ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေ

(၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၅ ။)

၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်

( ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။
ဤဥပဒေကို  ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။
ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် –

(က)
နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ)
ကော်မရှင် ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ဥပဒေဘာသာပြန် ကော်မရှင်ကို ဆိုသည်။
(ဂ)
လုပ်ငန်းကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ဥပဒေဘာသာ ပြန်လုပ်ငန်း ကော်မတီကို ဆိုသည်။
(ဃ)
ဘာသာပြန််လုပ်ငန်း ဆိုသည်မှာ အင်္ဂလိပ်ဘာသာဖြင့်  ပြဋ္ဌာန်းထားသော တည်ဆဲ ဥပဒေကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုခြင်းကို ဆိုသည်။
(င)
ဝေါဟာရ ဆိုသည်မှာ ဥပဒေတစ်ရပ်ရပ်တွင် ပါရှိသော စကားရပ်သို့မဟုတ် စကားစု တစ်ခုခုကို ဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်

၃။
ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်း ထားသော တည်ဆဲဥပဒေအားလုံးကို မြန်မာဘာသာသို့ ပြန်ဆိုရန်၊
(ခ)
အချို့သော ဥပဒေဝေါဟာရများအတွက် အဓိပ္ပာယ်တူညီသော မြန်မာဝေါဟာရ များ ပြန်ဆိုထားရှိရန်။

အခန်း (၃)
ကော်မရှင်ဖွဲ့စည်းခြင်း

၄။
နိုင်ငံတော်သမ္မတသည် ကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(က)
ပြည်ထောင်စုရှေ့နေချုပ်၊
ဥက္ကဋ္ဌ

(ခ)
ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းပေးသူနှစ်ဦး၊
အဖွဲ့ဝင်

(ဂ)
ပြည်ထောင်စုရှေ့နေချုပ်က  အမည်စာရင်းပေးသူနှစ်ဦး၊
အဖွဲ့ဝင်

(ဃ)
တရားလွှတ်တော်ရှေ့နေလုပ်သက် တစ်ဆယ်နှစ်နှင့်အထက်ရှိသူသုံးဦး၊
အဖွဲ့ဝင်

(င)
တက္ကသိုလ်၊ကောလိပ် အင်္ဂလိပ်စာဌာနများမှ တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ်းစား ပါမောက္ခ၊ ကထိကသုံးဦး၊
အဖွဲ့ဝင်

(စ)
တက္ကသိုလ်၊ ကောလိပ် ဥပဒေ ပညာ ဌာနများမှ တာဝန် ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ််းစားပါမောက္ခ၊ ကထိကသုံးဦး၊
အဖွဲ့ဝင်

(ဆ)
မြန်မာစာဌာနမှ အငြိမ်းစား ပါမောက္ခနှစ်ဦး၊ အဖွဲ့ဝင်
အဖွဲ့ဝင်

(ဇ)
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုရှေ့နေချုပ််ရုံး၊
အတွင်းရေးမှူး

(ဈ)
ညွှန်ကြားရေးမှူး၊
ပြည်ထောင်စုရှေ့နေချုပ်ရုံး။
တွဲဖက်အတွင်းရေးမှူး

၅။
ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်သမ္မတ က ပုဒ်မ ၄အရ ကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် အမည်စာရင်းကို ပြုစုတင်ပြရမည်။

၆။
နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄ပါ ပြဋ္ဌာန်းချက်နှင့်အညီ ကော်မရှင်ကို အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၇။
နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်း မဟုတ်သူ ကော်မရှင်အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေနှင့်စရိတ်များကို သတ်မှတ်ပေးရမည်။

၈။
နိုင်ငံတော်သမ္မတသည် ကော်မရှင်၏ သက်တမ်းကို သတ်မှတ်ပေးရမည်။ လိုအပ်ပါက ယင်းသက်တမ်းကို တိုးမြှင့်သတ်မှတ်နိုင်သည်။

အခန်း (၄)
ကော်မရှင်၏ လုပ်ငန်းတာဝန်များ

၉။
ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က)
အင်္ဂလိပ်ဘာသာဖြင့်် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန််ဆိုခြင်းနှင့် အတည်ပြုခြင်း၊

