ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆ )

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ရက်

(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း()

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်

(က)

နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

()

အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ကို ဆိုသည်။

()

ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီး ဌာနကို ဆို သည်။

()

ဗဟိုဘဏ်ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သည့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ကို ဆိုသည်။

()

ဘဏ်ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ တည်ထောင်သော ဘဏ်ကိုဆိုသည်။

()

ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေအရ တည်ထောင်ခွင့်ပြုထားသော အဖွဲ့အစည်းကို ဆိုသည်။

()

ငွေစက္ကူဆိုသည်မှာ ဗဟိုဘဏ်က ဤဥပဒေအရဖြစ်စေ၊ ယခင်က ဖြစ်စေ ထုတ်ထား သော တရားဝင်ငွေစက္ကူကို ဆိုသည်။

()

ဒင်္ဂါးဆိုသည်မှာ ဗဟိုဘဏ် ဤဥပဒေအရဖြစ်စေ၊ ယခင်ကဖြစ်စေ ထုတ်ထားသော တရားဝင်ဒင်္ဂါးနှင့် ငွေအကြွေကို ဆိုသည်။

()

နိုင်ငံခြားသုံးငွေဟူသော စကားရပ်တွင် အောက်ပါတို့ ပါဝင်သည်

()

နိုင်ငံခြားငွေ ငွေသား၊

()

နိုင်ငံခြားငွေ ငွေသားဖြင့် ပေးချေရမည့် သို့မဟုတ် ပြည်ပတွင် ပေးချေရမည့် စာချုပ်စာတမ်းများ၊

()

နိုင်ငံတကာ အစိုးရ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားရှိ ဗဟိုဘဏ်များ၊ ငွေတိုက်များနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် များတွင် ထားရှိသော အပ်ငွေများ၊

()

တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ငွေများလွှဲပြောင်းရာတွင် အသုံးပြုသည့် စာချုပ် စာတမ်းများ၊

()

ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားရှိသည့် ငွေစာရင်းများ။

()

ရွှေဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ အပေးအယူပြုလုပ်မှု၌ သတ်မှတ် အသုံးပြုသည့် စံချိန်မီ ရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါးများကိုဆိုသည်။

()

လှည့်လည်သုံးစွဲငွေဆိုသည်မှာ ဗဟိုဘဏ် လက်ဝယ်ရှိ ငွေစက္ကူနှင့်ဒင်္ဂါးများမှအပ လှည့်လည်သုံးစွဲလျက်ရှိသည့် သုံးစွဲငွေကို ဆိုသည်။

()

အထွေထွေသီးသန့်ငွေစာရင်း ဆိုသည်မှာ အစိုးရအဖွဲ့၏ ကနဦး ထည့်ဝင်ငွေ တစ်ရပ်ဖြင့် ဗဟိုဘဏ်ကိုမတည် တည်ထောင်ပြီးနောက် နှစ်စဉ်နှစ်ကုန် ဆုံးသည့် အခါတိုင်း ရရှိသော အသားတင်အမြတ်ငွေမှသတ်မှတ်ထားသည့် ရာခိုင်နှုန်း တစ်ရပ်ဖြင့် ခွဲဝေပေးသွင်း ရပြီး ဗဟိုဘဏ်၏ မတည်ငွေရင်း၏ ၁ဝဝ ရာခိုင်နှုန်းနှင့် ညီမျှသည် အထိ ထည့်ဝင်ရသည့် ငွေစာရင်းကို ဆိုသည်။

()

အထူးသီးသန့်ငွေစာရင်း ဆိုသည်မှာ ဗဟိုဘဏ်က အထူးကိစ္စရပ် အတွက် တည်ထောင်ထားသည့် စာရင်းကို ဆိုသည်။

()

လျှော့နှုန်းဆိုသည်မှာ လျှော့နှုန်းဖြင့် ချေးငွေအစီအစဉ်အရ ဗဟိုဘဏ်သည် အာမခံအဖြစ် ငွေချေးသက်သေခံ လက်မှတ်များရယူ၍ ဘဏ်နှင့် ငွေရေး ကြေးရေး အဖွဲ့အစည်းများသို့ ထုတ်ချေးသည့် ကာလတိုချေးငွေအပေါ် ရယူသည့် ဗဟိုဘဏ် အတိုးနှုန်းကို ဆိုသည်။

()

သီးသန့်ငွေ လိုအပ်ချက် သို့မဟုတ် သီးသန့်ငွေအချိုး ဆိုသည်မှာ ကူးသန်း ရောင်းဝယ်ရေးဘဏ်များနှင့် ငွေစုဘဏ်များ၌ ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ အပ်နှံထားသည့် စုစုပေါင်းအပ်နှံငွေ၏ အစိတ်အပိုင်း တစ်ရပ်ကို အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက် တစ်ရပ်အဖြစ် ထားရရှိမည့် ဗဟိုဘဏ်၏ သတ်မှတ် ချက်ကို ဆိုသည်။

()

နှစ်ဆိုသည်မှာ နိုင်ငံတော်၏ ဘဏ္ဍာရေးနှစ်ကို ဆိုသည်။

()

ပုဂ္ဂိုလ်ဟူသော စကားရပ်တွင် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ဥပဒေအရ ဖွဲ့စည်း ထားသော အဖွဲ့အစည်း တစ်ရပ်ရပ်တို့ ပါဝင်သည်။

အခန်း()

တည်ထောင်ခြင်း၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်

၃။ဗဟိုဘဏ်ကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် ဆက်ဆံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲ ဆိုနိုင်ခွင့်၊ တရားစွဲဆို ခံနိုင်ခွင့်ရှိသော တရားဝင် အဖွဲ့အစည်းအဖြစ် ဤဥပဒေဖြင့် တည်ထောင်သည်။

၄။ဗဟိုဘဏ်၏ ရုံးချုပ်ကို နေပြည်တော်တွင် ထားရှိရမည်။ ဗဟိုဘဏ်သည် ဒါရိုက်တာအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်တွင်း တွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ ဘဏ်ခွဲများနှင့် ယင်း၏ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်နိုင်သည်။

၅။ ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှု ရရှိရန်နှင့် ထိန်းသိမ်း ရန်ဖြစ်သည်။

၆။ဗဟိုဘဏ်သည် မိမိ၏ အဓိကရည်မှန်းချက်နှင့်အညီ အောက်ပါရည်ရွယ်ချက်များ တိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက် ရမည်

(က)

ငွေကြေးတည်ငြိမ်ရေး၊

()

ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊

()

ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာ တိုးတက် ရေး၊

()

ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေ စီးပွားရေး မူဝါဒများကို အထောက်အကူ ပြုရေး။

၇။ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ အောင်မြင်စေရန် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မိမိအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်နိုင်သည်။

အခန်း()

ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်း

၈။ ဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်။

၉။

(က)

ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ကို ပုဂ္ဂိုလ်ကိုးဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်း၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးရမည်

()

ဗဟိုဘဏ်ဥက္ကဋ္ဌ

ဥက္ကဋ္ဌ

()

ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ သုံးဦး

အဖွဲ့ဝင်

()

အစိုးရအဖွဲ့က ရွေးချယ်ပေးသော ပြင်ပမှ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူ ငါးဦး

အဖွဲ့ဝင်

()

ဗဟိုဘဏ် ဥက္ကဋ္ဌ၏ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ ကျန်ဒါရိုက်တာ အဖွဲ့ဝင် များ၏ သက်တမ်းသည် လေးနှစ်ဖြစ်သည်။ ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် ဆက်တိုက် သက်တမ်းနှစ်ခုထက်ပို၍ ထမ်းဆောင်ခွင့်မရှိစေရ။

()

ဗဟိုဘဏ်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများသည် ဗဟိုဘဏ်၏ လုပ်ငန်း တာဝန် များကို အချိန်ပြည့် ထမ်းဆောင်ရမည့်အပြင် အခကြေးငွေရရှိသော အခြား မည်သည့် လုပ်ငန်းကိုမျှ ဆောင်ရွက်ခြင်းမပြုရ။

()

ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏ အရာရှိတစ်ဦးအား ဒါရိုက်တာအဖွဲ့၏ ရုံးလုပ်ငန်း တာဝန်များ ထမ်းဆောင်ရာတွင် တာဝန်ခံအဖြစ် ဆောင်ရွက်ရန် သီးခြား တာဝန်ပေးအပ်ရမည်။

()

ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဗဟိုဘဏ်လုပ်ငန်း၊ စီးပွားရေး ပညာရပ်၊ ငွေကြေးနှင့်ဘဏ်လုပ်ငန်း၊ ဥပဒေပညာရပ်၊ စာရင်းကိုင်နှင့် စာရင်းစစ် လုပ်ငန်းတစ်ရပ်ရပ် တွင်အတွေ့အကြုံနှင့် ဗဟုသုတကြွယ်ဝသူများ ဖြစ်ရမည်။

()

ဒါရိုက်တာအဖွဲ့ဝင်များသည် မိမိနှင့်မိမိ၏ မိသားစုဝင်များ၏ ငွေကြေး သို့မဟုတ် စီးပွားရေး လုပ်ငန်းနှင့်ဆိုင်သော အကျိုးခံစားခွင့်များကို ဒါရိုက်တာအဖွဲ့သို့ အပြည့် အစုံတင်ပြရမည်။

၁ဝ။ အောက်ပါပုဂ္ဂိုလ်တို့ကို အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းမပြုရ

(က)

နိုင်ငံသားမဟုတ်သူ၊

( )

အဖွဲ့ဝင်တစ်ဦး၏ ဇနီး၊ ခင်ပွန်း၊ မိဘ၊ သားသမီး၊ ညီအစ်ကို မောင်နှမ အရင်း၊

()

ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ ယင်းအဖွဲ့အစည်းများတွင် ငါးရာခိုင်နှုန်း ထက်ပိုသော အကျိုးခံစားခွင့် ပိုင်ဆိုင်သည့် အဓိက အစုရှယ်ယာ ပိုင်ရှင်များ၊

()

ဘဏ်တစ်ခုခု သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခု၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ ယင်း အဖွဲ့အစည်းများတွင် ငါးရာခိုင်နှုန်း ထက်ပိုသော အကျိုးခံစားခွင့်များကို ဒါရိုက်တာအဖွဲ့သို့ အပြည့်အစုံ တင်ပြရမည်။

၁၁။ ဗဟိုဘဏ်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ချီးမြှင့်ငွေနှင့် စရိတ်များကို ခံစားခွင့်ရှိသည်။ ယင်းချီးမြှင့်ငွေကို ဗဟိုဘဏ်မှ ကျခံရမည်။

၁၂။ ပြင်ပမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ဒါရိုက်တာအဖွဲ့ဝင်များသည် ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ချီးမြှင့်ငွေနှင့် စရိတ် များကို ခံစားခွင့်ရှိသည်။ ယင်းချီးမြှင့်ငွေကို ဗဟိုဘဏ်မှ ကျခံရမည်။

၁၃။ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် နိုင်ငံ့ဝန်ထမ်းအား ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးပါက တာဝန် ပေးအပ်သည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ဝန်ထမ်း စည်းမျဉ်းစည်း ကမ်းနှင့်အညီ အငြိမ်းစားယူပြီးဖြစ်သည်ဟု လည်းကောင်း မှတ်ယူရမည်။ ထို့ပြင် ဒါရိုက်တာအဖွဲ့ဝင်များသည် နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့ဝင် မဖြစ်ရ။ ပါတီအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၌လည်း ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

၁၄။ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဗဟိုဘဏ်၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်၍ ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း နှင့် မူဝါဒအကောင်အထည်ဖော်ခြင်း တို့ကို ဒါရိုက်တာအဖွဲ့အား တာဝန်ခံပြီးဆောင်ရွက်ရမည်။

၁၅။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဗဟိုဘဏ်ကိုယ်စား အရေးယူဆောင်ရွက်ရန်၊သဘောတူ စာချုပ်များ ချုပ်ဆိုရန်၊ စာချုပ်စာတမ်းများနှင့် စာချွန်လွှာများကို လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့်များရှိသည်။ အဆိုပါ လုပ်ပိုင်ခွင့်များကို ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်သည့်အတိုင်း ဗဟိုဘဏ်၏ အရာရှိများအား လွှဲအပ်နိုင်သည်။

၁၆။ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးကို အောက်ပါအကြောင်း တစ်ရပ်ရပ် ပေါ်ပေါက် ပါက ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှ ရပ်စဲပြီးဖြစ်ရမည်

(က)

ပုဒ်မ ၁ဝ တွင် ဖော်ပြထားသော ကန့်သတ်ချက်တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း၊

()

ထောင်ဒဏ်ချမှတ်ခံရခြင်း၊

()

ခန့်အပ်သည့် အာဏာပိုင်ထံ နုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိခြင်း၊

()

မိမိ၏ တာဝန်ဝတ္တရားများကို စွမ်းဆောင်နိုင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတ၏ ဆုံးဖြတ်ခံရခြင်း၊

()

ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက် မရရှိဘဲ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေး တက်ရောက်ရန် တစ်ဆက်တည်း သုံးလပျက်ကွက်ခြင်း။

၁၇။နုတ်ထွက်သွားသော သို့မဟုတ် ရာထူးမှ ရပ်စဲခြင်းခံရသော သို့မဟုတ် ကွယ်လွန် သွားသော ဒါရိုက်တာအဖွဲ့ဝင်၏ ကျန်ရာထူးသက်တမ်းအတွက် ဤဥပဒေပါ သတ်မှတ်ချက် များနှင့် ညီညွတ်သော သင့်လျော်သူတစ်ဦးဦးကို ဖြည့်စွက်ခန့်ထားရမည်။ ယင်းသို့ ဖြည့်စွက်ခန့်ထားခြင်းကို လစ်လပ်မှုပေါ်ပေါက်သည့်နေ့မှ သုံးလအတွင်း ပြုလုပ်ရမည်။

၁၈။ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ကော်မတီများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ထိုသို့ဖွဲ့စည်းရာတွင် ယင်းကော်မတီများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ် ပေးရမည်။

၁၉။ ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ဝန်ထမ်းဖွဲ့စည်းပုံတစ်ရပ် ရေးဆွဲထားရှိရမည်။ ယင်းဖွဲ့စည်းပုံအတွင်း လိုအပ်သော အရာ ထမ်းများနှင့် အမှုထမ်းများကို ခန့်ထားရမည်။

၂ဝ။ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏ ဝန်ထမ်းရေးရာကိစ္စများနှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများ ခံစားခွင့်များကို သတ်မှတ်ရမည်။

၂၁။ ဗဟိုဘဏ်သည် ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်ဖြင့် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်

(က)

မိမိ၏ ဝန်ထမ်းများသို့ အာမခံဖြင့်ဖြစ်စေ၊ အာမခံမဲ့ဖြင့် ဖြစ်စေ ချေးငွေနှင့် ကြိုတင်ပေးငွေ ထုတ်ချေးခြင်း၊

()

မိမိ၏ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အကျိုးခံစားခွင့် ရရှိမှုများအတွက် အငြိမ်းစားဝန်ထမ်းရန်ပုံငွေ သို့မဟုတ် အလားတူ အစီအစဉ်များ တည်ထောင် ဆောင်ရွက်ခြင်း။

၂၂။

(က)

ဒါရိုက်တာအဖွဲ့၏ ပုံမှန်အစည်းအဝေးကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ပြုလုပ်ရမည်။ သို့ရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ သို့မဟုတ် ဒါရိုက်တာ အဖွဲ့ဝင် အများစု၏ ဆန္ဒဖြင့် မည့်သည့်အချိန်မဆို အထူးအစည်းအဝေး ပြုလုပ် နိုင်သည်။

()

ဒါရိုက်တာအဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော်တက်ရောက်လျှင် အစညး်အဝေး အထမြောက်သည်။

()

အစည်းအဝေးတွင် သဘာပတိအဖြစ် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌက လည်းကောင်း၊ ဥက္ကဋ္ဌ မရှိသည့်အခါ ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် ဒါရိုက်တာအဖွဲ့ဝင် ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဦးကလည်းကောင်း ဆောင်ရွက်ရမည်။

()

ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များကို တက်ရောက်သော ဒါရိုက်တာအဖွဲ့ဝင်အများစု၏ ဆန္ဒမဲဖြင့် ချမှတ်ရမည်။ မဲအရေအတွက် တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက် ချမှတ်ရမည်။

()

ဒါရိုက်တာအဖွဲ့ အစည်းအဝေးများ၌ ပြည်ထောင်စုအစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးတို့အား လေ့လာသူ များအဖြစ် တက်ရောက်ရန် ဖိတ်ကြားရမည်။

၂၃။ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦး၏ အကျိုးခံစားခွင့်များနှင့် ဆက်စပ်လျက်ရှိသော ကိစ္စရပ်များကို ဒါရိုက်တာအဖွဲ့က အရေးယူ ဆောင်ရွက်ရန် လိုအပ်သည့်အခါ ယင်းကိစ္စနှင့် ပတ်သက်သည့် အစည်းအဝေးတွင် ယင်းဒါရိုက်တာအဖွဲ့ဝင်က ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ။

အခန်း()

မတည်ငွေရင်းနှင့် အမြတ်ခွဲဝေမှု

၂၄။နိုင်ငံတော်သည် ဗဟိုဘဏ်၏ တစ်ဦတည်းသော အစုရှယ်ယာပိုင်ရှင်ဖြစ်သည်။ ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းသည် ကျပ်သန်းပေါင်း သုံးသိန်းဖြစ်သည်။ ယင်းအနက် ငွေကျပ်သန်းပေါင်း တစ်သိန်းကို နိုင်ငံတော်က ထည့်ဝင်ပြီးဖြစ်ရမည်။ ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းတို့ကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တိုးမြှင့်နိုင်သည်။ မတည်ငွေရင်းများကို လျှော့ချခြင်းမပြုရ။

၂၅။ဗဟိုဘဏ်၏ ရရန်ပိုင်ခွင့်များတန်ဖိုးသည် ပေးရန်တာဝန်များတန်ဖိုးနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းနှစ်ရပ်ပေါင်းအောက် လျော့နည်းသည့်အခါ ဗဟိုဘဏ်က အဆိုပြု၍ အစိုးရအဖွဲ့က ခွင့်ပြုသည့်အတိုင်း ဝန်ကြီးဌာနသည် အစိုးရငွေချေး သက်သေခံ လက်မှတ်များကို ဗဟိုဘဏ်သို့ ထုတ်ပေးရမည်။

၂၆။ဗဟိုဘဏ်၏နှစ်အလိုက် အသားတင်အမြတ်ငွေတွက်ချက်ရာတွင် နှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အသုံးစရိတ်များကို ထုတ်နုတ် ပြီးနောက် ရလမ်းမရှိသော ကြွေးမြီနှင့် ရရန်မသေချာသော ကြွေးမြီများအတွက် လျာထားခြင်း၊ ရရန်ပိုင်ခွင့်များအတွက် တန်ဖိုးလျော့ လျာထားခြင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် အငြိမ်းစား ရန်ပုံငွေ များအတွက် လျာထားခြင်းတို့ကို ဆောင်ရွက်ပြီး တွက်ချက်ရမည်။ ဗဟိုဘဏ်သည် လိုအပ်သည်ဟုယူဆသော အခြားကိစ္စရပ်များအတွက် လျာထားခြင်းကိုလည်း အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သည်။

