ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆။)

၁၃၇၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်

(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ရာဇသတ်ကြီးပုဒ်မ ၅တွင် ပါရှိသော ‘‘officers, soldiers, sailors or airmen in the service of the Government’’ဆိုသည့် စကားရပ်ကို ‘‘Defence Services Personnel’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ ရာဇသတ်ကြီးပုဒ်မ ၁၉၏ ဥပမာ (ခ) နှင့် (ဃ)၊ ပုဒ်မ ၁၁၈ ၏ဥပမာ၊ ပုဒ်မ ၁၂၄၊ ပုဒ်မ ၁၆၁ ၏ဥပမာ(က)၊ ပုဒ်မ ၁၆၅ ၏ ဥပမာ (ဂ) ၊ ပုဒ်မ ၁၇၇ ၏ဥပမာ၊ ပုဒ်မ ၁၈၂၏ ဥပမာ (က)၊ ပုဒ်မ ၁၉၃ ရှင်းလင်းချက် ၂၏ ဥပမာ၊ ပုဒ်မ ၂၂၇၊ ပုဒ်မ ၄၉၉ စတုတ္ထကင်းလွတ်ချက်၏ ရှင်းလင်းချက်၊ ပုဒ်မ ၄၉၉ အဋ္ဌမကင်းလွတ်ချက်၏ ဥပမာနှင့် နဝမကင်းလွတ်ချက်၏ ဥပမာ (ဃ) တို့တွင်ပါရှိသော ‘‘ Magistrate’’ ဆိုသည့်စကားရပ်တို့ကို ‘‘Judge’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။ ရာဇသတ်ကြီးပုဒ်မ ၂၁ ၏-

(က) ဒုတိယ၌ပါရှိသော ‘‘Military, Naval or Air Forces of the State’’ ဆိုသည့် စကားရပ်ကို‘‘Defence Services’’ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ) ပဉ္စမ၌ပါရှိသော ‘‘member of a village commitee’’ဆိုသည့်စကားရပ်ကို ‘‘administrator of ward or village-trace’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဂ) ဧကာဒသမ၊ ဥပမာ၌ပါရှိသော ‘‘A Municipal Commissioner’’ ဆိုသည့်စကားရပ်ကို ‘‘A member of Development Commitee or Body’’ဆိုသည့်စကားရပ်ဖြငအစားထိုးရမည်။

(ဃ) ဧကာဒသမ၊ ရှင်းလင်းချက် ၃၌ ပါရှိသော ‘‘Union Parliament’’ဆိုသည့် စကားရပ်ကို‘‘the respective Hluttaw’’ ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ ‘‘any municipal’’ ဆိုသည့်စကားရပ်ကို ‘‘any Development Commitee or Body’’ ဆိုသည့် စကားရပ်ဖြင့် လည်းကောင်းအစားထိုးရမည်။

၅။ ရာဇသတ်ကြီးပုဒ်မ ၄၉ တွင် ပါရှိသော ‘‘British calendar’’ ဆိုသည့်စကားရပ်ကို ‘‘Gregorian calendar’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၆။ ရာဇသတ်ကြီးပုဒ်မ ၅၃၏ ဒုတိယနှင့် ပုဒ်မ ၁၂၀-ခ၊ ပုဒ်မခွဲ

(၁)တို့တွင် ပါရှိသော ‘‘transportation’’ ဆိုသည့် စကားရပ်ကိုလည်းကောင်း၊ ပုဒ်မ ၅၀၆ ဒုတိယအပိုဒ် နှင့် ပုဒ်မ ၅၁၁ တို့တွင်ပါရှိသော ‘‘transportation or’’ ဆိုသည့်စကားရပ်တို့ကိုလည်းကောင်း ပယ်ဖျက်ရမည်။

