ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း
ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁။)
၁၃၇၈ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကိုဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကိုပြင်ဆင်သည့်ဥပဒေဟုခေါ်တွင်စေရမည်။

၂။ ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေ ပုဒ်မ ၄ ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“၄။ နိုင်ငံတော်သမ္မတသည်ကော်မရှင်ကိုအောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းရမည်-

(က) ပြည်ထောင်စုရှေ့နေချုပ်
ဥက္ကဋ္ဌ

(ခ) ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းပေးသော
ဥပဒေဘာသာပြန်လုပ်ငန်းကျွမ်းကျင်သူနှစ်ဦး
အဖွဲ့ဝင်

(ဂ) ပြည်ထောင်စုရှေ့နေချုပ်က အမည်စာရင်းပေးသော
ဥပဒေဘာသာပြန်လုပ်ငန်းကျွမ်းကျင်သူနှစ်ဦး
အဖွဲ့ဝင်

(ဃ) ဥပဒေဘာသာပြန်လုပ်ငန်းကျွမ်းကျင်သည့်
တရားလွှတ်တော်ရှေ့နေနှစ်ဦး
အဖွဲ့ဝင်

(င) တက္ကသိုလ်၊ ကောလိပ်အင်္ဂလိပ်စာ ဌာနများမှတာဝန်
ထမ်းဆောင်ဆဲ သို့မဟုတ်အငြိမ်းစားပါမောက္ခ၊ ကထိကနှစ်ဦး
အဖွဲ့ဝင်
(စ) တက္ကသိုလ်၊ ကောလိပ်ဥပဒေပညာဌာနများမှတာဝန်
ထမ်းဆောင်ဆဲ သို့မဟုတ်အငြိမ်းစားပါမောက္ခ၊ ကထိကနှစ်ဦး
အဖွဲ့ဝင်

(ဆ) တက္ကသိုလ်၊ ကောလိပ်မြန်မာစာဌာနများမှတာဝန်
ထမ်းဆောင်ဆဲ သို့မဟုတ်အငြိမ်းစားပါမောက္ခ၊ ကထိကနှစ်ဦး
အဖွဲ့ဝင်

(ဇ) ညွှန်ကြားရေးမှူးချုပ်
ဥပဒေများစိစစ်ရေးဦးစီးဌာန၊
ပြည်ထောင်စုရှေ့နေချုပ်ရုံး
အတွင်းရေးမှူး

(ဈ) ညွှန်ကြားရေးမှူး
ပြည်ထောင်စုရှေ့နေချုပ်ရုံး”
တွဲဖက်အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။