ဇယား (၁)

ပြည်ထောင်စု ဥပဒေပြုစာရင်း

(ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်။)

၁။
(က)    ပြည်‌ထောင်စုမြန်မာနိုင်ငံ‌တော်နှင့် ပြည်‌ထောင်စုမြန်မာနိုင်ငံ‌တော်၏ နယ်‌မြေ အစိတ်အပိုင်းများကာကွယ်‌ရေး၊ ယင်းသို့ကာကွယ်‌ရေးအတွက် စီမံပြင်ဆင် ခြင်း၊
(ခ)    ကာကွယ်‌ရေးနှင့် လုံခြုံ‌ရေးဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများ၊
(ဂ)ဇီဝနှင့်ဓာတုစသည့်လက်နက်များအပါအဝင် လက်နက်ခဲယမ်းမီး‌ကျောက်များ နှင့် ‌ပေါက်ကွဲ‌စေတတ်သည့်ပစ္စည်းများ၊
(ဃ)    အဏုမြူစွမ်းအင်၊ အဏုမြူ‌လောင်စာ၊ အဏုမြူ‌ရောင်ခြည်နှင့် ယင်းတို့ကို ဖြစ်ထွန်း‌စေ‌သော ဓာတ်သတ္တုပင်ရင်း အ‌ခြေအမြစ်များ၊
(င)    စစ်‌ကြေညာခြင်းနှင့် စစ်‌ပြေငြိမ်းခြင်း၊
(စ)    နိုင်ငံ‌တော်တည်ငြိမ်‌ရေး၊ ‌အေးချမ်းသာယာ‌ရေးနှင့် တရားဥပ‌ဒေစိုးမိုး‌ရေး၊
(ဆ)    ရဲတပ်ဖွဲ့။

၂။
(က)    သံတမန်‌ရေးရာ၊ ‌ကောင်စစ်‌ရေးရာနှင့် အခြား‌ရေးရာဆိုင်ရာ ကိုယ်စားလှယ်များ၊
(ခ)    ကုလသမဂ္ဂ၊
(ဂ)အပြည်ပြည်ဆိုင်ရာ၊ ‌ဒေသဆိုင်ရာနှင့် နှစ်ပြည်‌ထောင်ဆိုင်ရာ ညီလာခံများ၊ ‌ဆွေး‌နွေးပွဲများ၊ အစည်းအ‌ဝေးများ၊ အသင်းများနှင့် အခြားအဖွဲ့အစည်းများ တွင် ပါဝင်‌ဆောင်ရွက်‌ရေးနှင့် ယင်းတို့၏ ဆုံးဖြတ်ချက်များကို အထ‌မြောက် ‌စေ‌ရေး၊
(ဃ)    အပြည်ပြည်ဆိုင်ရာနှင့် ‌ဒေသဆိုင်ရာစာချုပ်များ၊ သ‌ဘောတူညီချက်များ၊ ကွန်ဗင်းရှင်းများ၊ နှစ်ပြည်‌ထောင်ဆိုင်ရာသ‌ဘောတူညီချက်များ၊ စာချုပ်များ ကို ချုပ်ဆို‌ရေးနှင့် အထ‌မြောက်‌စေ‌ရေး၊
(င)    နိုင်ငံကူးလက်မှတ်များနှင့် မည်သူမည်ဝါဖြစ်‌ကြောင်း သက်‌သေခံလက်မှတ် များ၊
(စ)    ပြည်ဝင်ခွင့်ဗီဇာ၊ ပြည်‌ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြု‌ရေး၊ ‌နေထိုင် ခွင့်ပြု‌ရေး၊ နိုင်ငံမှ ထွက်ခွာခွင့်ပြု‌ရေး၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်နှင်ဒဏ် ‌ပေး‌ရေး၊
(ဆ)    ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲအပ်‌ပေး‌ရေးနှင့် သက်ဆိုင်ရာနိုင်ငံမှ ‌တောင်းဆို‌ရေး။

