ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ဝ )

၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ရက်

(၂ဝ၁၃ခုနှစ်၊ မတ်လ ၂၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

 

၂။ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၄တွင် ဒုတိယပိုဒ်နှင့် တတိယပိုဒ်တို့၌ ပါရှိသော “one hundred kyats” ဆိုသည့် စကားရပ်ကို “one hundred thousand kyats ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

၃။

 

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၇တွင်

(က)

ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်()တွင်ပါရှိသော “Government of India or ” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

()

ပုဒ်မခွဲ(က)ပုဒ်မခွဲငယ် () တွင် ပါရှိသော “The Government of the Union of Burma” ဆိုသည့်စကားရပ်ကို “The Government of the Republic of the Union of Myanmar” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

()

ပုဒ်မခွဲ ()တွင် ပါရှိသော “The High Court” ဆိုသည့် စကားရပ်ကို “The High Court of the Region or the High Court of the State” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

၄။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ() တွင် ပါရှိသော “in any of the following towns, namely, the towns of Yangon, Mawlamyine, Pathein and Sittwe, and in any other town which the president of the Union may,by notification in the Gazette, specify in this behalf,” ဆိုသည့် စကားရပ်ကို ပယ်ဖျက် ရမည်။

 

၅။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၉ တွင်ပါရှိသော “one hundred kyats” ဆိုသည့် စကားရပ်ကို one hundred thousand kyats” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

၆။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၆၉ ပုဒ်မခွဲ() ပုဒ်မခွဲငယ် ()တွင် ပါရှိသော “Situate within the towns of Yangon, Mawlamyine, Pathein, Sittwe or in any other town or area which the president of the Union may, by notification in the Gazette, specify in this behalf” ဆိုသည့် စကားရပ်အစား ”Situated in any town of the Republic of the Union of Myanmar ဆိုသည့် စကားရပ်ကို အစားထိုးရမည်။

 

၇။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁ဝ၄ တွင် ပါရှိသော “the High Court” ဆိုသည့် စကားရပ်ကို “the Supreme Court of the Union” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။