၇။ ရာဇသတ်ကြီးပုဒ်မ ၅၅၊ ၇၅၊ ပုဒ်မ ၁၁၅ ပထမအပိုဒ်၊ ပုဒ်မ ၁၁၅ ၏ ဥပမာ၊ ပုဒ်မ ၁၁၈ ပထမအပိုဒ်၊ ပုဒ်မ ၁၁၉ စတုတ္ထအပိုဒ်၊ ပုဒ်မ ၁၂၂၊ ပုဒ်မခွဲ (၁) နှင့် ပုဒ်မခွဲ (၂)၊ ပုဒ်မ ၁၂၃၊ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၁၂၅၊ ၁၂၈၊ ၁၃၀၊ ၁၃၁၊ ၁၃၂၊ ပုဒ်မ ၁၉၃ ပထမအပိုဒ်၊ ပုဒ်မ ၁၉၅၊ ပုဒ်မ ၁၉၅ ၏ ဥပမာ၊ ပုဒ်မ ၂၀၁ တတိယအပိုဒ်၊ ပုဒ်မ ၂၁၁ ဒုတိယအပိုဒ်၊ ပုဒ်မ ၂၁၂ တတိယအပိုဒ်နှင့် ဥပမာ၊ ပုဒ်မ ၂၁၃ တတိယအပိုဒ်၊ ပုဒ်မ ၂၁၄ တတိယအပိုဒ်၊ ပုဒ်မ ၂၁၆၊ ပုဒ်မ ၂၂၁ တတိယအပိုဒ်၊ ပုဒ်မ ၂၂၂ ဒုတိယအပိုဒ်၊ ပုဒ်မ ၂၂၅ ဒုတိယအပိုဒ်နှင့် ပဉ္စမအပိုဒ်၊ ပုဒ်မ ၂၃၂၊ ၂၃၈၊ ၂၅၅၊ ပုဒ်မ ၃၀၂ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က) နှင့် ပုဒ်မခွဲ (၂)၊ ပုဒ်မ ၃၀၄၊ ၃၀၅၊ ပုဒ်မ ၃၀၇ ပထမအပိုဒ်နှင့် ဒုတိယအပိုဒ်၊ ပုဒ်မ ၃၁၁၊ ၃၁၃၊ ပုဒ်မ ၃၁၄ ဒုတိယအပိုဒ်၊ ပုဒ်မ ၃၂၆၊ ၃၂၉၊ ၃၆၄၊ ၃၇၁၊ ၃၇၆၊ ၃၇၇၊ ၃၈၈၊ ၃၈၉၊ ၃၉၄၊ ၃၉၅၊ ၃၉၆၊ ၄၀၀၊ ၄၀၉၊ ၄၁၂၊ ၄၁၃၊ ၄၃၆၊ ၄၃၈၊ ၄၄၉၊ ၄၅၀၊ ၄၅၉၊ ၄၆၀၊ ၄၆၇၊ ၄၇၂၊ ၄၇၄၊ ၄၇၅၊ ၄၇၇၊ ပုဒ်မ ၄၈၉-က၊ ပုဒ်မ ၄၈၉-ခ နှင့် ပုဒ်မ ၄၈၉-ဃ တို့တွင်ပါရှိသော ‘‘transportation for life’’ ဆိုသည့်စကားရပ်တို့ကို ‘‘imprisonment for a term of twenty years’’ ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၈။ ရာဇသတ်ကြီးပုဒ်မ ၅၇၊ ၅၈၊ ၅၉၊ ၂၂၆ နှင့် ပုဒ်မ ၂၆၃-က၊ ပုဒ်မခွဲ (၄) တို့ကို ပယ်ဖျက်ရမည်။

၉။ ရာဇသတ်ကြီးပုဒ်မ ၆၇၊ ၆၉ ၏ ဥပမာ၊ ၄၂၇ နှင့် ၄၂၉တို့တွင်ပါရှိသော ‘‘fifty kyat’’ ဆိုသည့်စကားရပ်ကို ‘‘five thousand kyats’’ ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၁၀။ ရာဇသတ်ကြီး ပုဒ်မ ၆၇၊ ပုဒ်မ ၆၉ ၏ ဥပမာ၊ ပုဒ်မ ၁၆၀ နှင့် ၄၃၅ တို့တွင် ပါရှိသော ‘‘one hundred kyats’’ ဆိုသည့် စကားရပ်ကို ‘‘ten thousand kyats’’ ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၁၁။ ရာဇသတ်ကြီးပုဒ်မ ၆၉ ၏ ဥပမာတွင် ပါရှိသော‘‘seventy-five kyats’’ ဆိုသည့် စကားရပ်ကို ‘‘seven thousand and five hundred kyats’’ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၂။ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က တွင် ပါရှိသော ‘‘with transportation for life or any shorter term, to which fine may be added, or with imprisonment which may extend to three years, to which fine may be added, or with fine’’ ဆိုသည့်စကားရပ်ကို ‘‘with imprisonment for a term of twenty years, to which fine may be added, or with imprisonment which may extend to seven years, to which fine may be added, or with fine’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ ရာဇသတ်ကြီးအခန်း ၆-က ခေါင်းစဉ်တွင် ပါရှိသော ‘‘OFFENCES RELATING TO CERTAIN PROVISIONS CONTAINED IN THE CONSTITUTION AND ACTS OF THE PARLIAMENT’’ ဆိုသည့် စကားရပ်ကို ‘‘OFFENCES RELATING TO CERTAIN PROVISIONS CONTAINED IN THE CONSTITUTION OF THE REPUBLIC OF THE UNION OF MYANMAR AND THE EXISTING LAWS’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၄။ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က တွင် ပါရှိသော ‘‘in sections 15,17,19,20, or sub-sections (2) and (3) of section 23 of the Constitution of the Union of Myanmar or in any Act enacted by the Parliament of the Union of Myanmar’’ ဆိုသည့် စကားရပ်ကို ‘‘in sub-section (b) of section 36, sections 348, 349, 350, 351, 352, 353, 354, 355, 356, 357, 358, 360, 368, 369, 370, 371, 372, 376, 380 and 381 of the Constitution of the Republic of the Union of Myanmar or in any existing laws’’ ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။