၂၇။ဗဟိုဘဏ်သည်အထွေထွေ သီးသန့်ငွေစာရင်းကို တည်ထောင်ထားပြီးဖြစ်ရမည်။ နှစ်စဉ် နှစ်ကုန်ဆုံးသည့်အခါ အသားတင် အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့် ညီမျှသော ငွေပမာဏကို ကျပ်သန်းဂဏန်း အလီလီဖြင့် ဗဟိုဘဏ်၏ ထည့်ဝင်ပြီး မတည် ငွေရင်း၏ တစ်ရာ ရာခိုင်နှုန်းနှင့် ညီမျှသည်အထိ အထွေထွေသီးသန့်ငွေစာရင်းသို့ ခွဲဝေပေးသွင်း ရမည်။ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အထွေထွေသီးသန့်ငွေစာရင်းသို့ လွှဲပြောင်းသော ငွေပမာဏကို နှစ်စဉ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်၍ တိုးမြှင့်နိုင်သည် သို့မဟုတ် အထွေထွေသီးသန့်ငွေစာရင်း၏ စုစုပေါင်းငွေကို ဗဟိုဘဏ်၏ ထည့်ဝင်ပြီး မတည်ငွေရင်း ထက်ကျော်လွန်၍ တိုးမြှင့်နိုင် သည်။

၂၈။ပုဒ်မ ၂၇အရ အထွေထွေသီးသန့်ငွေစာရင်းသို့ လွှဲပြောင်းပေးသွင်းပြီးနောက် အသားတင်အမြတ်ငွေမှ ကျန်ရှိငွေကို ပုဒ်မ၂၅ အရ ထုတ်ပေးထားပြီး ဗဟိုဘဏ်မှ ကိုင်ဆောင်ထားသော အစိုးရငွေချေးသက်သေခံလက်မှတ်များကို ရွေးယူရန် အသုံးပြုရမည်။

၂၉။ဗဟိုဘဏ်သည် နှစ်စဉ် နှစ်ကုန်ဆုံး၍ အရှုံးပေါ်ပေါက်သည့်အခါ အဆိုပါအရှုံးကို ပုဒ်မ ၂၇ အရ တည်ထောင်ထားသော အထွေထွေသီးသန့်ငွေစာရင်းမှ ခုနှိမ်ရမည်။

၃ဝ။ဗဟိုဘဏ်သည် ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ တို့အရ ဆောင်ရွက်ပြီးနောက် ကျန်ရှိသော အသားတင်အမြတ်လက်ကျန်ငွေကို ကျပ်သန်းဂဏန်းအလီလီဖြင့် နှစ်ကုန်ဆုံးပြီးနောက် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းသို့ ဆောလျင်စွာ လွှဲပြောင်းပေး အပ်ရမည်။

၃၁။ ဗဟိုဘဏ်သည် ခုနှိမ်မှု သို့မဟုတ် ပေးချေမှုစသည်တို့ကို ပြုလုပ်ခြင်းအားဖြင့် မိမိ၏ရရန်ပိုင်ခွင့်သည် ပေးရန်တာဝန်များနှင့် ထည့်ဝင်ပြီး မတည်ငွေရင်း နှစ်ရပ်ပေါင်း အောက် လျော့နည်းလိမ့်မည်ဟု ယူဆပါက ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ တို့အရ ဆောင်ရွက်မှု ကိုသော်လည်းကောင်း၊ ပုဒ်မ ၃ဝ အရ လွှဲပြောင်းပေးအပ်မှု တစ်စုံတစ်ရာကို သော်လည်းကောင်း မပြုလုပ်ရ။

၃၂။ ရွှေ၊ အထူးထုတ်ယူခွင့်များ၊ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ငွေစာရင်းယူနစ်များ သို့မဟုတ် ကျပ်ငွေဖြင့် တန်ဖိုးသင့်ထားသော နိုင်ငံခြားငွေကြေးတို့၏ တန်ဖိုးများ သို့မဟုတ် နိုင်ငံခြားငွေလဲလှယ်နှုန်းများတွင် တစ်စုံတစ်ရာပြောင်းလဲမှုကြောင့် ဗဟိုဘဏ်၏ ရွှေ၊ အထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေကြေးများ တစ်ရပ်ရပ်ကို တန်ဖိုးပြန်လည် သတ်မှတ်ခြင်းဖြင့် ပေါ်ပေါက်လာသည့် ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ တန်ဖိုးပြောင်းလဲမှုများအတွက် အထူးသီးသန့် ငွေစာရင်းတစ်ရပ် တည်ထောင်ထားရမည်။

၃၃။

(က)

ရွှေ၊ အထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေကြေးများနှင့် အပြည်ပြည် ဆိုင်ရာအသိအမှတ်ပြု ငွေစာရင်းယူနစ်များ၏ ကျပ်ငွေ တန်ဖိုးများကို နိုင်ငံခြား ငွေလဲလှယ်နှုန်း ပြောင်းလဲခြင်းကြောင့် ပြန်လည်တန်ဖိုး သတ်မှတ်ရာတွင် ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ မည်သည့်နှစ်မှ မည်သည့် အသားတင်အမြတ်ကိုမဆို ယင်းအထူးသီးသန့် ငွေစာရင်းသို့ မြီရှင်စာရင်း ရေးသွင်းရမည်။

()

ပုဒ်မခွဲ(က)ပါ ပြောင်းလဲမှုတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ မည်သည့် နှစ်မှ မည်သည့် အသားတင် အရှုံးကိုမဆို ယင်းအထူး သီးသန့် ငွေစာရင်းရှိ မြီရှင်လက်ကျန်မှ ခုနှိမ်ရမည်။

()

ပုဒ်မခွဲ (က)တွင် ရည်ညွှန်းသော အသားတင်အမြတ်သည်လည်းကောင်း၊ ပုဒ်မခွဲ ()တွင် ရည်ညွှန်းသော အသားတင်အရှုံးသည် လည်းကောင်း ဗဟိုဘဏ်၏ နှစ်စဉ်အသားတင် အမြတ်ငွေ တွက်ချက်ရာတွင် မပါဝင်စေရ။

၃၄။ ဗဟိုဘဏ်သည် ဝင်ငွေအပေါ် ကောက်ခံသည့် အခွန်များ တံဆိပ်ခေါင်းခွန်များ သို့မဟုတ် အလားတူ အခွန်များနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် အခွန်စည်းကြပ်မှု များမှ ကင်းလွတ်ခွင့် ရရှိစေရမည်။

၃၅။ ဗဟိုဘဏ်သည်

(က)

မိမိ၏ ဘဏ္ဍာငွေအပေါ် ရပ်တည်၍ မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။

()

ဘဏ္ဍာရေးနှစ် တစ်နှစ်မစမီ ဗဟိုဘဏ်၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို ရေးဆွဲ၍ ဒါရိုက်တာအဖွဲ့သို့ တင်ပြ အတည်ပြုချက် ရယူရမည်။ ဒါရိုက်တာအဖွဲ့က အတည်ပြုပြီးသော နှစ်စဉ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းကို အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စု လွှတ်တော်သို့လည်း တင်ပြရမည်။

()

ဒါရိုက်တာအဖွဲ့သည် နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းကို အကောင် အထည် ဖော်ရန် လိုအပ်သော ဘဏ္ဍာရေး စည်းမျဉ်းများကို ချမှတ်ရမည်။

၃၆။

(က)

ဗဟိုဘဏ်၏ စာရင်းများကို ဘဏ်တွင်းစာရင်းစစ်ဌာနက သုံးလပတ် အလိုက် ပုံမှန် စစ်ဆေးရမည်။ စာရင်းစစ် ဆေးချက်အစီရင်ခံစာကို ဒါရိုက်တာ အဖွဲ့သို့ တင်ပြရမည်။

()

ဗဟိုဘဏ်၏ စာရင်းများကို ဘဏ်တွင်းစာရင်းစစ်ချုပ်က အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးရမည်။

()

ဗဟိုဘဏ်သည် နှစ်စဉ် နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်ငွေစာရင်းရှင်းတမ်းများကို ရေးဆွဲရမည်။ ဗဟိုဘဏ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်က မှန်ကန် ကြောင်း လက်မှတ်ရေးထိုးသည့် အရှုံးအမြတ်စာရင်းနှင့် လက်ကျန် ရှင်းတမ်း တို့နှင့်အတူ နှစ်ချုပ်အစီရင်ခံစာကို အစိုးရအဖွဲ့သို့ နှစ်ကုန်ဆုံးပြီးနောက် ခြောက်လအတွင်း တင်ပြရ မည်။

()

ပုဒ်မခွဲ()အရ တင်ပြပြီး နောက် ဗဟိုဘဏ်သည် နှစ်ချုပ်အစီရင်ခံစာကို အများပြည်သူသိရှိစေရန် ထုတ်ပြန် ကြေညာရမည်။

အခန်း()

တာဝန်ခံမှုနှင့် သတင်းအချက်အလက်ထုတ်ပြန်မှု

၃၇။ ဗဟိုဘဏ်သည် ယင်း၏ ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး မူဝါဒများချမှတ်ဆောင်ရွက်မှု၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှုနှင့် နိုင်ငံတော် ငွေရေးကြေးရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့် ပြည်ထောင်စု လွှတ်တော်သို့ တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် အစီရင်ခံ တင်ပြရမည်။ အဆိုပါ အစီရင်ခံစာကို ဝန်ကြီးဌာနသို့လည်း ပေးပို့ရမည်။