၃။
(က)    ပြည်‌ထောင်စုအရအသုံး ခန့်မှန်း‌ခြေ‌ငွေစာရင်း၊
(ခ) ပြည်‌ထောင်စုဘဏ္ဍာရန်ပုံ‌ငွေ၊
(ဂ) ‌ငွေစက္ကူထုတ်လုပ်‌ရေး၊ ဒဂင်္ါးသွန်းလုပ်‌ရေး၊

(ဃ)    မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်နှင့် ‌ငွေ‌ရေး‌ကြေး‌ရေးအဖွဲ့အစည်းများ၊
(င)    နိုင်ငံခြားသုံး‌ငွေ ထိန်းသိမ်းကြီးကြပ်‌ရေး၊
(စ)    အရင်းအနှီးနှင့်‌ငွေ‌ကြေး‌ဈေးကွက်၊
(ဆ)    အာမခံလုပ်ငန်း၊
(ဇ) ဝင်‌ငွေခွန်၊
(ဈ) ကုန်သွယ်လုပ်ငန်းခွန်၊

(ည) တံဆိပ်‌ခေါင်းခွန်၊
(ဋ) အ‌ကောက်ခွန်၊

(ဌ) ‌အောင်ဘာ‌လေထီ၊(ဍ) အခွန်အယူခံခြင်း၊(ဎ) ပြည်‌ထောင်စု၏ ဝန်‌ဆောင်မှုလုပ်ငန်းများ၊
(ဏ)    ပြည်‌ထောင်စုပိုင်ပစ္စည်းများ ‌ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ‌ဆောင်ရွက်ခြင်း၊
(တ)    ပြည်‌ထောင်စုဘဏ္ဍာရန်ပုံ‌ငွေများ ထုတ်‌ချေးခြင်း၊
(ထ) ပြည်‌ထောင်စုဘဏ္ဍာရန်ပုံ‌ငွေများ ရင်းနှီးမြှုပ်နှံခြင်း၊(ဒ) ပြည်တွင်းပြည်ပမှ‌ငွေ‌ချေးယူခြင်း၊(ဓ) ပြည်‌ထောင်စုအတွက် ပစ္စည်းရယူခြင်း၊
(န)    ပြည်ပမှ ‌ငွေ‌ကြေးအကူအညီနှင့် အ‌ထောက်အပံ့။

၄။
(က)    စီးပွား‌ရေး၊
(ခ) ကူးသန်း‌ရောင်းဝယ်‌ရေး၊
(ဂ) သမဝါယမ၊

(ဃ)    ‌ကော်ပို‌ရေးရှင်း၊ ဘုတ်အဖွဲ့၊ လုပ်ငန်း၊ ကုမ္ဋဏီ၊ အစုစပ်၊
(င)    သွင်းကုန်၊ ထုတ်ကုန်နှင့်ယင်းကုန်ပစ္စည်းများ၏ အရည်အ‌သွေးသတ်မှတ်ခြင်း၊
(စ)    ဟိုတယ်နှင့်တည်းခိုခန်း၊
(ဆ)    ခရီးသွားလာ‌ရေးလုပ်ငန်း။

၅။
(က)    ‌မြေယာစီမံခန့်ခွဲမှု၊
(ခ) ‌မြေလွတ်၊ ‌မြေလပ်နှင့် ‌မြေရိုင်းများ ‌ဖော်ထုတ်ခြင်း၊
(ဂ) ‌ကြေးတိုင်နှင့် ‌မြေစာရင်း၊

(ဃ)    ‌မြေတိုင်း၊
(င)    ပြည်‌ထောင်စုက စီမံခန့်ခွဲသည့် ဆည်‌မြောင်း၊ တာတမံနှင့် စိုက်ပျိုး‌ရေရရှိ‌ရေး လုပ်ငန်းများ၊
(စ)    မိုး‌လေဝသ၊ ဇလ‌ဗေဒနှင့် ‌မြေငလျင်တိုင်းတာ‌ရေး၊
(ဆ)    စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊
(ဇ) စက်မှုလယ်ယာ၊
(ဈ) စိုက်ပျိုး‌ရေးသု‌တေသန၊

