မျက်စိလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၅။)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မျက်စိလှူဒါန်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင် စေရမည်။

၂။ မျက်စိလှူဒါန်းခြင်းဆိုင်ရာဥပဒေတွင်-

(က)

ပုဒ်မ ၁၅၊ ပုဒ်မခွဲ(ဂ)တွင် ပါရှိသော ”မျက်စိဆေးရုံ”ဆိုသည့် စကားရပ်ကို ”ကျန်းမာရေးဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ)

ပုဒ်မ ၁၅၊ ပုဒ်မခွဲ(ဃ)တွင် ပါရှိသော ”မျက်စိထုတ်ယူရေးဆိုင်ရာ သင်တန်း” ဆိုသည့် စကားရပ်ကို ”မျက်စိဘဏ်ကျွမ်းကျင်သူသင်တန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဂ)

ပုဒ်မ ၁၆၊ ပုဒ်မခွဲ(င)တွင် ပါရှိသော ”မျက်ကြည်လွှာ”ဆိုသည့် စကားရပ်ကို ”မျက်စိ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။