၃၈။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ငွေကြေးမူဝါဒ၊ ငွေရေးကြေးရေးစနစ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်၏ ငွေရေးကြေးရေးအခြေအနေ သို့မဟုတ် ဗဟိုဘဏ်၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြရမည်။

၃၉။ ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကို အများပြည်သူသိရှိစေရန် ဒါရိုက်တာအဖွဲ့ ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာရမည်။

အခန်း()

ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ

၄ဝ။ ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်

(က)

ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

()

နိုင်ငံခြား ငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊

()

အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍ အကြံပြုခြင်း၊

()

နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊

()

ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊

()

ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ် ထိန်းကျောင်းခြင်း၊

()

ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ် ကွပ်ကဲခြင်း၊

()

ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်များ စနစ်တကျနှင့် ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ထိန်းကျောင်းကွပ်ကဲခြင်း၊

()

လုံခြုံစိတ်ချရပြီး ခိုင်မာ၍ စွမ်းဆောင်ရည်ပြည့်ဝသော ပေးချေမှုစနစ် တစ်ရပ် တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊

()

ဘဏ်များ၏ နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူအဖြစ် ဆောင်ရွက်ခြင်း၊

()

အစိုးရအဖွဲ့၏ ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် အစိုးရအဖွဲ့၏ ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊

()

အစိုးရအဖွဲ့၏ ငွေရေးကြေးရေးဆိုင်ရာ အကြံပေးနှင့် ဘဏ္ဍာရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊

()

ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၏ ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊

()

ငွေရေးကြေးရေး အဖွဲ့အစည်းများအတွက် စာရင်းများဖွင့်လှစ်၍ အပ်ငွေ များ လက်ခံခြင်း၊

()

ဘဏ်လုပ်ငန်း၊ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အပြည်ပြည်ဆိုင်ရာ ငွေရေး ကြေးရေးအဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူ ပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရားအားလုံးကို အစိုးရအဖွဲ့အမည်ဖြင့် တာဝန်ခံဆောင်ရွက် ခြင်း၊ အစိုးရအဖွဲ့ကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊

()

ဤဥပဒေအရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသော သို့မဟုတ် အကြောင်း သင့်ဆက်စပ် ဖြစ်ပေါ်လာသော လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခြင်း၊

၄၁။ ဗဟိုဘဏ်သည် အောက်ပါ လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခွင့်ရှိသည်

(က)

မိမိအတွက် မိမိအမည်ဖြင့် ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေခြင်းနှင့် ယင်းငွေချေးသက်သေခံ လက်မှတ် များကို ငွေရေးကြေးရေး အဖွဲ့ အစည်းများနှင့်လည်းကောင်း၊ အများပြည်သူနှင့်လည်းကောင်း ရောင်းဝယ်ဖောက် ကားခြင်း၊

()

ငွေချေးသက်သေခံ လက်မှတ်များကို အာမခံရယူ၍ ကာလတိုချေးငွေ နှင့် ကြိုတင်ပေးငွေများ ထုတ်ပေးခြင်း၊

()

ငွေရေး ကြေးရေး ဈေးကွက်များတွင် လိုအပ်သလို ဝင်ရောက် ရောင်းဝယ်ခြင်း၊

()

ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊

()

မိမိရရန်ရှိသော ကြွေးမြီအတွက် လက်ခံရရှိသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ ရောင်းချ၍ တန်ဖိုးကိုရယူခြင်း၊

()

မိမိသင့်လျော်သည်ဟု ယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့် နိုင်ငံခြားငွေကြေး အမျိုးအစားဖြင့်မဆို ပြည်ပမှ ချေးငွေရယူခြင်းနှင့် အဆိုပါ ချေးငွေများအတွက် အာမခံများ ထုတ်ပေးခြင်း၊

()

ဤဥပဒေအရ တရားစွဲဆိုရန် ခွင့်ပြုမိန့်တောင်းခံလာသည့် ကိစ္စရပ်များကို အဆုံးအဖြတ်ပေးခြင်း၊

()

စာရင်းအင်းများနှင့် သတင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ပြုစုရေးဆွဲခြင်း၊ အဓိကအားဖြင့် နိုင်ငံခြား ငွေပေးငွေယူ စာရင်းအင်းများရေးဆွဲ ခြင်းနှင့် တည်ငြိမ်၍ ကောင်းမွန်သည့် နိုင်ငံခြားငွေပေးငွေယူစာရင်း အခြေ အနေ တစ်ရပ်ရရှိစေရန် လိုအပ်သော နည်းလမ်းများကို တာဝန်ယူဆောင် ရွက်ခြင်း၊

()

ငွေကြေးပမာဏကို လိုအပ်သလိုထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်၏ အတိုး နှုန်းကို အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်ခြင်း၊

၄၂။ ဗဟိုဘဏ်သည် မိမိ၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ဥပစာများနှင့် လုပ်ငန်းသုံး ပစ္စည်းတို့ကို ဥပဒေနှင့်အညီ ရယူခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ထားရှိခြင်းနှင့် ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်သည်။

၄၃။ ဗဟိုဘဏ်သည် မိမိရရန်ရှိသည့် ကြွေးမြီများအတွက် မြီစားထံမှ ရရှိသော မည်သည့် အကျိုးခံစားခွင့်ကိုမဆို ဖြစ်နိုင်သမျှ ဆောလျင်စွာ ထုခွဲရောင်းချရမည်။

၄၄။ ဗဟိုဘဏ်သည်

(က)

ဤဥပဒေအရ ဗဟိုဘဏ်၏ လုပ်ငန်းများနှင့် မကိုက်ညီသည့် အမြတ် ရရှိရေးကိုသာ ဦးတည်ဆောင်ရွက်သော ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်းများ သို့မဟုတ် အခြားစီးပွားရေးဆန်သော ဆောင်ရွက်မှုများကို ဖွဲ့စည်း လုပ်ကိုင်ခြင်း၊ ယင်းတို့တွင် အစုရှယ်ယာထည့်ဝင်ခြင်း မပြုရ၊

()

ဤဥပဒေဖြင့် ခွင့်ပြုထားခြင်းများမှအပ အခြားချေးငွေ အမျိုးမျိုး ထုတ်ပေး ခြင်း မပြုရ၊

အခန်း()

ငွေကြေးတည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်း

၄၅။ ဗဟိုဘဏ်သည် မိမိ၏ ငွေကြေးတည်ငြိမ်ရေး ရည်ရွယ်ချက်အား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ ငွေကြေးမူဝါဒဆိုင်ရာ နည်းလမ်းများကို အသုံးပြု ဆောင်ရွက်နိုင်သည်

(က)

ငွေရေးကြေးရေး ဈေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်း၊

()

လျှော့နှုန်းနှင့်တစ်ဆင့်လျှော့နှုန်းတို့ကို သတ်မှတ်ကျင့်သုံးခြင်း၊

()

အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်အား သတ်မှတ်ခြင်း၊

()

ချေးငွေစီမံခန့်ခွဲခြင်း အပါအဝင် အခြားသင့်လျော်သော နည်းလမ်းများ သတ်မှတ်ခြင်း။

၄၆။ဗဟိုဘဏ်သည် ပုဒ်မ ၄၅၊ ပုဒ်မခွဲ(က)အရ ဆောင်ရွက်ရာ၌ ငွေရေးကြေးရေး ဈေးကွက်တွင် ရောင်းဝယ်မည့် ငွေချေး သက်သေခံလက်မှတ် အမျိုးအစားများနှင့် ချေးငွေအတွက်ရယူမည့် အာမခံပစ္စည်းများ သတ်မှတ်ခြင်းနှင့် ငွေရေးကြေးရေး ဈေးကွက်တွင် ဝင်ရောက်ဆောင်ရွက်မည့် အခြေအနေများကို အများပြည်သူသို့ ထုတ်ပြန်ကြေညာရမည်။

၄၇။ ဗဟိုဘဏ်သည် ငွေရေးကြေးရေး ဈေးကွက်များတွင် ငွေချေးသက်သေခံ လက်မှတ် များရောင်းဝယ်သည့် နည်းလမ်းများကို အသုံးပြုရာ၌ အောက်ပါတို့ကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လျှော့နှုန်းဖြင့် လဲလှယ်ခြင်းနှင့် တစ်ဆင့်လျှော့နှုန်းဖြင့် လဲလှယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်

(က)

ငွေပေးအမိန့်လက်မှတ်များနှင့် ငွေပေးကတိစာချုပ်များ၊

( )

အများပြည်သူသို့ ထုတ်ဝေရောင်းချထားသော ငွေချေးသက်သေခံ လက်မှတ်များ သို့မဟုတ် အစိုးရအဖွဲ့က ထုတ်ဝေသည့် သို့မဟုတ် အာမခံသည့် အခြားငွေချေး သက်သေခံလက်မှတ်များ၊

( )

ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေရေးကြေးရေးဆိုင်ရာ စာချုပ်စာတမ်း များ။

၄၈။ ဗဟိုဘဏ်သည် မိမိ၏လျှော့နှုန်းများ၊ တစ်ဆင့်လျှော့နှုန်းများနှင့် ချေးငွေအပေါ် အတိုး နနှ်ုးများကို အခါအားလျော်စွာသတ်မှတ်၍ ထုတ်ပြန်ကြေညာရမည်။