(ည) ဓာတ်‌မြေဩဇာနှင့် ပိုးသတ်‌ဆေး ထုတ်လုပ်‌ရေး၊
(ဋ) ပင်လယ်ငါးလုပ်ငန်း၊

(ဌ)    တိရစ္ဆာန်မျိုးပွား‌ရေး၊ ‌ရောဂါကာကွယ်‌ရေး၊ ကုသ‌ရေးနှင့် သု‌တေသနလုပ်ငန်း များ။

၆။
(က)    ‌ရေနံ၊ သဘာဝဓာတ်‌ငွေ့နှင့် ပြည်‌ထောင်စုဥပ‌ဒေအရ ‌ဘေးအန္တရာယ် ဖြစ် ‌လောက်‌အောင် ‌လောင်ကျွမ်း‌စေတတ်သည်ဟု သတ်မှတ်ထား‌သော အခြား အရည်အခဲ စသည်များ၊
(ခ)    ပြည်‌ထောင်စု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး‌ရေး၊
(ဂ)သတ္တုများ၊ သတ္တုတွင်းများ၊ သတ္တုတွင်း အလုပ်သမား‌ဘေးကင်း‌ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် ပြန်လည်ပြုပြင်တည်‌ဆောက်‌ရေး၊
(ဃ)    ‌ကျောက်မျက်ရတနာ၊
(င)    ပုလဲ၊
(စ)    သစ်‌တော၊
(ဆ)    ‌တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် သဘာဝနယ်‌မြေများ အပါအဝင် ပတ်ဝန်းကျင်ကာကွယ်‌ရေးနှင့် ထိန်းသိမ်း‌ရေး။

၇။
(က)    ပြည်‌ထောင်စုအဆင့်က ‌ဆောင်ရွက်မည့် စက်မှုလုပ်ငန်းများ၊

(ခ) စက်မှုဇုန်များ၊
(ဂ) ထုတ်လုပ်သည့်ပစ္စည်းများအတွက် အ‌ခြေခံစံချိန်စံညွှန်းများ၊

(ဃ)    သိပ္ဋံနှင့်နည်းပညာ၊ သိပ္ဋံနှင့်နည်းပညာဆိုင်ရာ သု‌တေသန၊

(င)    အ‌လေးတင်း‌တောင်း၊ အတိုင်းအတာစသည်တို့ကို စံပြုခြင်း၊

(စ)    မူပိုင်ခွင့်များ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ် တံဆိပ်များ၊ စက်မှုဆိုင်ရာ ဒီဇိုင်းများစသည့် အသိဉာဏ်ဆိုင်ရာပစ္စည်းများ။

၈။
(က)    ပြည်တွင်း‌ရေ‌ကြောင်းသယ်ယူပို့‌ဆောင်‌ရေး၊
(ခ) ‌ရေ‌ကြောင်းလမ်းများပြုပြင်ထိန်းသိမ်း‌ရေး၊
(ဂ) ‌ရေအရင်းအမြစ်နှင့် မြစ်‌ချောင်းများ ဖွံ့ဖြိုးတိုးတက်‌ရေး၊

(ဃ)    ပင်လယ်‌ရေ‌ကြောင်းသယ်ယူပို့‌ဆောင်‌ရေး၊
(င)    ပင်လယ်ကူးသ‌ဘေင်္ာဆိပ်ကမ်းကြီးများ၊
(စ)    မီးပြတိုက်၊ မီးပြသ‌ဘေင်္ာနှင့် မီးပြအစီအမံများ၊
(ဆ)    သ‌ဘေင်္ာတည်‌ဆောက်‌ရေး၊ ပြင်ဆင်ထိန်းသိမ်း‌ရေး၊
(ဇ)    ‌လေ‌ကြောင်းသယ်ယူပို့‌ဆောင်‌ရေး၊
(ဈ)    ‌လေ‌ကြောင်းပျံသန်း‌ရေး၊ ထိန်းသိမ်း‌ရေးနှင့် ‌လေယာဉ်ကွင်းတည်‌ဆောက်‌ရေး၊
(ည) ကုန်းလမ်းသယ်ယူပို့‌ဆောင်‌ရေး၊
(ဋ) မီးရထား၊