(ခ)
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများ အနက် မြန််မာဘာသာ ပြန််ဥပဒေနှင့် ဥပဒေဝေါဟာရ အက်ဥပဒေတို့အရ ဖွဲ့စည်းသော မြန်မာဘာသာပြန် ဥပဒေနှင့့်် ဥပဒေဝေါဟာရ အကြံပေး ကော်မတီက ဘာသာပြန်ဆိုထားသည့် မြန်မာဘာသာ ပြန်ဆိုချက်များကို စိစစ်အတည်ပြုခြင်း၊

(ဂ)
ဘာသာပြန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်များ သတ်မှတ်ခြင်း၊

(ဃ)
ဘာသာပြန်လုပ်ငန်းများ ထိရောက်အောင်မြင််စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ ဖွဲ့စည်းခြင်း၊

(င)
မြန်မာဘာသာ ပြန်ဆိုမည့် ဥပဒေနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို လိုအပ်ပါက ဖိတ်ကြားဆွေးနွေးခြင်း၊

( စ)
ဘာသာပြန်လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်ပါက ပုဂ္ဂလိက ကျွမ်းကျင် သူများ၏ အကူအညီရယူ ဆောင်ရွက်ခြင်းနှင့် ချီးမြှင့်ငွေ သတ်မှတ် ပေးအပ်ခြင်း၊

(ဆ)
မြန်မာဘာသာပြန််ဆိုမည့်ဥပဒေတွင် ပြင်ဆင်ချက်များရှိလျှင် ယင်းပြင်ဆင် ချက်များ ပြည့်စုံစွာ ပါရှိစေရေးအတွက် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ကို  ပူးပေါင်းဆောင်ရွက်စေခြင််း၊

(ဇ)
မြန်မာဘာသာပြန်ဆိုထားသော ဥပဒေများ၏ ဘာသာပြန် စာမူများကို မှတ်တမ်းအဖြစ် ထိန်းသိမ်းခြင်းနှင့် တည်ဆဲဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရန် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ပေးပို့ခြင်း၊

(ဈ)
လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များအား လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း။

၁၀။
ကော်မရှင်သည် ဘာသာပြန််လုပ်ငန်းကို ထိရောက်စွာဆောင်ရွက်နိုင်ရန်-

(က)
ကော်မရှင်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် ကော်မရှင် အဖွဲ့ဝင် တစ်ဦးဦး ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ငါးဦးနှင့် ကော်မရှင် အတွင်းရေးမှူးတို့ပါ ဝင်သော ဥပဒေဘာသာပြန် လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။

(ခ)
ကော်မရှင်အဖွဲ့ဝင်တစ်ဦး ဦးဆောင်၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သော လုပ်ငန်းအဖွဲ့ငယ်များကို ဖွဲ့စည်း၍လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၁၁။
လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို ယင်းတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအမျိုးအစားအလိုက် ခွဲခြား၍ မြန်မာဘာသာပြန်ဆိုရန် လုပ်ငန်း အဖွဲ့ငယ်များအား တာဝန်ပေးအပ်ခြင်း၊

(ခ)
လုပ်ငန်းအဖွဲ့ငယ်များက မြန်မာဘာသာပြန်ဆိုတင်ပြသည့် ဥပဒေများကို စိစစ်၍ ကော်မရှင်သို့ တင်ပြခြင်း၊

( ဂ)
မြန်မာဘာသာပြန်ဆိုမည့် ဥပဒေနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံညှိနှိုင်းရန် လိုအပ်ကြောင်း လုပ်ငန်းအဖွဲ့ငယ်များက တင်ပြလာလျှင် ကော်မရှင်သို့ တင်ပြဆောင်ရွက်ခြင်း၊

(ဃ)
ဘာသာပြန်လုပ်ငန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များကို ကော်မရှင်သို့ တင်ပြခြင်း၊

(င)
ဘာသာပြန်လုပ်ငန်းနှင့် စပ်လျဉ်း၍ အခြားတာဝန်များ ဆောင်ရွက်ခြင်း။

အခန်း (၅)
ဥပဒေဘာသာပြန် အမိန့်ထုတ်ပြန်ခြင်း

၁၂။
ကော်မရှင်သည် မိမိအတည်ပြုသော မြန်မာဘာသာ ပြန်ဆိုထားသည့် ဥပဒေသည် မူလစာမူနှင့်အလားတူ အာဏာတည်ရမည်ဟု အမိန့်ဖြင့် ထုတ်ပြန််ကြေညာရမည်။