၄၉။ဗဟိုဘဏ်သည် အပ်ငွေအမျိုးမျိုးနှင့် အလားတူပေးရန် တာဝန်များအတွက် သီးသန့် ငွေအချိုးများကို သတ်မှတ်နိုင်သည့်အပြင် ယင်းတို့ကို တွက်ချက်သည့် နည်းလမ်းကိုလည်း သတ်မှတ်နိုင်သည်။ သို့ရာတွင် ယင်းလိုအပ်သော အချိုးများနှင့်တွက်ချက်သည့် နည်းလမ်း တို့သည် လုပ်ငန်းအမျိုးအစားတူ ဘဏ်များအားလုံးအတွက် တစ်ပြေးညီဖြစ်စေရမည်။

၅ဝ။ဗဟိုဘဏ်သည် ဘဏ်များအား ယင်းတို့၏ အပ်ငွေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလားတူ ပေးရန်တာဝန်များအတွက် သီးသန့်ငွေများနှင့် စပ်လျဉ်း၍လည်းကောင်း ငွေသားဖြင့်ဖြစ်စေ၊ ဗဟိုဘဏ်ရှိ အပ်ငွေများဖြင့်ဖြစ်စေ၊ ယင်းနှစ်ရပ်ပေါင်းဖြင့်ဖြစ်စေ၊ အခြားသင့်လျော်ရာ တွက်ချက်မှုနည်းလမ်းဖြင့်ဖြစ်စေ ဗဟိုဘဏ်က သတ်မှတ်ပေးသည့် အချိုးအစားအတိုင်း ထားရှိစေရမည်။

၅၁။ ပုဒ်မ ၅ဝ အရ ထားရှိရမည့် သီးသန့်ငွေလိုအပ်ချက် ပမာဏအပေါ်တွင် ဗဟိုဘဏ်က အတိုးပေးနိုင်သည်။

၅၂။အနည်းဆုံးထားရရှိမည့် သီးသန့်ငွေလိုအပ်ချက်များ၏ ပြောင်းလဲမှုများသည် ဒါရိုက်တာအဖွဲ့က သတ်မှတ်သည့်နေ့မှစ၍ အကျိုးသက်ရောက်မှု ရှိစေရမည်။ ဗဟိုဘဏ် သည် သတ်မှတ်နေ့ရက်ကို အနည်းဆုံး ၁၄ ရက် ကြိုတင်၍ ထုတ်ပြန်ကြေညာရမည်။

၅၃။ဗဟိုဘဏ်သည် ယင်း၏ ရည်ရွယ်ချက်များပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေး အတွက် အခြားသင့်လျော်သော ငွေကြေးမူဝါဒ ဆိုင်ရာ နည်းလမ်းများကို သတ်မှတ်အသုံးပြု နိုင်သည်။ ယင်းသို့ သတ်မှတ်ရာတွင် ဒါရိုက်တာအဖွဲ့ဝင်အများစု၏ သဘောတူညီချက် ဖြင့်သာ သတ်မှတ်ရမည်။

အခန်း ()

နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားသုံးသီးသန့်ငွေစီမံခန့်ခွဲခြင်း

၅၄။ ဗဟိုဘဏ်၏ အကြံပြုချက်ကိုရယူ၍ အစိုးရအဖွဲ့သည် နိုင်ငံခြားငွေလဲလှယ်နှုန်း စနစ်ကို သတ်မှတ်ရမည်။

၅၅။ ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို သတ်မှတ်အကောင်အထည်ဖော် ရမည်။

၅၆။ဗဟိုဘဏ်သည် အခါအားလျော်စွာ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်နိုင် သည်

(က)

ရွှေ သို့မဟုတ် အခြားအဖိုးတန်သတ္တုများကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိ ခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊

()

နိုင်ငံခြားသုံးငွေ အပေးအယူပြုလုပ်မှုများတွင် အများလက်ခံအသုံးပြုသော နည်းလမ်းတစ်ခုခုဖြင့် နိုင်ငံခြားငွေကြေးများကို ဝယ်ယူခြင်း၊ လက်ဝယ်ထား ရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊

()

နိုင်ငံခြားအစိုးရများ သို့မဟုတ် နိုင်ငံခြားဗဟိုဘဏ်များက ထုတ်ဝေသည့် သို့မဟုတ် အာမခံသည့် ငွေတိုက်လက်မှတ်များနှင့် အခြားငွေချေး သက်သေခံ လက်မှတ်များ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ယင်းတို့၏ အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များက ထုတ်ဝေသော အစုရှယ်ယာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ် များကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း၊

()

အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်ပရှိ ဗဟိုဘဏ် များ၊ ငွေကြေးအာဏာပိုင်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် မိမိ၏ ငွေစာရင်းများကို ဖွင့်လှစ်ထားရှိခြင်း၊

()

အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်ပရှိ ဗဟိုဘဏ် များ၊ ငွေကြေးအာဏာပိုင်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် ယင်းတို့အားကိုယ်စားပြုသူများ အတွက် ကိုယ်စား လှယ်အဖြစ် သို့မဟုတ် ဆက်သွယ်သူအဖြစ်ဆောင်ရွက်ခြင်း၊ ငွေစာရင်းများကို ဖွင့်လှစ်ပေးခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ပေးခြင်း၊

()

ဗဟိုဘဏ်က သင့်လျော်သည်ဟု ယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့်နိုင်ငံခြားငွေကြေးဖြင့်မဆို ငွေချေးယူခြင်းနှင့် အဆိုပါ ချေးငွေများ အတွက် အာမခံပေးခြင်း။

၅၇။ဗဟိုဘဏ်သည် မိမိကိုယ်ပိုင်အမည်ဖြင့်ဖြစ်စေ၊ အစိုးရအဖွဲ့ ကိုယ်စားဖြစ်စေ၊ အစိုးရအဖွဲ့အတွက်နှင့် အစိုးရအဖွဲ့၏ အမိန့်အရ ဖြစ်စေ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု သဘောတူညီချက်များ သို့မဟုတ် ယင်းကဲ့သို့ သဘောသက်ရောက်သည့် စာချုပ်များကို ပြည်ပတွင် တည်ထောင်ထားသည့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းအမျိုးအစားတူ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ချုပ်ဆို နိုင်သည်။

၅၈။ ဗဟိုဘဏ်သည် အခါအားလျော်စွာ သတ်မှတ်သည့် စည်းကမ်းအချက်များနှင့်အညီ သက်ဆိုင်ရာ ရရန်ပိုင်ခွင့်များနှင့် ဆက်စပ်၍ ဖြစ်ပေါ်နိုင်သော ငွေဖြစ်လွယ်မှုနှင့် ဆုံးရှုံးနိုင် မှုတို့ကို ထည့်သွင်းစဉ်းစား၍ အောက်ပါတို့အနက် အချို့အဝက် သို့မဟုတ် အားလုံးပါဝင် သည့် နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းထားရှိရန်နှင့် စီမံခန့်ခွဲရန် တာဝန်ယူရမည်

(က)

ရွှေ၊

()

နိုင်ငံခြားသုံးငွေ၊

()

ဗဟိုဘဏ်က သဘောတူလက်ခံနိုင်သည့် နိုင်ငံခြားငွေကြေး အမျိုးအစား နှင့် နေရာဒေသများတွင် ပေးချေရမည့် ငွေပေးအမိန့်လက်မှတ်များ၊ ငွေပေးကတိစာချုပ်များ၊

()

အောက်ပါ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု သီးသန့်ငွေ ရရန် ပိုင်ခွင့်များ

()

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရှိ နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေပိုင်ဆိုင်မှု၊

()

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရှိ နိုင်ငံတော်၏ အထူး ထုတ်ယူခွင့်များ ပိုင်ဆိုင်မှု။

၅၉။ ဗဟိုဘဏ်သည်

(က)

ပုဒ်မ ၅၈ အရ ထိန်းသိမ်းထားရှိသည့် နိုင်ငံခြားသုံးသီးသန့်ငွေကို အပြည် ပြည်ဆိုင်ရာနှင့် အပေးအယူ ပြုလုပ်မှုများအတွက် လုံလောက်သည်ဟု မိမိယူဆသည့် ပမာဏနှင့်အညီ ထိန်းသိမ်းထားရှိနိုင်ရန် ဆောင်ရွက်ရ မည်။

()

နိုင်ငံခြားသုံး သီးသန့်ငွေပမာဏ ကျဆင်းလာလျှင်သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာနှင့် အပေးအယူ ပြုလုပ်မှုများ အတွက် ယင်းနိုင်ငံခြားသုံး သီးသန့်ငွေ၏ လုံလောက်မှုမှာ စိတ်မချရသည့် အတိုင်းအတာအထိ ကျဆင်းမည့် အန္တရာယ်ရှိသည်ဟု ယူဆလျှင်သော်လည်းကောင်း၊ အဆိုပါ ကျဆင်းမှုကို ဖြစ်စေသော သို့မဟုတ် ဖြစ်စေနိုင်သော အကြောင်းအချက် အလက်များ၊ နိုင်ငံခြားသုံးသီးသန့်ငွေ အခြေအနေနှင့် ယင်းအခြေအနေကို ကုစားမှုပြုနိုင်ရန် သင့်လျော်သည်ဟု ယူဆသော အဆိုပြုချက်များပါရှိသည့် အစီရင်ခံစာကို အစိုးရအဖွဲ့ထံ တင်ပြရမည်။

()