(ဌ) ပြည်‌ထောင်စုက စီမံခန့်ခွဲသည့်လမ်းမကြီးများ၊ တံတားကြီးများ၊ (ဍ) စာတိုက်၊ ‌ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီး‌မေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်‌ရေးများ၊

(ဎ)ရုပ်မြင်သံကြား၊ ဂြိုဟ်တုဆက်သွယ်‌ရေး၊ အသံလွှင့်အသံဖမ်းလုပ်ငန်းနှင့် အလားတူ ဆက်သွယ်‌ရေးများ၊ အိမ်ရာနှင့် အ‌ဆောက်အအုံများ။
၉။
(က)    ပညာသင်ကြား‌ရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ သင်ပြနည်း စနစ်၊ သု‌တေသန၊ စီမံကိန်း၊ စီမံချက်နှင့်စံများ၊
(ခ)    တက္ကသိုလ်၊ ဒီဂရီ‌ကောလိပ်၊ သိပ္ဋံစသည့်သင်တန်းများနှင့် အဆင့်မြင့်ပညာ
အခြားအဖွဲ့အစည်းများ၊
(ဂ) ပြည်‌ထောင်စုကသတ်မှတ်သည့် စာ‌မေးပွဲများ၊

(ဃ)    ကိုယ်ပိုင်‌ကျောင်းများနှင့် သင်တန်းများ၊
(င)    အမျိုးသားအားကစား၊
(စ)    အမျိုးသားကျန်းမာ‌ရေး၊
(ဆ)    တိုင်းရင်း‌ဆေးပညာနှင့် တိုင်းရင်း‌ဆေးဝါးဖွံ့ဖြိုးတိုးတက်‌ရေး၊
(ဇ) ကုသိုလ်ဖြစ်‌ဆေးရုံများနှင့်‌ဆေးခန်းများ၊ ပုဂ္ဂလိက‌ဆေးရုံများနှင့်‌ဆေးခန်းများ၊ (ဈ) မိခင်နှင့်က‌လေး‌စောင့်‌ရှောက်‌ရေး၊
(ည)    ကြက်‌ခြေနီအသင်း၊
(ဋ)အစားအ‌သောက်၊ ‌ဆေးဝါး၊ ‌ဆေးပစ္စည်းနှင့် အလှကုန်စသည်တို့ တုပ‌ရော‌နှော ထုတ်လုပ်‌ရောင်းချခြင်းမှ ကာကွယ်‌ရေး၊
(ဌ)    က‌လေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊

သက်ကြီးရွယ်အိုများ၊ အ‌ခြေအ‌နေမဲ့များအား ‌စောင့်‌ရှောက်‌ရေး၊ (ဍ) ကယ်ဆယ်‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးကိစ္စရပ်များ၊
(ဎ)မီးသတ်တပ်ဖွဲ့၊
(ဏ)    အလုပ်လုပ်ချိန်၊ နားချိန်၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာ ‌ဘေးအန္တရာယ် ကင်းရှင်း‌ရေး၊
(တ)    ဝါဏိဇ္ဇပဋိပက္ခ၊
(ထ) လူူမှုဖူလုံ‌ရေး၊(ဒ) အလုပ်သမားအဖွဲ့အစည်းများ၊(ဓ) ပြည်‌ထောင်စုက စီမံခန့်ခွဲသည့် –
(၁)    ‌ရှေး‌ဟောင်းယဉ်‌ကျေးမှု သို့မဟုတ် သမိုင်းဝင်‌ဒေသများ၊ အ‌ဆောက် အအုံများ၊ အထိမ်းအမှတ်များ၊ မှတ်တမ်းများ၊ ‌ကျောက်စာများ၊ မင်စာများ၊ ‌ပေပုရပိုက်များ၊ လက်‌ရေးစာများ၊ လက်ရာများ၊ ရုပ်ဝတ္ထု ပစ္စည်းများ၊ ‌ရှေး‌ဟောင်းသု‌တေသနလုပ်ငန်းများ၊
(၂)    ပြတိုက်များ၊ စာကြည့်တိုက်များ။
(န)    စာ‌ပေ၊ သဘင်၊ ဂီတ၊ ရိုးရာပန်း၊ ရုပ်ရှင်၊ ဗီဒီယို၊
(ပ)    ‌မွေးဖွားခြင်းနှင့် ‌သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်‌ရေး။

