အဆိပ်များအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅။)

အဆိပ်များအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅။)
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်
(၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အဆိပ်များအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ အဆိပ်များအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၂) တွင် ပါရှိသော“ With fine which may extend to one Thousand kyats,” ဆိုသည့် စကားရပ်ကို “With fine which may extend to five hundred thousand kyats,” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ အဆိပ်များအက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) တွင်-
(က)
   ပုဒ်မခွဲငယ်(၁)၌ ပါရှိသော “With fine which may extend to five hundred kyats,” ဆိုသည့် စကားရပ်ကို “With fine which may extend to three hundred thousand kyats,” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ခ)
   ပုဒ်မခွဲငယ် (၂)၌ ပါရှိသော “With fine which may extend to one thousand kyats,” ဆိုသည့် စကားရပ်ကို “With fine which may extend to five hundred thousand kyats,” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်     ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။