၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅။)

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ရက်

(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို ၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ () နောက်တွင် ပုဒ်မခွဲ () နှင့် ()တို့ကို အောက်ပါအတိုင်း ဖြည့်စွက် ရမည်

”()

ဗဟိုကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဗဟိုကောင်စီကို ဆိုသည်။

()

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကိုဆိုသည်။

၃။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေတွင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) ပါရှိသောမိမိ၏အလုပ်အမှုဆောင်အဖွဲ့ဆိုသည့် စကားရပ် နှင့် ပုဒ်မ ၂၉ ပါရှိသောဗဟိုကောင်စီ၏ အမှုဆောင်အဖွဲ့ဆိုသည့် စကားရပ်တို့ကိုဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၄။

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေပုဒ်မ ၇၊ ၈၊ နှင့် ၁ဝ တို့ကို အောက်ပါအတိုင်း အစားထိုးရမည်

၇။

ကျန်းမာရေးဝန်ကြီးဌာနသည် ဗဟိုကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်စေလျက် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းရမည်

(က)

ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်ထားသော ပုဂ္ဂိုလ်တစ်ဦး

ဥက္ကဋ္ဌ

()

ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်ထားသော ပုဂ္ဂိုလ် ၁၄ ဦး

အဖွဲ့ဝင်

()

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ၁၄ ဦး

အဖွဲ့ဝင်

()

နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှု

ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ

အဖွဲ့ဝင်

()

စေတနာ့ဝန်ထမ်း လုပ်ငန်းကို စိတ်ပါဝင် စားသူ ငါးဦး

အဖွဲ့ဝင်

၈။

ဗဟိုကောင်စီတွင် ဥက္ကဋ္ဌမှအပ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦး၊ တွဲဖက်အတွင်းရေးမှူး နှစ်ဦး၊ ဘဏ္ဍာရေးမှူးတစ်ဦးနှင့် စာရင်းစစ်တစ်ဦးတို့ကို ဗဟို ကောင်စီဝင်များက မိမိတို့အထဲမှ ရွေးချယ် တင်မြှောက်ရမည်။

၉။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဗဟိုကောင်စီဥက္ကဋ္ဌက ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပုဒ်မ အရ ရွေးချယ် တင်မြှောက်ခြင်း ခံရသော ပုဂ္ဂိုလ်များသည် ယင်းတို့၏ ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် ရာထူးအတိုင်း လည်းကောင်း၊ ဗဟိုကောင်စီဝင်များက ရွေးချယ် တင်မြှောက်သော အခြားဗဟိုကောင်စီဝင် ခုနစ်ဦးသည် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်စေလျက် စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်။

၁ဝ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးနောက် ဂုဏ်ထူးဆောင် နာယကများကို သတ်မှတ်ခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်း ပြုလုပ်နိုင်သည်။

၅။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ () ကို အောက်ပါအတိုင်း အစားထိုးရမည်

”()

မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၏ ဇနီးကဖြစ်စေ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး၌ ဇနီးမရှိလျှင် မြို့နယ်အသင်းဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် မြို့နယ်အဆင့် ကျန်းမာရေး ဘက်ဆိုင်ရာ ပြန်တမ်းဝင် အရာရှိတစ်ဦး၏ ဇနီး သို့မဟုတ် မြို့နယ်အသင်း ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် စေတနာ့ဝန်ထမ်း လုပ်ငန်းကို စိတ်ပါ ဝင်စားသော ပြင်ပဆရာဝန် တစ်ဦးကဖြစ်စေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်။

၆။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေ ပုဒ်မ ၁၆ ကို အောက်ပါ အတိုင်း အစားထိုးရမည်

၁၆။

ဗဟိုကောင်စီ၊ မြို့နယ်အသင်းနှင့် အသင်းခွဲအသီးသီး၏ အမှုဆောင် အဖွဲ့ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။

၇။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေပုဒ်မ ၃၈ ကို အောက်ပါ အတိုင်း အစားထိုးရမည်

၃၈။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်

(က)

ကျန်းမာရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ များ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

()

ကျန်းမာရေးဝန်ကြီးဌာနနှင့် ဗဟိုကောင်စီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။