၁ဝ။
(က)    အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး၊
(ခ) ရွာ‌မြေ၊ မြို့‌မြေ စီမံခန့်ခွဲ‌ရေး၊
(ဂ) အိမ်ငှား၊ ‌မြေငှား၊

(ဃ)    မူးယစ်‌ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲ‌စေတတ်‌သော‌ဆေးဝါး၊
(င)    နိုင်ငံ‌တော်လျှို့ဝှက်ချက်ထိန်းသိမ်း‌ရေးဆို်င်ရာကိစ္စများ၊
(စ)    အသင်းအဖွဲ့များ၊
(ဆ)    အကျဉ်း‌ထောင်၊
(ဇ) နယ်စပ်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေး၊
(ဈ) သန်း‌ခေါင်စာရင်း၊

(ည)    နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊ ရုပ်သိမ်းခြင်း၊

နိုင်ငံသားစိစစ်‌ရေးနှင့် မှတ်ပုံတင်လုပ်ငန်း၊
(ဋ) ဘွဲ့ထူး၊ ဂုဏ်ထူး။

၁၁။
(က)    တရားစီရင်‌ရေး၊
(ခ) ‌ရှေ့‌နေများ၊
(ဂ) ပြစ်မှုဆိုင်ရာ ဥပ‌ဒေများ၊ ကျင့်ထုံးများ၊

(ဃ)    တရားမဥပ‌ဒေများ၊ ကျင့်ထုံးများအပါအဝင်၊ ပဋိညာဉ်၊ အနုညာတ စီရင် ဆုံးဖြတ်‌ရေး၊ တရားစွဲဆိုပိုင်ခွင့်ရှိ‌သော နစ်နာချက်များ၊ လူမွဲအဖြစ်ခံယူခြင်း၊ ယုံမှတ်အပ်နှံခြင်းနှင့် ယုံမှတ်အပ်နှံထားသဖြင့် စီမံပိုင်ခွင့်ရှိသူများ၊ အ‌မွေထိန်းနှင့် ပစ္စည်းထိန်း၊ မိသားစုဆိုင်ရာဥပ‌ဒေများ၊ အုပ်ထိန်းသူများနှင့် အုပ်ထိန်း ခံရသူများ၊ ပစ္စည်းလွှဲ‌ပြောင်းခြင်း၊ အ‌မွေဆက်ခံ‌ရေး၊
(င)    သက်‌သေခံဥပ‌ဒေ၊
(စ)    ကာလစည်းကမ်းသတ်၊
(ဆ)    အမှုတန်ဖိုးသတ်မှတ်ခြင်း၊
(ဇ) သီးခြားသက်သာခွင့်၊
(ဈ) နိုင်ငံခြားစီရင်ပိုင်ခွင့်အာဏာ၊

(ည)    ပင်လယ်‌ရေ‌ကြောင်းစီရင်ပိုင်ခွင့်၊

(ဋ)ပင်လယ်ဓားပြမှုများ၊ နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ‌ကောင်းကင်ယံ၌ ကျူးလွန်‌သောပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာဥပ‌ဒေကို ‌ဖောက်ဖျက်၍ ‌မြေပြင် သို့မဟုတ် နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ‌ကောင်းကင်ယံ၌ ကျူးလွန်‌သောပြစ်မှုများ။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။