၁၃။
ကော်မရှင်သည် သင့်လျော်သည်ဟု ယူဆလျှင် ထူးခြားသော ဥပဒေဆိုင်ရာ အင်္ဂလိပ်ဝေါဟာရနှင့် ယှဉ်တွဲဖော်ပြထားသည့် မြန်မာဘာသာ ဝေါဟာရသည် အဓိပ္ပါယ် တူညီသည်ဟု ထုတ်ပြန်ကြေညာနိုင်သည်။

၁၄။
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန််းထားသော တည်ဆဲဥပဒေများနှင့် စပ်လျဉ်း၍ ကော်မရှင် ကလည်းကောင်း၊ မြန််မာဘာသာပြန်ဥပဒေနှင့် ဥပဒေဝေါဟာရ အက်ဥပဒေအရ ဖွဲ့စည်းခဲ့သော မြန်မာဘာသာပြန်ဥပဒေနှင့် ဥပဒေဝေါဟာရ အကြံပေး ကော်မတီကလည်းကောင်း ပြန်ဆိုထားသည့် မြန်မာဘာသာပြန်ဆိုချက်များသည် နိုင်ငံတော်မူပိုင်ဖြစ်သည်။

အခန်း (၆)
အထွေထွေ

၁၅။
ပြည်ထောင်စုရှေ့နေချုပ်ရုံးသည်-

(က)
ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။

(ခ)
ကော်မရှင်လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော ရုံးအဖွဲ့ ဖွဲ့စည်းရေးနှင့် ဝန်ထမ်းများခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

(ဂ)
နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်း အဖွဲ့ငယ်များ၏ အဖွဲ့ဝင်များအတွက် သတ်မှတ်ထားသည့် ချီးမြှင့်ငွေနှင့် စရိတ်များကို မိမိဘဏ္ဍာ ရန်ပုံငွေမှ ကျခံရမည်။

(ဃ)
ပုဂ္ဂလိကကျွမ်းကျင်သူများ၏ အကူအညီရယူခြင်းအတွက် ချီးမြှင့်ငွေနှင့် စရိတ်များကို မိမိဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်။

(င)
ဥပဒေ ဘာသာပြန်ခြင်းဆိုင်ရာ အခြားကုန်ကျစရိတ်များကို မိမိဘဏ္ဍာ ရန်ပုံငွေမှ ကျခံရမည်။

၁၆။
ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဤဥပဒေအရ ကျခံသုံးစွဲရမည့် စရိတ်များအတွက် ရန်ပုံငွေရရှိရန် နှစ်စဉ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ငွေစာရင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တောင်းခံရမည်။

၁၇။
ဤဥပဒေအရ ဘာသာပြန်လုပ််ငန်းနှင့် စပ်လျဉ်း၍ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်းသည် မိမိ၏မူလတာဝန်မှအပဖြစ်သော လုပ်ငန်းတာဝန် ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် နိုင်ငံံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချီးမြှင့်ငွေ ခံစားခွင့်ရှိသည်။

၁၈။
သက်ဆိုင်ရာ အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများသည် ဤဥပဒေအရ ဆောင်ရွက် သော ဘာသာပြန်လုပ်ငန်းနှင့်စပ်လျဉ်း၍ ကော်မရှင်နှင့် လုပ်ငန်းကော်မတီတို့က ဖိတ်ကြားခြင်း၊ တာဝန်ပေးအပ်ခြင်း တို့နှင့်စပ်လျဉ်း၍ ထမ်းဆောင်ရန် တာဝန်ရှိသည်။

၁၉။
နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ငယ်များ ၏ အဖွဲ့ဝင်များသည် ဤဥပဒေပါလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်ကာလအတွင်း ရာဇာသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု မှတ်ယူရမည်။

၂ဝ။
ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက လည်းကောင်း၊ ကော်မရှင်ကလည်းကောင်း အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။