အခန်း (၉)

ရွေးကောက် တင်မြှောက်ခြင်း

၃၉၁။ လွှတ်‌တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို‌ရွေး‌ကောက်တင်‌မြှောက်ရာတွင်
(က)    ‌ရွေး‌ကောက်ပွဲစတင်ကျင်းပသည့်‌နေ့ရက်၌ အသက် ၁၈ နှစ် ပြည့်၍ ဥပ‌ဒေအရ အရည်အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိ‌သော နိုင်ငံသားနှင့် ဥပ‌ဒေအရ ဆန္ဒမဲ‌ပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသည်၊
(ခ)    ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိ‌သောနိုင်ငံသားနှင့် ဥပ‌ဒေအရ ဆန္ဒမဲ‌ပေးခွင့်ရှိသူတိုင်းသည် ‌ရွေး‌ကောက်ပွဲတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်‌တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲသာ ‌ပေးပိုင်ခွင့်ရှိသည်၊
(ဂ)ထို့ပြင် ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန္ဒမဲ‌ပေးပိုင် ခွင့်ရှိ‌သော သက်ဆိုင်ရာတိုင်းရင်းသားများသည် မိမိတို့၏တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်‌တော်အတွက် တိုင်းရင်းသားလူမျိုးလွှတ်‌တော် ကိုယ်စားလှယ်များ ‌ရွေး‌ကောက်တင်‌မြှောက်ရာတွင်လည်း ဆန္ဒမဲ‌ပေးပိုင်ခွင့် ရှိသည်၊
(ဃ)    လျှို့ဝှက်ဆန္ဒမဲ‌ပေးခြင်းစနစ်ကိုကျင့်သုံးရမည်။

၃၉၂။ ‌အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲ‌ပေးပိုင်ခွင့်မရှိ‌စေရ
(က)    သာသနာ့ဝန်ထမ်းများ၊
(ခ)    ‌ထောင်ဒဏ်ကျခံ‌နေရသူများ၊
(ဂ)စိတ်‌ပေါ့သွပ်‌နေသည်ဟု သက်ဆိုင်ရာဥပ‌ဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ၊
(ဃ)    လူမွဲအဖြစ် ဆုံးဖြတ်‌ကြေညာခံထားရခြင်းမှ လွတ်‌မြောက်ခွင့်မရ‌သေးသူများ၊
(င)    ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းဆိုင်ရာဥပ‌ဒေအရ တားမြစ်ခြင်းခံရသူများ။

၃၉၃။ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းတစ်ဦးသည် ‌ရွေး‌ကောက်ပွဲတစ်ရပ်တွင်
(က)    လွှတ်‌တော်တစ်ရပ်အတွက်သာ ‌ရွေး‌ကောက်တင်‌မြှောက်ခံပိုင်ခွင့်ရှိသည်၊
(ခ)    မဲဆန္ဒနယ်တစ်နယ်တွင်သာ ‌ရွေး‌ကောက်တင်‌မြှောက်ခံရန်ယှဉ်ပြိုင်ခွင့်ရှိသည်။

၃၉၄။ (က)ပြည်‌ထောင်စုနယ်‌မြေ သို့မဟုတ် ပြည်‌ထောင်စုလွှတ်‌တော်က ဥပ‌ဒေပြဋ္ဌာန်း ၍ သတ်မှတ်ထား‌သော ပြည်‌ထောင်စုနယ်‌မြေများအတွင်း မှီတင်း‌နေထိုင်ကြ ‌သော မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်များကိုသာ ‌ရွေး‌ကောက်တင်‌မြှောက်ခွင့်ရှိသည်၊
(ခ)    ပြည်‌ထောင်စုလွှတ်‌တော်က ဥပ‌ဒေပြဋ္ဌာန်း၍ ပြည်‌ထောင်စုနယ်‌မြေအဖြစ် သတ်မှတ်လိုက်‌သော နယ်‌မြေတစ်ခုခုမှ ‌ရွေး‌ကောက်တင်‌မြှောက်ထားသည့် တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်သည် ဥပ‌ဒေတွင် သီးခြားခွင့်ပြုထားခြင်းမရှိလျှင် ယင်းလွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိ‌စေရ။
၃၉၅။ ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြဋ္ဌာန်းချက်များအရ‌သော်လည်း‌ကောင်း၊ ‌ရွေး‌ကောက် တင်‌မြှောက်ခြင်းဆိုင်ရာ ဥပ‌ဒေပါပြဋ္ဌာန်းချက်များအရ‌သော်လည်း‌ကောင်း၊ အရည်အချင်း ပျက်ယွင်းသူမဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်‌တော်တစ်ရပ်ရပ်သို့ ‌ရွေး‌ကောက် တင်‌မြှောက်ခံပိုင်ခွင့်ရှိသည်။
၃၉၆။ (က) လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးကို ‌အောက်ပါအ‌ကြောင်းတစ်ရပ်ရပ်‌ကြောင့် တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည်
(၁)    နိုင်ငံ‌တော်၏‌ကျေးဇူးသစ္စာ‌တော်ကို ‌ဖောက်ဖျက်ခြင်း၊
(၂)    ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ‌ဖောက်ဖျက် ကျူးလွန်ခြင်း၊
(၃)    အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄)    ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်‌တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊
(၅)    ဥပ‌ဒေအရ‌ပေးအပ်‌သောတာဝန်များကို ‌ကျေပွန်စွာမ‌ဆောင်ရွက်ခြင်း။