နိုင်ငံခြားသုံးသီးသန့်ငွေပမာဏ ပုံမှန်အခြေအနေရရှိပြီဟု ယူဆသည့် အချိန်အထိ အဆိုပြုချက်နှင့် အစီရင်ခံစာကို တစ်ကြိမ်လျှင် သုံးလထက် မကျော်လွန်စေဘဲ အစိုးရအဖွဲ့ထံ တင်ပြရမည်။

၆ဝ။ဗဟိုဘဏ်သည် နိုင်ငံတော်က အခါအားလျော်စွာ တင်ရှိလာနိုင်မည့် ပြည်ပ ကြွေးမြီများနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက် သင့်ကြောင်းကို စည်းကမ်းချက်များ၊ အခြား အချက်အလက်များနှင့်တကွ အစိုးရအဖွဲ့ထံ အကြံပြုတင်ပြနိုင်သည်။ ထိုသို့ တင်ပြနိုင်ရန် ဗဟိုဘဏ်သည် နိုင်ငံတော်က ချေးယူထားသော သို့မဟုတ် အာမခံထားသော နိုင်ငံခြား ကြွေးမြီအားလုံး၏ နောက်ဆုံးလက်ကျန် စာရင်းများကို ဝန်ကြီးဌာနထံမှ တောင်းခံရယူ နိုင်သည်။

အခန်း()

ပြည်တွင်းသုံးငွေ ထုတ်ဝေခြင်း

၆၁။ ပြည်တွင်းသုံးငွေ၏ အခြေခံယူနစ်သည်ကျပ်ဖြစ်သည်။ ငွေတစ်ကျပ်ကို အပိုင်းတစ်ရာပိုင်း၍ တစ်ပိုင်းကို တစ်ပြားဟု ခေါ်ရမည်။ ထို ကျပ်နှင့်ပြားများအတွက် အင်္ဂလိပ်ဘာသာသင်္ကေတများသည် “K”နှင့် “P”ဟု အသီးသီးဖြစ်ရမည်။

၆၂။ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့်ဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိသည်။ ဗဟိုဘဏ်က ထုတ်သော ငွေစက္ကူများနှင့် ဒင်္ဂါးများသည် နိုင်ငံတော် တစ်ဝန်းလုံးတွင် တရားဝင်ငွေအဖြစ် တည်ရှိစေရမည်။

၆၃။ ဥပဒေနှင့်အညီ ငွေကြေးနှင့်စပ်လျဉ်းသည့် သို့မဟုတ် ငွေကြေးဖြင့်ပေးရန်ရှိသည့် စာချုပ်စာတမ်း၊ အပေးအယူပြုလုပ်မှု သို့မဟုတ် ကြွေးမြီတာဝန်တစ်ခုခုတွင် နိုင်ငံခြားသုံး ငွေဖြင့် ပြုလုပ်ကြောင်း အတိအလင်း သဘောတူညီချက်မရှိခဲ့လျှင် ယင်းကို နိုင်ငံတော် အတွင်းတွင် ကျပ်ငွေဖြင့် ပြုလုပ်သည်ဟု မှတ်ယူရမည်။

၆၄။ဗဟိုဘဏ်သည် ငွေစက္ကူများပုံနှိပ်ခြင်း၊ ဒင်္ဂါးများ သွန်းလောင်းခြင်း၊ ထုတ်ဝေရန် ထားရှိသည့် ငွေစက္ကူများနှင့် ဒင်္ဂါးများကို လုံခြုံစွာသိုလှောင်ထားရှိခြင်းနှင့် ငွေစက္ကူ ပုံနှိပ်ပလိပ်ပြားများ၊ ဒင်္ဂါးညှပ်ပုံများနှင့် ပြန်လည်ရုပ်သိမ်းထားသည့် ငွေစက္ကူများနှင့် ဒင်္ဂါး များကို လိုအပ်သလို သိုလှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ရမည်။

၆၅။ဗဟိုဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါးများ၏ တန်ဖိုး၊ အဆင်အပြင်၊ ဖွဲ့စည်း ပါဝင်သည့် ဝတ္ထုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်။

၆၆။ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ် ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်း ဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။

၆၇။

(က)

ဗဟိုဘဏ်သည် မိမိထုတ်ဝေထားသည့် တရားဝင်သုံးစွဲလျက်ရှိသော ငွေကြေးများကို လက်ဝယ်ရှိသူများက လဲလှယ်ပေးရန်တောင်းခံပါက တန်ဖိုးအလိုက် လဲလှယ်ပေးရမည်။

()

ဘဏ်များသည် တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူနှင့် ဒင်္ဂါးများကို အခြားတန်ဖိုး အမျိုးအစားဖြစ်သော တရားဝင်ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးများ ဖြင့်လဲလှယ်ရန် တောင်းဆိုသည့်အခါ အခမဲ့လဲလှယ်ပေးရမည်။

()

ပျောက်ဆုံးသော သို့မဟုတ် ခိုးရာပါသော သို့မဟုတ် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဍာန်ပျက်သော ငွေစက္ကူနှင့် ဒင်္ဂါးတစ်ခုခု၏ တန်ဖိုးကို ဗဟို ဘဏ်ထံမှ ရပိုင်ခွင့်အဖြစ် မည်သူမျှ တောင်းဆိုခွင့်မရှိစေရ။ သို့ရာတွင် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဍာန်ပျက်သော ငွေစက္ကူနှင့်ဒင်္ဂါးတန်ဖိုးကို လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်၍ ပြန်လည် ထုတ်ပေးနိုင်သည်။

အခန်း(၁ဝ)

ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်း

၆၈။ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် ငွေရေးကြေးရေး အဖွဲ့အစည်းများအား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းခိုင်မာ ကောင်းမွန် စေရန်ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို တာဝန်ယူ ဆောင်ရွက် ရမည့်အပြင် ယင်းအဖွဲ့အစည်းများ၏ ကြွေးမြီပေးဆပ်နိုင်မှုနှင့် လုပ်ငန်းခိုင်မာမှုတို့ ပိုမို ကောင်းမွန်စေရန် လိုအပ်သလို ညွှန်ကြားနိုင်သည်။

၆၉။ဗဟိုဘဏ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးရာတွင် မိမိ ဝန်ထမ်းများကို သော်လည်းကောင်း၊ ဗဟိုဘဏ်တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များကို သော်လည်းကောင်း အောက်ပါအတိုင်း တာဝန်ပေးအပ်ဆောင်ရွက်စေနိုင်သည်

(က)

ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ လုပ်ငန်းခွင်သို့ အခါအားလျော်စွာ သွားရောက်၍ စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထား စာရွက် စာတမ်းများနှင့် အခြားမှတ်တမ်းများအား စစ်ဆေးခြင်း၊

()

ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ကာလအလိုက်စာရင်းများ၊ မှတ်တမ်း များနှင့် သတင်းအချက်အလက် များကို ၄င်းတို့ထံမှရယူ၍ စစ်ဆေးခြင်း။

၇ဝ။ငွေရေးကြေးရေးအဖွဲ့အစည်းသည် ဗဟိုဘဏ်က ယင်း၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန်အလို့ငှာ လိုအပ်မည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလ အပိုင်းအခြားအလိုက် တောင်းဆိုသည့် အတိုင်း ပေးပို့ရမည်။

၇၁။ဗဟိုဘဏ်သည် ပုဒ်မ ၇၀ အရ ပေးပို့သော အချက်အလက်အားလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း သင့်လျော်သည့်အချိန်တွင် တစ်ပေါင်း တစ်စည်းတည်း ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်း မပြုရ။

၇၂။ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြပ်မတ်ကွပ်ကဲခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းပြုသည့် အခြားအာဏာပိုင် အဖွဲ့အစည်းများထံမှလည်း လိုအပ်သော သတင်းအချက်အလက်များ တောင်းယူနိုင်သည်။

၇၃။ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးအတွက် လိုအပ်သည်ဟု ယူဆ ပါက ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုခုကိုဖြစ်စေ၊ ယင်းမှ တာဝန်ရှိသူပုဂ္ဂိုလ်ကိုဖြစ်စေ ယင်းလုပ်ငန်း၏ ငွေရေးကြေးရေးတည်ငြိမ်ရေးအတွက် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ရေး သို့မဟုတ် လျှော့ချရေးအစီအစဉ်များ ဆောင်ရွက်ရန် စာဖြင့် ညွှန်ကြားချက်ထုတ်ပြန် နိုင်သည်။

၇၄။ ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုးအပါအဝင် ငွေရေးကြေးရေးအချိုးများနှင့် ယင်းတို့ကို တွက်ချက်သည့် နည်းလမ်းများကို လိုအပ်သလို သတ်မှတ်နိုင်သည်။

၇၅။ဗဟိုဘဏ်သည် လိုအပ်သည်ဟု ယူဆပါက ချေးငွေဆိုင်ရာ သတင်းအချက်အလက် များ သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေချေး ရန် ထိုက်တန်မှုကို အကဲဖြတ် သုံးသပ်ရန် ဆီလျော်သက်ဆိုင်သော အခြားသတင်း အချက်အလက်များကို စုစည်းနိုင်ရန်နှင့် စုစညး်ရရှိသည့် သတင်းအချက်အလက်များကို ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ အသိပေးနိုင်ရန် ချေးငွေ သတင်းအချက်အလက်ဌာန ကို တည်ထောင်ခွင့်ပြုနိုင်သည်။

အခန်း(၁၁)

ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်ကို ကြီးကြပ်ထိန်းကျောင်းခြင်း

