၁၉၆၄ခုနှစ်၊ မြန်မာနိုင်ငံကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေကို

ရုပ်သိမ်းသည့် ဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။)

၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်

(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

၁။ ဤဥပဒေကို ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကော်ပိုရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ၁၉၆၄ခုနှစ်၊ မြန်မာနိုင်ငံကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ (၁၉၆၄ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ ဥပဒေအမှတ် ၂။) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။