(ခ)    သက်ဆိုင်ရာမဲဆန္ဒနယ်၏မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်း တို့က တာဝန်မှပြန်လည်ရုပ်သိမ်းလို‌သော လွှတ်‌တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့်တိုင်တန်းချက်ကို ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ တင်ပြရမည်၊
(ဂ)    ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ဥပ‌ဒေနှင့်အညီစုံစမ်းစစ်‌ဆေးရမည်၊
(ဃ)    စွပ်စွဲချက်ကိုစုံစမ်းစစ်‌ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်‌တော်ကိုယ်စားလှယ် ကိုယ်တိုင်‌သော်လည်း‌ကောင်း၊ ကိုယ်စားလှယ်ဖြင့် ‌သော်လည်း‌ကောင်း ‌ချေပခွင့်‌ပေးရမည်၊
(င)    ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထိုစွပ်စွဲချက်သည်မှန်ကန်ပြီး စွပ်စွဲခံ ရသူသည် လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်‌စေရန် မသင့်‌ကြောင်း သ‌ဘောရရှိလျှင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သည် ဥပ‌ဒေနှင့်အညီ ‌ဆောင်ရွက်ရမည်။

၃၉၇။ ပြည်‌ထောင်စုလွှတ်‌တော်သည် ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်း‌ကောင်း၊ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်း‌ကောင်း လိုအပ်‌သောဥပ‌ဒေများကို ပြဋ္ဌာန်းရမည်။

၃၉၈။ (က)နိုင်ငံ‌တော်သမ္မတသည် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြည်‌ထောင်စုဝန်ကြီးခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် အနည်းဆုံး ငါးဦးကို ခန့်အပ်တာဝန်‌ပေးနိုင်သည်၊
(ခ) ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်
(၁)    အသက် ၅ဝ နှစ် ပြည့်ပြီးသူဖြစ်ရမည်၊
(၂)    အသက်ကန့်သတ်ချက်မှအပ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်၊
(၃)    (ကက) ပြည်‌ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်‌ထောင်စု တရားလွှတ်‌တော်ချုပ် တရားသူကြီးအဖြစ်ဖြစ်‌စေ၊ တိုင်း‌ဒေသ ကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်‌တော်တရားသူကြီး အဖြစ် ဖြစ်‌စေ၊ အလားတူရာထူးတာဝန် တစ်ခုခုတွင်ဖြစ်‌စေ အနည်းဆုံး ငါးနှစ် ‌ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်
(ခခ) တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်‌သော တရား‌ရေးအရာရှိ သို့မဟုတ် ဥပ‌ဒေအရာရှိရာထူးတွင် အနည်းဆုံး ၁ဝ နှစ် တာဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်ရမည် သို့မဟုတ်
(ဂဂ) တရားလွှတ်‌တော်‌ရှေ့‌နေအဖြစ် အနည်းဆုံး ၂ဝ နှစ် အမှု လိုက်ပါ‌ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်
(ဃဃ) ထင်‌ပေါ်‌ကျော်ကြားသည့် ဂုဏ်သတင်းရှိ‌သော ပုဂိ္ဂုလ်အဖြစ် နိုင်ငံ‌တော်သမ္မတက ယူဆသူဖြစ်ရမည်။
(၄)    သိက္ခာသမာဓိနှင့်ပြည့်စုံပြီး အ‌တွေ့အကြုံရင့်ကျက်သူ ဖြစ်ရမည်၊
(၅)    ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်အဖြစ် ‌ရွေး‌ကောက်တင်‌မြှောက် ခံပိုင်ခွင့်မရှိ‌စေ‌သော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းမရှိသူ ဖြစ်ရမည်၊
(၆)    နိုင်ငံ‌တော်နှင့် နိုင်ငံသားများအ‌ပေါ်သစ္စာရှိသူဖြစ်ရမည်၊
(၇)    နိုင်ငံ‌ရေးပါတီဝင်မဟုတ်သူဖြစ်ရမည်၊
(၈)    လွှတ်‌တော်ကိုယ်စားလှယ်မဟုတ်သူူဖြစ်ရမည်၊
(၉)    လစာ၊ စရိတ်၊ ‌ကြေး‌ငွေရ‌သောအခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်။