၇၆။ဗဟိုဘဏ်သည် ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်အား ကြီးကြပ်ထိန်း ကျောင်းရာတွင် ဗဟိုဘဏ်၏ ဝန်ထမ်းများက သော်လည်းကောင်း၊ ဗဟိုဘဏ်မှ တာဝန်ပေး အပ်ထားသော ပုဂ္ဂိုလ်များကသော်လည်းကောင်း အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်

(က)

ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေ သည့် ပုဂ္ဂိုလ်များ၏ လုပ်ငန်းခွင်သို့ အခါအားလျော်စွာ သွားရောက်၍ စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထား စာရွက်စာတမ်းများနှင့် အခြားမှတ်တမ်းများအား စစ်ဆေးခြင်း၊

()

ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များ၏ ကာလအလိုက် စာရင်းများ၊ မှတ်တမ်းများနှင့် သတင်းအချက်အလက်များကို ၎င်းတို့ထံမှ ရယူ၍ စစ်ဆေးခြင်း။

၇၇။ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များသည် ဗဟိုဘဏ်က ယင်း၏လုပ်ငန်း တာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် အလို့ငှာ လိုအပ်မည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလ အပိုင်းအခြားအလိုက် တောင်းဆိုသည့်အတိုင်း ပေးပို့ရမည်။

၇၈။ဗဟိုဘဏ်သည် ပုဒ်မ ၇၇ အရ ပေးပို့ထားသော အချက်အလက်အားလုံးကိုသော် လည်းကောင်း၊ တစ်စိတ်တစ်ဒေသ ကိုသော်လည်းကောင်း သင့်လျော်သည့် အချိန်တွင် တစ်ပေါင်းတစ်စည်းတည်း ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူ နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကိုမူ ထုတ်ပြန် ကြေညာခြင်း မပြုရ။

အခန်း(၁၂)

ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ်ကို ကြီးကြပ်ထိန်းကျောင်းခြင်း

၇၉။ဗဟိုဘဏ်သည် လုံခြုံမှုနှင့် ထိရောက်မှုရှိသော ငွေပေးချေမှုစနစ် ဖြစ်စေရန် ဤဥပဒေနှင့် အခြားသက်ဆိုင်ရာဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက် ထားလာသည့် အဖွဲ့အစည်းတစ်ရပ်ရပ်အား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ယင်းလုပ်ငန်းကို ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်ရမည်။

၈ဝ။ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ချက်လက်မှတ်များ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့် ငွေပေးချေမှု များနှင့် ငွေပေးချေမှုအဖြစ် အသုံးပြုသည့် စာချုပ် စာတမ်းများကို စာရင်းရှင်းလင်းပေးရန် စာရင်းရှင်းလင်းရေးအဖွဲ့များကို လိုအပ် သည့် နေရာများတွင် ဖွဲ့စည်းနိုင်သည်။

၈၁။ ငွေပေးချေမှုနှင့် စာရင်ရှင်းလင်းမှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များသည် ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရမည်။

၈၂။ဗဟိုဘဏ်သည် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လုပ်ငန်းများကို ကြီးကြပ် ထိန်းကျောင်းရာတွင် ဗဟိုဘဏ်၏ ဝန်ထမ်းများက သော်လည်းကောင်း၊ ဗဟိုဘဏ်မှ ခန့်အပ်တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များကသော်လည်းကောင်း အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်

(က)

ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် ပုဂ္ဂိုလ်၏ လုပ်ငန်းခွင်သို့ အခါအားလျော်စွာ သွားရောက်၍ စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထား စာရွက်စာတမ်းများနှင့် အခြား မှတ်တမ်းများအား စစ်ဆေးခြင်း၊

()

ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များ၏ ကာလအလိုက် စာရင်းများ၊ မှတ်တမ်းများ၊ သတင်းအချက်အလက်များကို ၎င်းတို့ထံမှရယူ၍ စစ်ဆေးခြင်း။

၈၃။ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် ပုဂ္ဂိုလ် များသည် ဗဟိုဘဏ်က ယင်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် အလို့ငှာ လိုအပ်မည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလ အပိုင်းအခြားအလိုက် တောင်းဆိုသည့်အတိုင်းပေးပို့ရမည်။

၈၄။ ဗဟိုဘဏ်သည် ပုဒ်မ ၈၃ အရ ပေးပို့ထားသော အချက်အလက်အားလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုလည်းကောင်း သင့်လျော်သည့် အချိန်တွင် တစ်ပေါင်းတစ်စည်း တည်း ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်း မပြုရ။

အခန်း(၁၃)

ဘဏ်များ၏ နောက်ဆုံးအားထားရာ ကာလတို ချေးငွေထုတ်ချေးသူအဖြစ် ဆောင်ရွက်ခြင်း

၈၅။ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ရန် သို့မဟုတ် လျော့နည်းစေရန် ရည်ရွယ်၍ အောက်ပါတို့ကို ဆောင်ရွက် နိုင်သည်

(က)

ဘဏ်များအား ချေးငွေအကူအညီပေးခြင်း၊

()

မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ဘဏ်များ၏ ရုံးချုပ် များနှင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြား ဘဏ်များ၏ ပင်မရုံးခွဲကိုသာ ငွေထုတ်ချေးခြင်း၊

()

မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်များ၏ ပြည်ပရှိ ဘဏ်ခွဲများ၊ ရုံးခွဲများအား ငွေကြေးနှင့် အခြားလိုအပ်သော အကူအညီများ ပေးရန်အစီအစဉ်များကို အခြားသော ဗဟိုဘဏ်များနှင့် ညှိနှိုင်းဆောင် ရွက်ခြင်း။

၈၆။ဘဏ်များက ငွေကြေးလွယ်ကူမှု တိုးတက်ကောင်းမွန်စေရေးအတွက် ငွေရေးကြေးရေး အကူအညီတောင်းခံလာသည့်အခါ ဗဟိုဘဏ်သည် အောက်ပါအချက်များကို အခြေခံ၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အချိန်ကာလအားဖြင့် ၉၂ ရက် ထက်မပို စေဘဲ ယာယီချေးငွေများကို သင့်လျော်သော အတိုးနှုန်းဖြင့် ထုတ်ချေးနိုင်သည်

(က)

ကြွေးမြီပြန်လည် ပေးဆပ်နိုင်စွမ်းရှိပြီး ချေးငွေအတွက် လုံလောက်သော အာမခံပေးနိုင်သည့် ဘဏ်ဖြစ်ခြင်း၊

()

ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ငွေရေးကြေးရေး အကူအညီပေးရန် လိုအပ်သည့် ဘဏ်ဖြစ်ခြင်း။

၈၇။ ဗဟိုဘဏ်သည် သက်ဆိုင်ရာဘဏ်၏ ကုစားမည့်နည်းလမ်းများကို ဖော်ပြထားသော အရေးယူ ဆောင်ရွက်မည့် အစီအစဉ်အပေါ် အခြေခံစဉ်းစား၍ နောက်ထပ်သက်တမ်း တစ်ကြိမ်ကို အချိန်ကာလအားဖြင့် ၉၂ ရက် ထက်မပိုစေဘဲ ထပ်မံတိုးမြှင့်နိုင်သည်။

၈၈။ဗဟိုဘဏ်သည် အများပြည်သူအကျိုးကို သယ်ပိုးဆောင်ရွက်ရန်နှင့် အရေးပေါ် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု ယူဆပါက ချေးငွေကို နောက်ထပ်သက်တမ်း တစ်ကြိမ်မက တိုး၍ထုတ်ချေးနိုင်သည်။

၈၉။ဗဟိုဘဏ်သည် ချေးငွေရယူသည့်ဘဏ်က ကုစားသည့် အရေးယူဆောင်ရွက်မှု နည်းလမ်းများကို အကောင်အထည် ဖော်ခြင်း မရှိကြောင်း သို့မဟုတ် ယင်းအရေးယူ ဆောင်ရွက်မှုများသည် ရည်မှန်းသည့်အတိုင်း အောင်မြင်မှု မရရှိကြောင်း စိစစ်တွေ့ရှိပါက ယင်းဘဏ်အား သတ်မှတ်ချက်များနှင့်အညီ အရေးယူရမည်။

အခန်း(၁၄)

အစိုးရအဖွဲ့၏ ငွေရေးကြေးရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

၉ဝ။ဗဟိုဘဏ်သည် အစိုးရအဖွဲ့၏ အပ်ငွေများကိုလက်ခံပြီး အစိုးရအဖွဲ့၏ ကိုယ်စား ယင်းငွေစာရင်းများမှ ငွေပေးချေမှုများ ပြုလုပ် ပေးရမည်။ ထို့ပြင် ယင်းလုပ်ငန်းကို အခြား ဘဏ်တစ်ခုကို လွှဲအပ်နိုင်သည်။

၉၁။ ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အစိုးရအဖွဲ့သို့ ချေးငွေ ထုတ်ချေးနိုင်သည်။ ထိုသို့ထုတ်ချေးရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်

(က)

ချေးငွေအတွက် စည်းကမ်းချက်များကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ အခါအားလျော်စွာ ညှိနှိုင်းသတ်မှတ်ရမည်။

()

ချေးငွေများကို အတိုးပေးသော လွှဲပြောင်းနိုင်ခွင့်ရှိသည့် အများဆုံး သက်တမ်း ၉၂ ရက်သာရှိသော အစိုးရငွေချေး သက်သေခံ လက်မှတ်များ ဖြင့် ဝန်ကြီးဌာနက အာမခံရမည်။

၉၂။ ဗဟိုဘဏ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် အများပြည်သူ လက်ဝယ်ရှိ အစိုးရငွေချေး သက်သေခံလက်မှတ်များကို ဝယ်ယူခြင်းနှင့် ရောင်းချခြင်း ပြုလုပ်နိုင်သည်။

