၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ ။)

၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်

(၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၉ ရက်)

နိဒါန်း

နိုင်ငံတော်တွင် စိုက်ပျိုးရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီးခေတ်မီစက်မှု နိုင်ငံထူထောင်ရေးနှင့် ကဏ္ဍစုံဘက်စုံဖွံ့ ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု တစ်ရပ်လုံး ရရှိခံစားနိုင်မည့် လူမှုစီးပွားရေးနယ်ပယ် အသီးသီး ဖွံ့ ဖြိုးတိုးတက်ရေး၊ စာရင်းအင်း ကိန်းဂဏန်းများ တိကျမှန်ကန်ရေး စသည့် စီးပွားရေး မူဝါဒလေးရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ဆင်းရဲချမ်းသာကွာဟမှု လျော့နည်းရေး၊ ပြည်သူလူထု၏ လူနေမှု အဆင့်အတန်းမြင့်မား တိုးတက်ရေး၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရေး စသည့် လူမှုစီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး မျှော်မှန်းချက်များကို ဖော်ပြပါ စီးပွားရေး မူဝါဒများနှင့်အညီ အကောင်အထည် ဖော်နိုင်ရန် အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။

( ခ ) ဤဥပဒေသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ၂ဝ၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ

စတင်အာဏာ တည်စေရမည်။

၂။ ဤဥပဒေသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံကိန်း၏

တတိယနှစ် အတွက် အမျိုးသား စီမံကိန်းဥပဒေဖြစ်သည်။

၃။ ဤဥပဒေတွင်ပါရှိသော တစ်ဖက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်

စေရမည်-

(က) အမျိုးသားစီမံကိန်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေး တစ်ရပ်လုံးအတွက် ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည်ဆိုသည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ရည်မှန်းချက်များနှင့် လုပ်ငန်း အစီအစဉ်များဖြစ်သည်။ ယင်း စီမံကိန်းများ၌ အနှစ် ၃ဝ နှစ်ရှည်စီမံကိန်း၊ ငါးနှစ် ကာလတို စီမံကိန်းနှင့် ယင်းစီမံကိန်းများကို နှစ်စဉ်အကောင်အထည်ဖော်မည့် နှစ်စဉ်စီမံကိန်းများ ပါရှိသည်။ ယင်း အမျိုးသားစီမံကိန်းများ၌ ကာလအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြု ရေးဆွဲချမှတ်သော လူ့စွမ်းအားအရငး် အမြစ် ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်း၊ လုပ်ငန်း စီမံကိန်းများ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များနှင့် မြို့ပြစီမံကိန်းများ၊ စက်မှုဖွံ့ ဖြိုး တိုးတက်ရေးစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ ဖြိုးရေးစီမံကိန်း၊ ကျေးလက်ဒေသ ဖွံ့ ဖြိုးရေး စီမံကိန်း၊ နယ်စပ်ဒေသဖွံ့ ဖြိုးရေး စီမံကိန်း စသည့် စမီ ံကိန်းများ ဘက်စုံဆက်စပ် အကျုံးဝင်သည်ဟု မှတ်ယူရမည်။

( ခ ) စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေး တစ်ရပ်လုံး အတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့မည်မျှ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက်များ ဖြစ်သည်။

( ဂ ) ပုမံ ှန်ဈေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။

(ဃ) နှစ်အလိုက်ဈေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဖြစ်ပေါ်သော

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။

(င) သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများ ဆိုသည်မှာ အမျိုးသားစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်သည့် သက်ဆိုင်ရာ ဗဟိုအဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေး အဖွဲ့များကို ဆိုသည်။

အခန်း(၂)

စီမံကိန်းရည်မှန်းချက်များ

၄။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် စီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ပုံမှန်ဈေးနှုန်းအရ ၈ . ၉ ရာခိုင်နှုန်း တိုးတက်ရန်၊

( ခ ) ပုံမှန်ဈေးနှုန်းအရ-

(၁) လယ်ယာကဏ္ဍတွင် ၂ . ၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(၂) သားငါးကဏ္ဍတွင် ၆ . ၇ ရာခိုင်နှုန်းတိုးတက်ရန်၊

(၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်လျက် ရှိသဖြင့် သစ်တော ကဏ္ဍတွင် ယခင်နှစ်ဖြင့် နှိုင်းယှဉ်ပါက ၆ .၁ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊

(၄) စွမ်းအင်ကဏ္ဍတွင် ၅ . ၅ ရာခိုင်နှုန်း တိုးတက်ရန်၊

(၅) သတ္တုနှင့်တွင်းထွက်ပစ္စည်း ကဏ္ဍတွင် ၂၄ . ၆ ရာခိုင်နှုန်း တိုးတက်ရန်၊

(၆) စက်မှုလက်မှုကဏ္ဍတွင် ၁ဝ . ၉ ရာခိုင်နှုန်း တိုးတက်ရန်၊

(၇) လျှပ်စစ်ဓာတ်အား ကဏ္ဍတွင် ၁၃ . ၈ ရာခိုင်နှုန်း တိုးတက်ရန်၊

(၈) ဆောက်လုပ်မှုကဏ္ဍတွင် ၂၂ . ၇ ရာခိုင်နှုန်း တိုးတက်ရန်၊

(၉) ပို့ဆောင်ရေးကဏ္ဍတွင် ၅ .၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁ဝ) ဆက်သွယ်ရေးကဏ္ဍတွင် ၅၇ . ၂ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၉၂ . ၇ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတွင် ၂၇ .၈ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၃) ငှားရမ်းခနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ၁၅ . ၇ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၆ . ၆ ရာခိုင်နှုန်း တိုးတက်ရန်၊

( ဂ ) တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးတွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၃ . ၆ ရာခိုင်နှုန်းမှ ၃၁ .၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကု ိ ၂၇. ၆ ရာခိုင်နှုန်းမှ ၂၈.၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဝန်ဆောင်မှု ကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၈.၈ ရာခိုင်နှုန်းမှ ၃၉.၄ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီး ဖြစ်ပေါ်စေရန်၊

(ဃ) နှစ်အလိုက် စျေးနှုန်းအရ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံပိုင်အခန်းမှ အချိုးအစားအားဖြင့် ၂၅.၅ ရာခိုင်နှုန်း၊ သမဝါယမပိုင်အခန်းမှ အချိုးအစားအားဖြင့် ဝ.ဝ၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင် အခန်းမှ အချိုးအစား အားဖြင့် ၇၄.၅ ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြှုပ်နှံရန်၊

(င) နှစ်အလိုက် ဈေးနှုန်းအရ ပြည်တွင်းထွက်ကုန်ပစ္စည်းများ၏ ပြည်ပ ပို့ကုန်ကို ကျပ် ၁ဝ၅၄ဝ.၈ ဘီလီယံတင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ကျပ် ၁၁၇၃ဝ.၂ ဘီလီယံ တင်သွင်းရန်၊

(စ) လူတစ်ဦးစီ၏ ပျမ်းမျှ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (Per capita GPD) မှာ ကျပ် ၈၃၉၇၉၉ မှ ကျပ် ၉၆၂၂၄ဝ သို့ဖြစ်ပေါ် လာစေရန်။

အခန်း(၃)

အထွေထွေ

၅။ သက်ဆိုင်ရာဌာနနှင့် အဖဲ့အွ စည်းများသည် ပူးတဲ(ွ ၁)၊(၂)၊(၃)၊(၄)၊(၅) နှင့်(၆) တို့တွင် ဖော်ပြ ထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖဲ့စွ ည်း အကောင်အထည် ဖော်ကြရန် ဖြစ်သည်။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအလိုက်၊ ဒေသအလိုက် လိုအပ်သော လုပ်ငန်း အစီအစဉ်များနှင့် ညွှန်ကြားချက်များကို အသေးစိတ် ရေးဆွဲဆောင်ရွက်နိုင်သည်။

၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် အကျိုးစီးပွား ဖြစ်ထွန်းမှုမရှိသော စီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

၇။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီးပွားရေးစီမံကိန်းများကို ဆောင်ရွက်ရာတွင် လက်ငင်းရေတိုအတွက် အကျိုးဖြစ်ထွန်းစေသော စီမံကိန်းများကို ဦးစားပေးရမည်။ ထို့ပြင် ရေရှည် အကျိုးရှိသော စီမံကိန်းများကိုလည်း မျှတစွာ ထည့သ် ွင်းစီမံ ဆောင်ရွက်ရမည်။

၈။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လက်ငင်း ၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေသော နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကုလိ ည်း အလေးထားဆောင်ရွက်ရမည်။

၉။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် စီမံကိန်းများတင်ပြ ဆောင်ရွက်ရာတွင် သတ်မှတ် ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာလျှင် ဆောင်ရွက် ရမည်။

၁ဝ။ အမျိုးသားစီမံကိန်းအတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်းများနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ကို အထောက်အကူ ပြုသော စီမံကိန်းများ ပါဝင်ရမည်။

၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေး လုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်း ရေးဆွဲရမည်။

၁၂။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်းရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ မရှိ၊ ပြည်သူများအတွက် အကျိုးရှိ မရှိ၊ ဒေသဖွံ့ ဖြိုးရေးကို အထောက်အကူပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုှရှိ မရှိ၊ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက် ရရှိထားပြီးသော လုပ်ငန်း စီမံကိန်းများ ဖြစ်ရမည်။

၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပါရှိသည့် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင်ပါရှိသော ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။