၃၉၉။ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ တာဝန်များမှာ‌အောက်ပါအတိုင်းဖြစ်သည်
(က)    လွှတ်‌တော်‌ရွေး‌ကောက်ပွဲများ ကျင်းပခြင်း၊
(ခ)    လွှတ်‌တော်‌ရွေး‌ကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ‌ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို
ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်‌စေခြင်း၊
(ဂ) မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊

(ဃ)    မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊
(င)    သဘာဝ‌ဘေးအန္တရာယ်‌ကြောင့် ‌သော်လည်း‌ကောင်း၊ နယ်‌မြေလုံခြုံ‌ရေး အ‌ခြေအ‌နေအရ ‌သော်လည်း‌ကောင်း လွတ်လပ်ပြီးတရားမျှတ‌သော ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ‌ရွေး‌ကောက်ပွဲများကို ‌ရွှေ့ဆိုင်းခြင်း၊
(စ)    ‌ရွေး‌ကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံ‌ရေးပါတီများဆိုင်ရာ နည်းဥပ‌ဒေများကို ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လည်း‌ကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်စသည်များကို သက်ဆိုင်ရာဥပ‌ဒေများ နှင့်အညီလည်း‌ကောင်း ထုတ်ပြန်ခြင်း၊
(ဆ)    ‌ရွေး‌ကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်‌ဆေးနိုင်‌ရေးအတွက် ဥပ‌ဒေနှင့် အညီ ‌ရွေး‌ကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊
(ဇ)    ဥပ‌ဒေတစ်ရပ်ရပ်အရ ‌ပေးအပ်သည့်တာဝန်များကို ထမ်း‌ဆောင်ခြင်း။

၄ဝဝ။ (က)နိုင်ငံ‌တော်သမ္မတသည် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးအား ‌အောက်ပါအ‌ကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲ ပြစ်တင်နိုင်သည် –
(၁)    နိုင်ငံ‌တော်၏ ‌ကျေးဇူးသစ္စာ‌တော်ကို ‌ဖောက်ဖျက်ခြင်း၊
(၂)    ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ‌ဖောက်ဖျက် ကျူးလွန်ခြင်း၊
(၃)    အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄)    ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် သက်ဆိုင်ရာပုဂ္ဂိုလ်အတွက် သတ်မှတ် ထားသည့် အရည်အချင်းပျက်ယွင်းခြင်း၊
(၅)    ဥပ‌ဒေအရ ‌ပေးအပ်‌သောတာဝန်များကို ‌ကျေပွန်စွာမ‌ဆောင်ရွက်ခြင်း။

(ခ)    ပြည်‌ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်‌ထောင်စုတရားလွှတ်‌တော်ချုပ် တရားသူကြီးတစ်ဦးဦးကို စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ဤဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပါ ပြဋ္ဌာန်းထားသည့်နည်းလမ်းများနှင့်အညီ ‌ဆောင်ရွက်ရမည်။
၄ဝ၁။ (က)ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် ရာထူးတာဝန်ထမ်း‌ဆောင်‌နေစဉ် အ‌ကြောင်းတစ်ခုခု‌ကြောင့် မိမိသ‌ဘောဆန္ဒ အ‌လျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လို‌ကြောင်း နိုင်ငံ‌တော် သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ခ)    ရာထူးမှနုတ်ထွက်ခြင်း‌ကြောင့်ဖြစ်‌စေ၊ တာဝန်မှရပ်စဲခံရခြင်း‌ကြောင့်ဖြစ်‌စေ၊ ကွယ်လွန်ခြင်း‌ကြောင့်ဖြစ်‌စေ၊ အခြားအ‌ကြောင်းတစ်ခုခု‌ကြောင့်ဖြစ်‌စေ
ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်‌နေရာ လစ်လပ်လျှင် နိုင်ငံ‌တော်သမ္မတသည် ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြည်‌ထောင်စုဝန်ကြီးခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌအသစ် သို့မဟုတ် အဖွဲ့ဝင်အသစ်အား ခန့်အပ်တာဝန်‌ပေးနိုင်သည်၊
(ဂ)ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်‌ပေးခြင်းခံရသည့်‌နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
၄ဝ၂။ ‌အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ‌ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်‌စေရမည် –
(က)    ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊
(ခ)    ‌ရွေး‌ကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့်

အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ (ဂ) နိုင်ငံ‌ရေးပါတီဆိုင်ရာ ဥပ‌ဒေအရ‌ဆောင်ရွက်‌သောကိစ္စရပ်များ။
၄ဝ၃။ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏တာဝန်များ၊ လုပ်ပိုင် ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပ‌ဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။