တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊

စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆။)

၁၃၇၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်

(၂ဝ၁၃ ခုနှစ်၊ မတ်လ ၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင် စေရမည်။

၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေပုဒ်မ၂၊ ပုဒ်မခွဲ(ခ)တွင် ပါရှိသော ”တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး”ဆိုသည့် စကားရပ်ကို ပယ်ဖျက်ပြီး ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး”ဆိုသည့် စကားရပ်၏ နောက်၌ ”တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး”ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၄ တွင်-

(က)

ပုဒ်မခွဲ(ဂ)၏နောက်၌ ပုဒ်မခွဲ(ဃ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

 

”(ဃ)တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊”

(ခ )

ပုဒ်မ(ဃ)နှင့်(င)တို့ကို ပုဒ်မခွဲ(င)နှင့်(စ)တို့အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။

၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေတွင် ပုဒ်မ ၅၌ ပါရှိသော ”တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့်”ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတွင် ပုဒ်မ ၁၆ ၌ ပါရှိသော ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး”ဆိုသည့် စကားရပ်၏ နောက်တွင် ”တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတွင် ပုဒ်မ၁၇ ကို ပယ်ဖျက်ရမည်။

၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတွင် ပါရှိသော ပုဒ်မ ၁၈၊ ၁၉၊ ၂ဝ၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄နှင့် ၂၅တို့ကို ပုဒ်မ ၁၇၊ ၁၈၊ ၁၉၊ ၂ဝ၊ ၂၁၊ ၂၂၊ ၂၃နှင့် ၂၄တို့ဖြင့် ပြောင်းလဲအမှတ်စဉ်ရမည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ် လက်မှတ်ရေးထိုးသည်။

 

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။