ဝန်ထမ်း ရာထူးအုပ်စုများအလိုက်

ကျွမ်းကျင်မှုမူဘောင်များနှင့် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ ရေးဆွဲနိုင်ရေး

အထောက်အကူပြု ပံ့ပိုးကူညီဆောင်ရွက်ခြင်း။” (င) ပုဒ်မခွဲ (ဇ) နှင့် (ဈ) တို့ကိုအောက်ပါအတိုင်း အစားထိုးရမည်“( ဇ ) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊

စည်းကမ်းထိန်းသိမ်းရေး ကိစ္စများနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ (ဈ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့တာဝန် အကောင်အထည်

ဖော်ရသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်း များအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများအား ခန့်အပ်ခြင်းတို့ ပြုရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်

အညီ ဖွဲ့စည်းခန့်အပ်နိုင်ရန် ဆောင်ရွက်ခြင်း၊” ၅။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေတွင်(က) ပုဒ်မ ၉ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည် –

“၉။ ဝန်ထမ်းများအားခန့်ထားရေးနှင့် ရာထူးအဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ်ခြင်း

နှင့်စပ်လျဉ်း၍ အဖွဲ့၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်( ခ) ပုဒ်မခွဲ (ခ) မှ (စ) အထိ တို့ကိုအောက်ပါအတိုင်း အစားထိုးရမည် – “( ခ) အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး

အဆင့်ရှိ ဝန်ထမ်းများအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းများက

ရွေးချယ်ရန် သတ်မှတ်ခြင်း၊ (ဂ) အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး

အဆင့်ရှိ ဝန်ထမ်းများကိုရွေးချယ်ရန် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် စေရန် လွှဲအပ်ခြင်း၊ (ဃ) ပုဒ်မ ၈၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၈၊ ပုဒ်မခွဲ

(ဈ) ပါ ဝန်ထမ်းများ ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ ညွှန်ကြားချက်များ နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး များကို ဆောင်ရွက်စေခြင်း၊ ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း တစ်ခုခုတွင် မည်သည့်အဆင့်ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင်

ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊ (စ) ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီး

ဌာနနှင့် အဖွဲ့ အစည်းများက နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ထောက်ခံလာသော

ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခြင်း။” ၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၁၀ တွင် – (က) ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်“(ဃ) ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက်

ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့်စပ်လျဉ်း၍

ချမှတ်ထားသည့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေး မူဝါဒနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း၊” ( ခ) ပုဒ်မခွဲ (ဃ) ၏ နောက်တွင် ပုဒ်မခွဲ (င) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(c) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူး

နေရာများတွင် စွမ်းဆောင်ရည်ရှိသူများကို ထိုက်တန်စွာ ရွေးချယ် ခန့်အပ်

တာဝန်ပေးနိုင်ရေးအတွက် ဝန်ထမ်းအဆင့်အလိုက် ထိရောက်စွာ လေ့ကျင့်

ပျိုးထောင်ပေးခြင်း။” ၇။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေပုဒ်မ ၁၂ နှင့် ၁၃ တို့ကို အောက်ပါအတိုင်း အစားထိုးရမည်

“၁၂။ အဖွဲ့သည် အဖွဲ့ ၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီ လိုအပ်ပါက ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှ လည်းကောင်း အကူအညီ တောင်းခံခွင့်ရှိသည်။ ။ ၁၃။ အဖွဲ့သည် ဝန်ထမ်းများနှင့်ပတ်သက်သည့် လိုအပ်သောအချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းများထံမှ တောင်းခံခွင့်ရှိသည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။