၉၃။ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ နိုင်ငံတော်သို့ ထုတ်ချေးထားသော ချေးငွေလက်ကျန်အားလုံးကို အတိုးပေးသော လွှဲပြောင်းနိုင်သည့် အစိုးရငွေချေး သက်သေခံ လက်မှတ်များဖြင့် အစိုးရအဖွဲ့က ဗဟိုဘဏ်သို့ လွှဲပြောင်းပေးရမည်။ အဆိုပါ လွှဲပြောင်းပေးသည့် အစိုးရငွေချေးသက်သေခံလက်မှတ်များ ပြန်လည်ရွေးနုတ်ရန် အစီအစဉ်ကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ ညှိနှိုင်းဆောင်ရွက်ရမည်။

၉၄။ဗဟိုဘဏ်သည် လေ့လာသုံးသပ်ရန်လိုအပ်သော ငွေရေးကြေးရေးနှင့် စီးပွားရေး ဆိုင်ရာစာရင်းအင်း၊ သတင်းအချက်အလက် များနှင့် စာရွက်စာတမ်းများကို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှ တောင်းခံရယူခွင့်ရှိသည်။ ဗဟိုဘဏ်သည် အစိုးရအဖွဲ့၏ တောင်းခံချက်အရဖြစ်စေ၊ မိမိသဘောအလျောက်ဖြစ်စေ မိမိ၏ လေ့လာသုံးသပ်ချက် များကို အစိုးရအဖွဲ့ထံ တင်ပြအစီရင်ခံရမည်။

၉၅။ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အများပြည်သူသို့ ရောင်းချမည့် အစိုးရအဖွဲ့၏ ကြွေးမြီဆိုင်ရာ စာချုပ် စာတမ်းများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့ထံ အကြံပေးရမည်။

အခန်း (၁၅)

စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူခြင်း

၉၆။ဗဟိုဘဏ်သည် ပုဒ်မ ၄၉ နှင့် ပုဒ်မ ၅၀ တို့အရ သတ်မှတ်ပေးသည့် အချိုးနှင့်အညီ လိုအပ်သော သီးသန့်ငွေထားရှိရန် ပျက်ကွက် သည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုထံမှ ယင်း၏ လိုအပ်သော သီးသန့်ငွေပြည့်မီစေရန် လျော့နည်းသည့် ငွေပမာဏအပေါ်တွင် ဒဏ်ကြေးသတ်မှတ်၍ တောင်းခံရယူနိုင်သည်။

၉၇။ဗဟိုဘဏ်က သတ်မှတ်သည့် ငွေရေးကြေးရေးအချိုးများကို လိုက်နာရန်ပျက်ကွက် သောမည်သည့် ပုဂ္ဂိုလ် သို့မဟုတ် ငွေရေး ကြေးရေးအဖွဲ့အစည်းမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ လည်းကောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် စပ်လျဉ်းသည့် ဥပဒေများအရလည်းကောင်း စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များ ကျခံစေရမည်။

၉၈။ ပုဒ်မ ၉၆ အရ ဗဟိုဘဏ်၏ အရေးယူဆောင်ရွက်မှု တစ်ခုခုသည် အမျိုးတူ ငွေရေးကြေးရေး အဖွဲ့အစည်းအားလုံးကို ခွဲခြားခြင်း မပြုဘဲ တစ်ပြေးညီဖြစ်စေရမည်။ ထို့ပြင် အရေးယူဆောင်ရွက်မှုသည် နောက်ကြောင်းပြန် အကျိုးသက်ရောက်ခြင်း မရှိစေရ။

အခန်း (၁၆)

တားမြစ်ချက်များ

၉၉။ မည်သူမျှ ဗဟိုဘဏ်၏ ခွင့်ပြုချက်မရရှိဘဲ အောက်ပါတို့ကို မပြုလုပ်ရ

(က)

ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးတစ်ခုခုကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်ခြင်း၊

()

ငွေစက္ကူကိုဖြစ်စေ၊ ဒင်္ဂါးကိုဖြစ်စေ အကျိုးအမြတ်ရယူလိုခြင်းငှာ ရောင်းဝယ် ဖောက်ကားခြင်း။

၁ဝဝ။ ဗဟိုဘဏ်၏ မည်သည့် ဒါရိုက်တာအဖွဲ့ဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်မျှ မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှ သိရှိလာသည့် ပုဂ္ဂိုလ် တစ်ဦးဦးသည် မည်သူ မည်ဝါဖြစ်ကြောင်းကိုသော်လည်းကောင်း၊ ယင်းပုဂ္ဂိုလ်၏ ငွေအပေးအယူပြုလုပ်မှုများ၊ ဝင်ငွေပမာဏ၊ ဝင်ငွေရလမ်း၊ အမြတ်များ၊ အရှုံးများ၊ အသုံးစရိတ်များနှင့် စပ်ဆိုင်သည့် သတင်းအချက်အလက် များကို သော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြု ချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်း မပြုလုပ်ရ။

၁ဝ၁။ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုလုပ်ရ။

၁ဝ၂။ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း မပြုလုပ်ရ။

အခန်း (၁၇)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၁ဝ၃။ မည်သူမဆို ပုဒ်မ ၉၉ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက် မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၁ဝ၄။ ဗဟိုဘဏ်၏ မည်သည့် ဒါရိုက်တာအဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်မဆို ပုဒ်မ ၁ဝဝ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁ဝ၅။ မည်သူမဆို ပုဒ်မ ၁ဝ၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁ဝ၆။ မည်သူမဆို ပုဒ်မ ၁ဝ၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် ၂ဝ အထိ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၁ဝ၇။ မည်သူမဆို ဤဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို အားပေးကူညီလျှင် ဖြစ်စေ၊ ကျူးလွန်ရန်အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရန် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ ယင်းပြစ်မှု အတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။

အခန်း(၁၈)

အထွေထွေ

၁ဝ၈။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ်ဖြစ်ပြီး ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများသည် ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်များဖြစ်သည်ဟု မှတ်ယူရမည်။၁ဝ၉။ ဤဥပဒေပါပြစ်မှုများအနက် ပုဒ်မ ၁ဝ၃ နှင့် ပုဒ်မ ၁ဝ၄ တို့ကို ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၁၁ဝ။ ပုဒ်မ ၁ဝ၃ သို့မဟုတ် ပုဒ်မ ၁ဝ၄ အရ တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက် ရယူရမည်။

၁၁၁။ ဤဥပဒေပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက ဤဥပဒေအရသာ အရေးယူ ရမည်။

၁၁၂။တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သို့ ပေးရန်ရှိသည့် ကြွေးမြီများကို နိုင်ငံတော်က ရရန်ပိုင်ခွင့်များမှတစ်ပါး အခြားရရန် ပိုင်ခွင့်အားလုံးထက် ဦးစားပေးရမည်။

၁၁၃။ ဗဟိုဘဏ်ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၁၁၄။ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အပိုဒ် ၁၄၉သည် ဗဟိုဘဏ်က တရားစွဲဆိုသည့် အမှုအားလုံးနှင့် သက်ဆိုင် စေရမည်။

၁၁၅။ ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၅/၉ဝ)အရ တည်ထောင်ထားသော မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ပိုင်ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကိုလည်းကောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ပြီး လုပ်ငန်း များကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို လည်းကောင်း အသီးသီး ဆက်ခံရမည်။

၁၁၆။ဗဟိုဘဏ်သည် ဤဥပဒေပါ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ လက်တွေ့ဆောင်ရွက်နိုင်ရန် အခက်အခဲရှိပါက လွယ်ကူ ချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန်နှင့် လိုအပ်သော ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် နိုင်ငံတော်သမ္မတက အသွင်ကူးပြောင်းရေးကာလတစ်ရပ်ကို ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှ အများဆုံးတစ်နှစ်အထိ သတ်မှတ်၍ ခွင့်ပြုနိုင်သည်။ ယင်းကာလ၌ ဗဟိုဘဏ် သည် မိမိ၏ မူလလုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဆက်လက်ဆောင်ရွက် နိုင်သည်။

၁၁၇။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၅/၉ဝ)အရ တည်ထောင် ထားသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြုလုပ်ခဲ့သည့် သို့မဟုတ် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်များသည် ဤဥပဒေအရ ဆက်ခံသည့် ဗဟိုဘဏ်ကချုပ်ဆိုသည့် သဘောတူစာချုပ်များ ဖြစ်သည်ဟု မှတ်ယူရမည်။

၁၁၈။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁၅/၉ဝ) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ ယင်း ဥပဒေကို ရုတ်သိမ်းလိုက်သော်လည်း ယင်း ဥပဒေအရ တည်ထောင်ထားရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့သည် ဤဥပဒေအရ ဆက်ခံမည့် ဒါရိုက်တာအဖွဲ့အား တာဝန် ဝတ္တရားများ လွှဲအပ်ပေးသည့်နေ့အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိစေရမည်။

၁၁၉။ရုပ်သိမ်းလိုက်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁၅/၉ဝ)အရဖြစ်စေ၊ အခြားလုပ်ပိုင်ခွင့် တစ်ခုခု အရဖြစ်စေ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၁၂ဝ။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဤဥပဒေ အရပေးအပ်သောတာဝန်ကို သဘောရိုးဖြင့် ဆောင်ရွက်သူကို ပြစ်မှုကြောင်းအရသော် လည်းကောင်း၊ တရားမကြောင်း အရသော်လည်းကောင်း အရေးယူခြင်းမပြုရ။

၁၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဗဟိုဘဏ် သည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။