၁၅။ ရာဇသတ်ကြီး အခန်း ၇ ခေါင်းစဉ်တွင် ပါရှိသော ‘‘OF OFFENCES RELATING TO THE ARMY, NAVY AND AIR FORCE’’ ဆိုသည့်စကားရပ်ကို ‘‘OF OFFENCES RELATING TO THE DEFENCE SERVICES’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၆။ ရာဇသတ်ကြီး ပုဒ်မ ၁၃၁၊ ၁၃၂၊ ၁၃၃၊ ၁၃၄၊ ၁၃၅၊ ၁၃၆၊ ၁၃၈ နှင့် ပုဒ်မ ၅၀၅၊ ပုဒ်မခွဲ(က) တို့တွင်ပါရှိသော ‘‘an officer, soldier, sailor or airman, in the Army, Navy or Air Force’’ ဆိုသည့်စကားရပ်ကို ‘‘a member of the Defence Services’’ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၁၇။ ရာဇသတ်ကြီးပုဒ်မ ၁၃၁ နှင့် ၁၃၆ တို့တွင်ပါရှိသော ‘‘any such officer, soldier, sailor or airman’’ ဆိုသည့်စကားရပ်ကို‘‘any such member of the Defence Services’’ ဆိုသည့်စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၁၈။ ရာဇသတ်ကြီးပုဒ်မ ၁၃၇တွင်ပါရှိသော ‘‘the Army, Navy or Air Force’’ဆိုသည့်စကားရပ်ကို ‘‘the Defence Services’’ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၃၉တွင်ပါရှိသော‘‘the Myanmar Army Act, the Myanmar Naval Volunteer Reserve (Discipline) Act or the Myanmar Air Force(Discipline) Act, 1947,’’ ဆိုသည့်စကားရပ်တို့ကို ‘‘the Defence Services Act, 1959’’ ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၁၉။ ရာဇသတ်ကြီးပုဒ်မ ၁၃၇၊ ၁၄၀၊ ၁၇၁-ဇ၊ ၁၇၁-ဈ၊ ၁၇၂၊ ၁၇၃၊ ၁၇၄၊ ၁၇၅၊ ၁၇၆၊ ၁၈၀၊ ၁၈၄၊ ၁၈၆၊ ၁၈၇၊ ၂၇၇၊ ၂၇၈၊ ၂၇၉-က၊ ၃၃၄၊ ၃၃၆၊ ၃၄၁၊ ၃၅၂ နှင့် ၄၄၇ တို့တွင်ပါရှိသော ‘‘five hundred kyats’’ ဆိုသည့်စကားရပ်ကို ‘‘fifty thousand kyats’’ ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၂၀။ ရာဇသတ်ကြီးပုဒ်မ ၁၄၀ တွင် ပါရှိသော ‘‘a soldier, sailor or airman, in the Military, Naval or Air force’’ဆိုသည့်စကားရပ်နှင့်‘‘a soldier, sailor or airman’’ ဆိုသည့်စကားရပ်တို့ကို‘‘a member of the Defence Services’’ ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၂၁။ ရာဇသတ်ကြီးပုဒ်မ ၁၄၁ ၏ ပထမနှင့် ပုဒ်မ ၁၆၁ တို့တွင်ပါရှိသော ‘‘Union Parliament’’ဆိုသည့်စကားရပ်ကို ‘‘the respective Hlutaw’’ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၂၂။ ရာဇသတ်ကြီးပုဒ်မ ၁၅၄၊ ၁၇၂၊ ၁၇၃၊ ၁၇၄၊ ၁၇၅၊ ၁၇၆၊ ၁၇၇၊ ၁၇၈၊ ၁၇၉၊ ၁၈၂၊ ၁၈၃၊ ၁၈၈၊ ၂၂၈၊ ၂၇၂၊ ၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆၊ ၂၇၉၊ ၂၈၀၊ ၂၈၂၊ ၂၈၄၊ ၂၈၇၊ ၂၈၈၊ ၂၈၉၊ ပုဒ်မ ၂၉၄-က ဒုတိယအပိုဒ်နှင့် တတိယအပိုဒ်၊ ပုဒ်မ ၃၂၃၊ ၃၃၇၊ ၃၄၂၊ ၃၅၇ နှင့် ၄၄၈ တို့တွင်ပါရှိသော ‘‘one thousand kyats’’ဆိုသည့် စကားရပ်တို့ကို ‘‘one hundred thousand kyats’’ ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၂၃။ ရာဇသတ်ကြီးပုဒ်မ ၁၇၁၊ ၁၈၅၊ ၁၈၇၊ ၁၈၈၊ ပုဒ်မ ၂၆၃-က၊ ပုဒ်မခွဲ(၁)၊ ပုဒ်မခွဲငယ် (ဂဂ)၊ ပုဒ်မ ၂၈၃၊ ၂၉၀၊ ၃၅၈ နှင့် ၄၉၁ တို့တွင်ပါရှိသော ‘‘two hundred kyats’’ဆိုသည့်စကားရပ်ကို ‘‘twenty thousand kyats’’ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၂၄။ ရာဇသတ်ကြီးပုဒ်မ ၁၇၁-စ ၏ခြွင်းချက်ကို ပယ်ဖျက်ရမည်။

၂၅။ ရာဇသတ်ကြီးပုဒ်မ ၂၁၆ ပဉ္စမအပိုဒ်၌ပါရှိသော ‘‘extradition’’ ဆိုသည့်စကားရပ်ကို ‘‘extradition or the Mutual Assistance in Criminal Matters Law’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၂၆။ ရာဇသတ်ကြီးပုဒ်မ ၂၂၂ တတိယအပိုဒ်နှင့် ပုဒ်မ ၂၂၅ စတုတ္ထအပိုဒ် တို့တွင်ပါရှိသော ‘‘transportation for life or to transportation or imprisonment for a term of ten years or upwards;’’ ဆိုသည့်စကားရပ်ကို ‘‘imprisonment for a term of twenty years or imprisonment for a term of ten years which may extend to twenty years’’ ဆိုသည့်စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၂၇။ ရာဇသတ်ကြီး ပုဒ်မ ၃၃၅ တွင်ပါရှိသော ‘‘two thousand kyats’’ ဆိုသည့်စကားရပ်ကို‘‘two hundred thousand kyats’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၂၈။ ရာဇသတ်ကြီး ပုဒ်မ ၃၆၁ တွင်ပါရှိသော ‘‘under sixteen years of age if a female’’ဆိုသည့်စကားရပ်ကို ‘‘under eighteen years of age if a female’’ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

၂၉။ ရာဇသတ်ကြီးတွင်-

(က) ပုဒ်မ ၃၇၅ ၏ ပဉ္စမ၌ပါရှိသော ‘‘fourteen years of age’’ ဆိုသည့်စကားရပ်ကို‘‘sixteen years of age’’ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

(ခ) ပုဒ်မ ၃၇၅ ၏ ကင်းလွတ်ချက်၌ပါရှိသော ‘‘thirteen years of age’’ ဆိုသည့်စကားရပ်ကို‘‘fifteen years of age’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၃၀။ ရာဇသတ်ကြီးပုဒ်မ ၄၁၇တွင်ပါရှိသော ‘‘one year’’ ဆိုသည့်စကားရပ်ကို ‘‘three years’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၃၁။ ရာဇသတ်ကြီးပုဒ်မ ၁၇၁-ဇ ၏ခြွင်းချက်၊ပုဒ်မ ၄၂၈၊ ၄၃၅ နှင့် ၅၁၀ တို့တွင်ပါရှိသော ‘‘ten kyats’’ ဆိုသည့်စကားရပ်တို့ကို ‘‘one thousand kyats’’ ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။